ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည်
မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ (MJU)နှင့်
မြန်မာနိုင်ငံစာနယ်ဇင်းကွန်ရက်(MJN)မှ အဖွဲ့ဝင်များအား စက်တင်ဘာ ၉ ရက်က
ရန်ကုန်မြို့၌ သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင်များဖြစ်သော
ဒေါ်အေးအေးဝင်း၊ ဦးဇော်သက်ထွေး၊ မြန်မာနိုင်ငံ စာနယ်ဇင်းကွန်ယက်မှ
ဦးမြင့်ကျော်၊ ဒေါ်တင်ဇာဇော်တို့အား ပြည်ထောင်စုဝန်ကြီးမှ
သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မီဒီယာလောကတစ်ခုလုံး ကိုယ်စားပြုနိုင်သည့်
စာနယ်ဇင်းကောင်စီ ဖြစ်ပေါ်လာစေရန် အဓိကဆွေးနွေးခဲ့ကြောင်းနှင့်
စာနယ်ဇင်းအားလုံးကို အကာအကွယ်ပေးနိုင်သော မီဒီယာဥပဒေပေါ်ပေါက်လာရေးကို
ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
''၀န်ကြီးအသစ်တစ်ယောက် အနေနဲ့ စာနယ်ဇင်းအဖွဲ့တွေကို တွေ့သင့်တယ်ထင်လို့
တွေ့ကြတာပါ။ အသက်မ၀င်ခဲ့တဲ့ အမြုတေစာနယ် ဇင်းကောင်စီကို All Inclusive
ဖြစ်အောင် မူဝါဒအသစ် ပြန်လည်ရေးဆွဲသွားမယ့်အကြောင်း ပြောပါတယ်။ အားလုံး
ဝေဖန်ဆွေးနွေးနိုင်တယ် ပြောပါတယ်''ဟု ကိုဇော်သက်ထွေးက ပြောပါသည်။
ဆက်လက်ပြီး ၎င်းက'' စာနယ်ဇင်းကောင်စီရှိမှ မီဒီယာသမားတွေ သတင်းယူတဲ့အခါ
အန္တရာယ်မရှိနိုင်မှာ။ မဟုတ်ရင် ၆၂ ဥပဒေနဲ့ငြိပြီး
တရားရုံးရောက်သွားနိုင်တယ်။ သတင်းယူတိုင်း တရားရုံးရောက်နေမယ်ဆိုရင်
မကောင်းဘူး။ ကြားခံအဖွဲ့စည်းအဖြစ် အမြုတေစာနယ်ဇင်းကောင်စီ ရှိသင့်ပါတယ်လို့
ဝန်ကြီးက ပြောသွားပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago