Headlines News :
Home » »  ဗီဒီယိုဇာတ်ကားများအား ရန်ကုန်တွင် ဖြန့်ချီချိန်နှင့် တစ်ပြိုင်နက်တည်း အင်တာနက်မှတစ်ဆင့် အခပေးဝင်ရောက်ကြည့်ရှုနိုင်မည့် အစီအစဉ်အား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပြည်တွင်းကုမ္ပဏီတစ်ခု ပူးပေါင်းဆောင်ရွက်မည်

 ဗီဒီယိုဇာတ်ကားများအား ရန်ကုန်တွင် ဖြန့်ချီချိန်နှင့် တစ်ပြိုင်နက်တည်း အင်တာနက်မှတစ်ဆင့် အခပေးဝင်ရောက်ကြည့်ရှုနိုင်မည့် အစီအစဉ်အား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပြည်တွင်းကုမ္ပဏီတစ်ခု ပူးပေါင်းဆောင်ရွက်မည်

Written By လွင့်မောင်မောင် on Thursday, October 4, 2012 | 3:57 PM

မြန်မာဗီဒီယိုဇာတ်ကားများအား ရန်ကုန်တွင် ဖြန့်ချီချိန်နှင့် တစ်ပြိုင်နက်တည်း အင်တာနက်မှတဆင့် အခပေးဝင်ရောက်ကြည့်ရှုနိုင်မည့်အစီအစဉ်ကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် ပြည်တွင်းကုမ္ပဏီတစ်ခုတို့ ပူးပေါင်းဆောင်ရွက်ရန် စီစဉ် လျက်ရှိသည်ဟု သတင်းရရှိသည်။ ယင်းသို့ စီစဉ်ရာတွင် ၀က်ဘ်ဆိုက် စတင်လွှင့်တင်ရာ၌ အခမဲ့ဝင်ရောက် ကြည့်ရှုခွင့်ပြုသွားမည်ဖြစ်ပြီး စမ်းသပ်ကာလပြည့်သွားပါက အခကြေးငွေဖြင့် ကြည့်ရှုနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။

''ကျွန်တော်တို့ မြန်မာဗီဒီယိုဇာတ်ကားတွေကို အင်တာနက်ကတစ်ဆင့် နိုင်ငံခြားမှာရှိတဲ့ မြန်မာတွေ အလွယ်တကူ ၀င်ရောက်ကြည့်ရှုနိုင်မယ့် အစီအစဉ်တစ်ခုလုပ်နေပါတယ်။ အခုလက်ရှိ အနေအထားအရဆိုရင်တော့ တရားဝင်မဟုတ်ဘဲ ကြုံတဲ့သူ က ထွက်လာတဲ့ မြန်မာဗီဒီယိုဇာတ်ကားကို အင်တာနက်တင်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီဇာတ်ကားတွေကိုပဲ Download လုပ်တာတွေ အများကြီးပါပဲ။
ကျွန်တော်တို့ အခုလို စနစ်တကျဖြစ်ဖို့လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံတကာမှာရှိနေတဲ့
 မြန်မာပရိသတ်တွေအနေနဲ့ မြန်မာဇာတ်ကားတွေကို ပုံမှန်ကြည့်ခွင့်ရမယ်။
 မြန်မာဇာတ်ကားထုတ်လုပ်သူတွေ အနေနဲ့လည်း ဈေးကွက်သစ် တစ်ခုတည်ဆောက်နိုင်ဖို့ပါ။ ဒီလို အခကြေးငွေရယူပြီး ကြည့်ရှုခွင့်မပြုခင်မှာ စမ်းသပ်ကာလအဖြစ် အခမဲ့ ကြည့်ရှုခွင့်ပြုမှာပါ။ မူပိုင်ခွင့်နဲ့ ပတ်သက်လို့ ညှိနှိုင်းဆောင်ရွက်ရမှာတွေအားလုံးကို ပူးပေါင်းဆောင်ရွက်မယ့် ကုမ္ပဏီနဲ့ ညှိနှိုင်းပြီးနေပါပြီ။
 ညှိနှိုင်းဆောင်ရွက်မယ့်အချက်အားလုံးကို မြန်မာဗီဒီယိုဇာတ်ကားထုတ်လုပ်သူတွေနဲ့
 တွေ့ဆုံညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားပါမယ်''ဟု ရုပ်ရှင်အစည်းအရုံးမှ အတွင်းရေးမှူးဦးဝင်းကြည်က ရှင်းပြခဲ့သည်။
အဆိုပါအစီအစဉ်ကို မကြာမီ စတင်သွားနိုင်ရန် စီစဉ်လျက်ရှိပြီး ပြည်ပဈေးကွက်ကိုသာ အဓိကဦးတည်ရည်ရွယ်ထားသည်ဟု သိရသည်။ မြန်မာဗီဒီယိုဇာတ်ကားများ ရန်ကုန်တွင် စတင်ဖြန့်ချီသည့်ရက်၌ အင်တာနက်တွင်တင်ကာ ကမ္ဘာ တစ်ဝန်းရှိ မြန်မာပရိသတ်များ ရန်ကုန်တွင်ဖြန့်ချိရက်နှင့် တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်ရန် စီစဉ်ခြင်းဖြစ်သည် ဟုသိရသည်။
''အခုလို စီစဉ်သင့်တာကြာပါပြီ။ မြန်မာဗီဒီယိုဇာတ်ကားတွေကို ရန်ကုန်မှာမဖြန့်ခင် နယ်ကို တစ်လကြိုဖြန့်ပါတယ်။ အဲဒီကနေတစ်ဆင့် နယ်စပ်ထွက်ပေါက်တွေကနေ အိမ်နီးချင်းနိုင်ငံတွေကို ရောက်သွားတာမျိုး၊ အဲဒီကတစ်ဆင့် အင်တာနက်ကို တင်လိုက်တာမျိုး၊ အင်တာနက်က Download ချလို့ရတာကို ရန်ကုန်မှာ ကြိုဖြန့်တာမျိုးတွေတောင် ရှိနေပါ တယ်။ အခုလိုမူပိုင်ခွင့်တွေကို ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကနေတစ်ဆင့် သီးသန့် ကိုင်တွယ်ဆောင်ရွက်သွားမယ်ဆိုတာ အကောင်းဆုံးပါပဲ။ တရားဝင် Download ရယူရင် ငွေဘယ်လောက်ပေးရမယ်၊ အဲဒီကရလာတဲ့ငွေကို ဘယ်လောက်ရာခိုင်နှုန်းနဲ့ ခွဲယူကြမလဲ၊ တရားမ၀င်ခိုးပြီးတင်တဲ့ ၀က်ဘ်ဆိုက်တွေကို ဘယ်လိုအရေးယူမလဲဆိုတာတွေ အတိအကျ သတ်မှတ်လိုက်ရင် အကောင်းဆုံးပါပဲ။
ဒါက ထုတ်လုပ်သူတွေအတွက် ဈေးကွက်သစ်တစ်ခုဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်''ဟုဗီဒီယိုထုတ်လုပ် သူတစ်ဦးက ရှင်းပြခဲ့သည်။
မြန်မာဗီဒီယိုဇာတ်ကားများအား အင်တာနက်တွင် အခပေး ၀င်ရောက်ကြည့်ရှုမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ဖြန့်ချီသူများကို အစည်းအဝေးခေါ်ယူကာ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။
အင်တာနက်တွင် တရားမ၀င်တင်နေသည့် ၀က်ဘ်ဆိုက်များကိုလည်း အသိပေးတားမြစ်မှုများကို ပြုလုပ်ရန်စီစဉ်ထားသည်ဟု သိရှိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template