Headlines News :
Home » » ပန်းဝါ က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း နဲ့  ရုပ်ပွား တော် တွေ ကို မွတ်ဆလင် တွေ မီးရှို့ 
ပန်းဝါ က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း နဲ့  ရုပ်ပွား တော် တွေ ကို မွတ်ဆလင် တွေ မီးရှို့ 
Written By လွင့်မောင်မောင် on Monday, October 1, 2012 | 3:50 PM
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းက Cox’s Bazaar မှာ အခု တနင်္ဂနွေနေ့ အစောပိုင်း ဒေါသဖြစ်နေကြတဲ့ ရာနဲ့ချီတဲ့ မူစလင် လူအုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အနည်းဆုံး ငါးကျောင်းနဲ့ အိမ်အချို့ကို မီးတင်ရှို့ခဲ့ကြပါတယ်။ Facebook လူမှုကွန်ယက်မှာ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဓာတ်ပုံတပုံကို ဗုဒ္ဓဘာသာဝင်တဦးက ဖော်ပြခဲ့တာမို့ မူစလင်တွေဘက်က ဒေါသဖြစ်ခဲ့ကြတာပါ။
မြန်မာနိုင်ငံနဲ့ နယ်ချင်းစပ် အဲဒီ Cox’s Bazaar မှာရှိတဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင် တဦးဟာ မူစလင်တွေ အထွဋ်အမြတ် ထားတဲ့ ကိုရမ်ကျမ်းစာကို မထေမဲ့မြင်လုပ်တဲ့ ဓာတ်ပုံ ဖော်ပြခဲ့တယ်လို့ အကြမ်းဖက်မှုမှာ ပါဝင်နေတဲ့ ဒေါသထွက်နေတဲ့ မူစလင်တဦးက ပြောပါတယ်။
နောက်ဆုံး ရ သတင်း တွေ အရ အောက်တိုဘာလ ၁ ရက် တနင်္လာ နေ့  မနက် အထိ ကော့ဘဇား
မှာ အခြေ အနေ တွေ ထပ် ဆိုးလာ ပြီး စစ်တကောင်း အရပ်  က ပေါ်တီယာ ဒေသ က ဘုန်းကြီး
ကျောင်း တွေ အပါ အ၀င် ၊ ဒိုင်းနက် လူမျိုး တွေ နေတဲ့ ဒေသ   က  လူနေ အိမ် ခြေ တွေ ကို လည်း
မီးရှို့ ဖျက် ဆီးခဲ့ တယ် လို့  သိရ ပါတယ်။
မီးရှို့ ဖျက်ဆီး ဖို့  လာတဲ့ လူတွေ ကို ရဲတပ် ဖွဲ့  က အသံ ချဲ  စက် နဲ့  နောက်ပြန် ဆုတ် ဖို့ သတိပေး
ခဲ့ ပေမယ့် ဂရုမစိုက် တာ ကြောင့် သေနတ် မိုး ပေါ် ထောင် ဖောက် ခဲ့ ရတယ် လို့  ဆို ပါတယ်။
ဆူပူ သောင်း ကျန်း သူ တွေ ကို ဖမ်းဆီးထား ပြီး တချို့  ဒေသတွေ မှာ လုံခြုံရေး အင်အား နည်းတာ
ကြောင့် အခြေ အနေ တွေ ဆက် လက် ဆိုး ရွား နိုင်တယ် လို့  ဒေသ ခံ ဗုဒ္ဓဘာသာ ၀င် တွေ က ယူ
ဆကြ ပါတယ်။
ဘင်္ဂလား ဒေရှ် နိုင်ငံ ၊ ကောဇ့် ဘဇား ခရိုင် ၊ ပန်းဝါ မြို့  မှာ  ဒေါသ ထွက် နေတဲ့ မွတ်ဆလင် လူ
အုပ် ကြီးက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၊ သိမ်  ၂ ခု နဲ့  လူနေ  အိမ် ခြေ ၂၀ ကျော် ကို
တိုက် ခိုက် ဖျက် ဆီး တယ် လို့  CNN သတင်း မှာ ဖော် ပြ သွား ပါတယ်။
လွန်ခဲ့ တဲ့ နှစ် ပေါင်း ၂၀၀ ကျော် ကတည်း က တည်ထား တဲ့  ဘုရား စေတီ ရုပ် ပွား တော် တွေ
ဖြစ်တဲ့ အပြင် မြန်မာ စစ်သူကြီး မဟာဗန္ဓုလ  ပန်းဝါ မြို့  နယ် ရာမားဂူနား ကို  စစ်ထွက် စဉ် မှာ
လာရောက် ဖူး မြော် ကြည်ညို ခဲ့ တဲ့   သမိုင်းဝင်း ဗုဒ္ဓ ရုပ်ပွား တော်တွေ ဖြစ်တယ် လို့  ကောဇ့် ဘဇား
မှာ နေ တဲ့ ရခိုင် လူမျိုး တစ်ဦး ဖြစ်တဲ့ ဦးဦးထွန်း က ပြော ပါတယ်။
ဒေါသ ထွက် နေတဲ့ မွတ်ဆလင် ဘာသာ ၀င်တွေ ဟာ စနေ နေ့  ညနေ က တည်း က ရာမူးမှာ
ဆူပူ ဖို့  စတင်လူစု ခဲ့ တာ ဖြစ်တယ် လို့  ကောဇ့်ဘဇား ရဲတပ် တပ်ဖွဲ့  က ဒုရဲ အုပ် Saleem Jahangir ကCNN သတင်းဌာန ကို ပြောပါတယ်။
အခုတော့ အခြေအနေ တွေ အားလုံး ထိမ်းသိမ်း ထား လိုက် နိုင် ပြီ လို့  ရဲတပ် ဖွဲ့  က ပြောပေမယ့်
အဲဒီ ဒေသ က ဗုဒ္ဓဘာသာ ၀င် တွေ က တော့ မွတ်ဆလင် ဘာသာ ၀င်တွေ ထပ် ပြီး ရန် ပြု နိုင် တယ်လို့  ဆို ပါတယ်။
ညသန်းခေါင်ယံ မတိုင်ခင် မှာ ဒေါသ ထွက် နေတဲ့ လူ အုပ်ကြီး က ဘုန်းကြီးကျောင်း  တွေ ၊ ဘုရား
ပဲ လို့  ဒေသခံ တစ်ဦးက ပြောပါတယ်။
ဘင်္ဂလား ဒေရှ် ပြည်ထဲ ရေး ၀န်ကြီး Mohiuddin Khan Alamgir က ဆူပူသောင်းကျန်း မှု ကြောင့်
ပျက် စီ ခဲ့ တဲ့ နေရာ တွေ ကို လာရောက် ကြည့် ရှု ခဲ့ ပါတယ်။
ဘင်္ဂလားဒေရှ် အစိုးရ က ချက် ခြင်း ပဲ ဒီကိစ္စ နဲ့  ပတ်သက် လို့  စုံစမ်း စစ်ဆေး ရေး ကော်မရှင် ဖွဲ့  စည်းခဲ့ ပြီး ဆယ် ရက် အတွင်း အစီ ရင်ခံ ဖို့  ညွှန်ကြား ထား ပါတယ်။
ဗုဒ္ဓဘာသာ ၀င် လူငယ် လေး ကတော့ Facebook မှာ ဒီဓာတ်ပုံ ကို တင်တာ သူ မဟုတ် ပဲ တစ်ယောက်ယောက် Tag လုပ်သွားတာ ဖြစ် ပြီး အခု တော့ သူ့  ရဲ့  Facebook လိပ်စာ ပါ မရှိ တော့ ဘူး လို့  ဆိုပါတယ်။ 
Share this article :
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ
Zawgyi Unicode Font
Download
Total Pageviews
ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ
Mandalay FM Live Radio
Mandalay FM Live Radio
လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ
Followers
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template