Headlines News :
Home » »  ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကခရီးစဉ် စက်တင်ဘာလ ၁၆ ရက်မှစတင်ပြီး ရက်ပေါင်း ၂၀ ကြာမြင့်မည်

 ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကခရီးစဉ် စက်တင်ဘာလ ၁၆ ရက်မှစတင်ပြီး ရက်ပေါင်း ၂၀ ကြာမြင့်မည်

Written By လွင့်မောင်မောင် on Thursday, September 13, 2012 | 8:08 AM


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိက ခရီးစဉ်မှာ စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာလ ၅ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကြာမြင့်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ပြောကြားချက်အရ သိရသည်။
''ခရီးစဉ်မှာ ဘယ်သူတွေ လိုက်ပါမယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ပြန်ရောက်မယ်'' ဟု ဦးအုန်းကြိုင်က ပြောပါ သည်။
အဆိုပါခရီးစဉ်တွင်  ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နှင့် ကိုယ်ရေးအရာရှိဖြစ်သူ ဒေါက်တာတင်မာအောင်တို့ လိုက်ပါသွားဖွယ်ရှိကြောင်းနှင့် ၎င်းတို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့ လိုက်ပါသွားဖွယ်ရှိကြောင်း  သိရသည်။
အဆိုပါခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ဝါရှင်တန်အခြေစိုက် National Endowment for Democracy တွင် စက်တင်ဘာလ ၂၀ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းနှင့် အမေရိကန်ပြည်ထောင်စုတွင် မြန်မာ အများဆုံးနေထိုင်သည့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ)သို့ လာရောက်ရန် အဆိုပါဒေသရောက် မြန်မာများက ဖိတ်ကြားထားကြောင်းလည်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template