ထိုင်းမိုးလေဝသဌာနမှ ယနေ့
စက်တင်ဘာလ ၁၀ ရက် နေ့လည် မြန်မာစံတော်ချိန် ၁၂၃၀ နာရီ ထုတ်ပြန်သည့်
မိုးလေဝသ မြေပုံတွင် Low Pressure Troud Line သည် မြန်မာနိုင်ငံ
တောင်ပိုင်း ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသနှင့် မွန်ပြည်နယ်
တနင်္သာရီမြောက်ပိုင်းတို့ကို ဖြတ်ကျော်ကာ ထိုင်း၊ ကမ္ဘောဒီးယားနှင့်
ဗီယက်နန်တို့ကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်အထိ သွယ်တန်း
ထိုးဆင်းနေခြင်းကို တွေ့ရပါသည်။
လာမည့် ၇၂ နာရီအထိ (စက်တင်ဘာလ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၀၉၃၀ နာရီအထိ) မိုးရွာနိုင်ခြေ ခန့်မှန်းချက်တွင် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းဒေသအပါအဝင် တောင်ပိုင်း တစ်ခုလုံးတွင် မိုးများနိုင်မည့် အခြေအနေဖြစ်ပါသည်။

| |
|
| ထိုင်းမိုးလေဝသဌာန TMD ၏ မိုးလေဝသ မြေပုံ(အပေါ်) | |
| |
|
| စက်တင်ဘာလ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၀၉၃၀ နာရီအထိ မိုးရွာသွန်းနိုင်ခြေ (အပေါ်ပုံ) ၂၄ နာရီ ရေကြီးမှု ဖြစ်နိုင်ခြေပြပုံ (အောက်ပုံ) | |
| |