Headlines News :
Home » » ပြည်နယ်သစ် တစ်ခု ထူထောင်ခွင့် ရရေး ဆန္ဒပြမှု အိန္ဒိယတွင် ဖြစ်ပွား

ပြည်နယ်သစ် တစ်ခု ထူထောင်ခွင့် ရရေး ဆန္ဒပြမှု အိန္ဒိယတွင် ဖြစ်ပွား

Written By လွင့်မောင်မောင် on Wednesday, October 3, 2012 | 6:29 PM

 
(ဟိုက်ဒရာဘတ်၊ အောက်တိုဘာ ၁)
အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒေ့ရှ် ပြည်နယ်တွင် တာလန်ဂနာဟူသော ပြည်နယ်သစ် တစ်ခုထူထောင်ရေး ထောက်ခံသူများက အောက်တိုဘာလ ၁ ရက်နေ့က တစ်နေ့ တာလုံး ဆန္ဒပြခဲ့ကြသည်။ ပြည်နယ် ၂၈ ခုဖြင့် ဖွဲ့စည်း ထားသော အိန္ဒိယနိုင်ငံ၏ စတုတ္ထ မြောက် နယ်မြေ အကျယ်ဝန်းဆုံး ပြည်နယ် အန်ဒရာပရာဒေ့ရှ်တွင် တာလန်ဂနာ ပြည်နယ်သစ် တစ်ခု ထူထောင်ရေး ကြိုးပမ်း သူများနှင့် ပြည်နယ် ရဲတပ်ဖွဲ့များ စက်တင်ဘာ ၃ဝ ရက်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ကြောင့် ပြည်နယ်သစ် ထူထောင် ရေး ထောက်ခံ သူများက ယခုကဲ့ သို့ ဆန္ဒပြကြခြင်း ဖြစ်သည်။ လူဦးရေ သန်း ၄ဝ ပါမည် ဖြစ်သော အဆိုပြုထားသည့် တာလန်ဂနာ ပြည်နယ် အသစ် တွင် ဟိုက်ဒရာဘတ်မြို့ အပါအဝင် အန်ဒရာပရာဒေ့ရှ် ပြည်နယ်၏ ခရိုင် ၂၃ ခု တို့အား စုစည်းထားခြင်း ဖြစ်သည်။ အဆိုပါ ဒေသရှိ ဒေသခံ အများစုသည် ၄င်းတို့အား ခေတ် အဆက်ဆက် အစိုးရတို့က လျစ်လျူရှု ထားသည်ဟု ယုံကြည် ထားကြ သောကြောင့် သီးခြားပြည်နယ် တစ်ခု ထူထောင်ရေး အတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ ခန့် ကာလ ကတည်းက တောင်းဆိုခဲ့ ကြခြင်း ဖြစ်သည်။ တာလန်ဂနာ ပြည်နယ် ထူ ထောင်ရေး ကြိုးပမ်း သူများက ပြည်နယ်ရဲတပ်ဖွဲ့၏ ၄င်းတို့အပေါ် ဖိနှိပ်မှုကို ဆန့်ကျင်သည့် အနေဖြင့် ဆန္ဒပြကြခြင်းဟု ဆိုသည်။ ရဲတပ် ဖွဲ့၏ အဆိုအရ ထောင်ပေါင်းများ စွာသော လူအုပ်ကြီးက သီးခြား ပြည်နယ် ထူထောင်ရေး လှုံ့ဆော် ရာတွင် ဥပဒေနှင့် အမိန့်အာဏာ များကို ချိုးဖောက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့မှ တားဆီးရာ ဆန္ဒပြသူ များက ကျောက်ခဲများဖြင့် ပစ် ပေါက်ခြင်း၊ အကာအရံ များအား ဖျက်ဆီးခြင်းကို ပြုလုပ်လာသည်။ ထို့ကြောင့် လူစု ခွဲရန်အတွက် မျက် ရည်ယို ဗုံး သုံးခဲ့ရသည်ဟု ဆိုသည်။ ပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင် ၁၈ ဦးနှင့် ဆန္ဒပြသူ ၅ ဦး ထိခိုက်ဒဏ် ရာ ရရှိခဲ့ပြီး ရဲကားတစ်စီး ပျက်စီး ခဲ့ရသည်။ အန်ဒရာ ပရာဒေ့ရှ် ပြည်နယ် မှ တာလန်ဂနာပြည်နယ် သီးခြား ခွဲထွက်ရန် အတွက် မကြာမီ ခွင့်ပြု သွားမည်ဟု ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် ကွန်ဂရက် ပါတီ ကြီး မှူးသော အစိုးရက ကတိပြုခဲ့ သည်။ သို့ရာတွင် နောက်ပိုင်းတွင် ညှိနှိုင်းမှုများ ထပ်မံ လိုအပ်မည်ဟု ဆိုလာပြန်သည်။ တာလန်ဂနာ ပြည်နယ် သီးခြား ထူထောင်ရန် စတင် တောင်းဆို သည့် ၁၉၆၉ ခုနှစ် ပဋိပက္ခတွင် လူ ၄ဝဝ ထက်မနည်း သေကျေ ခဲ့ရပြီး လွန်ခဲ့သည့် ၃ နှစ်ခန့် မှစ၍ ခွဲထွက်ရေး လှုပ်ရှားမှု အားကောင်း လာပြီး ကျောင်းသူ တစ်ဦးမှာ တာလန်ဂနာ ပြည်နယ်သစ် ဖြစ်ပေါ် လာရေး ဆန္ဒပြသည့် အနေဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်ခဲ့ သည်။ သီးခြားပြည်နယ် ထူထောင်ရန် အဆိုပြုထားသည့် တာလန်ဂနာ ပြည်နယ်သည် အိန္ဒိယနိုင်ငံတွင် ဖွံ့ဖြိုးမှု အနောက်ကျဆုံး ဒေသဖြစ် သည်။
  Ref: BBC
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template