ကမ္ဘာ့နာမည်ကြီး ကိုကာကိုလာ ကုမ္ပဏီက ပထမဆုံးအကြိမ်အဖြစ် ကိုကာကိုလာ
ဖျော်ရည်များ မြန်မာနိုင်ငံသို့ စတင်တင်ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကိုကာကိုလာ ကုမ္ပဏီအနေဖြင့် ပင်းယကုမ္ပဏီနှင့် ဖက်စပ်၍ မြန်မာနိုင်ငံ၌
စက်ရုံတည်ဆောက်ရေးအတွက် ဆောင်ရွက်နေကြောင်းလည်း သိရသည်။ ၃ နှစ်အတွင်း
အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားရန်ရှိပြီး အလုပ်အကိုင် ၂၀၀၀
ခန့် ဖန်တီးပေးနိုင်မည်ဟု ဆိုသည်။ ကိုကာကိုလာနည်းတူ ပက်စီကုမ္ပဏီကလည်း
မြန်မာနိုင်ငံ၌ ပက်စီဖျော်ရည်များ ပြန်လည် စတင်ရောင်းချရန်
ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ ပက်စီကုမ္ပဏီသည် မြန်မာနိုင်ငံ ဈေးကွက်၌
ဝင်ရောက်လုပ်ကိုင်နေရာမှ အမေရိကန်နှင့် အနာက်နိုင်ငံ များ၏ စီးပွားရေး
ပိတ်ဆို့သပိတ်မှောက်ရေး လှုပ်ရှားမှုများကြောင့် ပြန်လည် ရုပ်သိမ်းသွားသည့်
ကုမ္ပဏီ ဖြစ်သည်။ မကြာမီကာလ၌ မြန်မာနိုင်ငံ၌ ပြိုင်ဘက်
ကိုကာကိုလာကုမ္ပဏီနှင့် ပက်စီကုမ္ပဏီတို့အပြိုင် နေရာယူလာကြဖွယ် ရှိကြောင်း
၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင်
ဖော်ပြထားပါသည်။