By mmweather.ygn, on October 2nd, 2012
အောက်တိုဘာလ ၂ ရက်
မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်း
12W(GAEMI) သည် ဗီယက်နန်နိုင်ငံ၊ ဒါနန်းမြို့ အရှေ့ဘက် မိုင် ၄၆၀ ခန့်အကွာ
ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း
တောင်-အနောက်တောင်ဘက်သို့ တစ်နာရီ ၈ မိုင်နှုန်းခန့်ဖြင့်
ရွေ့လျားခဲ့ပါသည်။
အပူပိုင်းမုန်တိုင်း GAEMI သည် အပူပိုင်းမုန်တိုင်း အဆင့်မှ
အားကောင်းလာခြင်း မရှိပဲ အနောက်ဘက်သို့ ရွေ့လျားပြီး ၉၆ နာရီ
နောက်ပိုင်းတွင် ဗီယက်နန်နိုင်ငံ အရှေ့ဘက် ကမ်းခြေအား ဖြတ်ကျော်၍
ကုန်းတွင်းသို့ ဝင်ရောက်နိုင်မည်ဟု ကြိုတင်ခန့်မှန်းချက်များတွင်
တွေ့ရှိရပါသည်။