Headlines News :
Home » » မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို မနက်ဖြန်ည ပြန်ရောက်မည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို မနက်ဖြန်ည ပြန်ရောက်မည်

Written By လွင့်မောင်မောင် on Wednesday, October 3, 2012 | 10:58 PM

 
 မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ပတ်ကျော်ကြာ အမေရိကန်နိုင်ငံ ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီး ဒီကနေ့ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာမယ်လို့ သိရပါတယ်။

မနေ့က ခရီးစဉ်နောက်ဆုံး အဆုံး သတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ လော့စ်အိန် ဂျလိစ်မြို့မှာ မြန်မာနိုင်ငံသား ၃ ၊ ၄ ထောင်လောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီစနစ်လိုမျိုးနဲ့ တူညီနိုင်မှာ မဟုတ်ကြောင်း၊ နိုင်ငံတိုင်းဟာ မိမိတို့နဲ့ သင်လျော်မယ့် ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ရတာ ဖြစ်ကြောင်း၊ အဲဒီလို အကောင်အထည် ဖေါ်ရာမှာ အပေါ်ကနေ အောက်ကို စီးဆင်းတဲ့ ဒီမိုကရေစီ စနစ်မျိုး မဖြစ်သင့်သလို စစ်အစိုးရ လက်ထက်က ကြွေးကျော်ခဲ့တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဆိုတာမျိုးကိုလည်း မိမိအနေနဲ့ ကန့်ကွက်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ၂ ပတ်ကျော်ကြာ ခရီးစဉ်အတွင်း အမေရိကန် လွှတ်တော်က ပေးအပ်ချီးမြှင့်တဲ့ Congressional Gold Medal လွှတ်တော် ရွှေတံဆိပ်ဆု ကို လက်ခံယူခဲ့ပြီး အမေရိကန် လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ သွင်းကုန်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကိုလည်း ပယ်ဖျက်ပေးဖို့ အချိန်ရောက်နေပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သလို အမေရိကန်အစိုးရဖက်ကလည်း ပို့ကုန် ဆိုင်ရာ ပိတ်ပင်တားမြစ်ချက်တွေကို ဖယ်ရှားပေးလိုက်ပါတယ်။
ဒါ့အပြင် အထင်ကရ အမေရိကန် သတင်းစာတွေ၊ စီအန်အန်လို ရုပ်မြင်သံကြားဌာနတွေ အပြင် နာမည်ကြီး Harvard ၊ Yale ၊ Columbia တက္ကသိုလ်တွေမှာလည်း စကားပြောကြားခဲ့သလို အမေရိကန်နိုင်ငံ အရှေ့ပိုင်း အလယ်ပိုင်း နဲ့ အနောက်ပိုင်း ပြည်နယ်အတော်များများမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား မိသားစုတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲမှာ အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပမယ်လို့ အဖွဲ့ချုပ် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template