Headlines News :
Home » » အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အမေရိကန်သံရုံးများအား ပြင်းထန်သောဆန္ဒပြမှုများဖြစ်ပွား။

အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အမေရိကန်သံရုံးများအား ပြင်းထန်သောဆန္ဒပြမှုများဖြစ်ပွား။

Written By လွင့်မောင်မောင် on Friday, September 14, 2012 | 6:57 AM

တမန်တော်မိုဟာမက်ကိုစော်ကားသောရုပ်ရှင်ဇာတ်လမ်းတိုအား အမေရိကန်နိုင်ငံတွင်အပျော်
တမ်းရိုက်ကူးခဲ့ပြီး ယူကျူ့ဝက်ဆိုက်စာမျက်နှာတွင်ဖေါ်ပြခဲ့ခြင်းကို မကျေမနပ်ဖြစ်နေသော
အစ္စလာမ်ဘာသာဝင်အများသည် ယနေ့ကြာသပတေးနေ့တွင် အီရန်၊အီဂျစ်၊ယီမင် မြို့တော်များရှိ
အမေရိကန်သံရုံးများတွင် ပြင်းထန်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။
ယီမင်နိုင်ငံမြို့တော် ဆနာမြို့ရှိ အမေရိကန်သံရုံးဂိတ်ပေါက်အား ဆန္ဒပြသူတို့ကျော်ဖြတ်ရန်ကြိုးစားကြစဉ်။
နယူးယောက်စံတော်ချိန်မနက် ၇နာရီ၊၃၄မိနစ်။ – ယီမင်နိုင်ငံမြို့တော် ဆာနာမြို့တွင် အစ္စလာမ်ဘာသာဝင်၅၀၀၀ကျော်ခန့်သည်အမေရိကန်သံရုံအားဆန္ဒပြရင်း ပြင်းထန်စွာတိုက်
ခိုက်ဖို့ကြိုးစားခဲ့ကြသည်။ ဆန္ဒပြလူငယ် ၁၀ယောက်ခန့်သည်လုံခြုံရေးရဲတို့ကိုကျော်ဖြတ်ပြီး အမေရိကန်သံရုံးဂိတ်ပေါက်အားချိုးဖျက်ရန်ကြိုးစားခဲ့သော်လည်း
လုံခြုံရေးရဲတို့မှ ပြန်လည်မောင်းထုတ်နိုင်ခဲ့သည်။ ဆန္ဒပြသူများပြင်းထန်လာမှုကြောင့်လုံခြုံရေးရဲများကမိုးပေါ်ထောင်သေနတ်ပစ်ပေါက်ခြင်း၊
မျက်ရည်ယိုဗုံးများဖြင့် တားဆီးခဲ့ရသည်။

နယူးယောက်စံတော်ချိန်မနက် ၅နာရီ၊၃၇မိနစ်။ – အီဂျစ်နိုင်ငံကိုင်ရိုမြို့တော်တွင် ဆန္ဒပြသူရပေါင်းများစွာက အမေရိကန်သံရုံးအား တမန်တော်မိုဟာကိုဆော်ကားထားသည့်ကားရုပ်ရှင်ဇာတ်လမ်းတိုအတွက် ဒုတိယနေ့မြောက်အဖြစ်ဆက်လက်ဆန္ဒပြခဲ့ကြသည်။ အဓိဂရုဏ်နှိမ်နှင်းရေးအဖွဲ့ဝင်တို့မှ မျက်ရည်ဗုံးခွဲ၍တားဆီးခဲ့ရသည်။
မွတ်ဆလင်သွေးစည်းညီညွတ်ရေးညီနောင်များအဖွဲ့မှ မနက်ဖြန်သောကြာနေ့တွင် တနိုင်ငံလုံးဝတ်ပြုဆုတောင်းပြီး
ဆန္ဒပြကြရန်လှုံဆော်ထားသည်။

နယူးယောက်စံတော်ချိန်မနက် ၆နာရီ၂၂မိနစ်။ – အီရန်နိုင်ငံမြို့တော်တီဟီရန်မြို့တွင် အမေရိကန်သံရုံးဖွင့်လှစ်မထားသော်လည်း အမေရိကန်နိုင်ငံကိစ္စဖြေရှင်းပေးသည့် ဆွစ်ဇာလန်နိုင်ငံသံရုံးရှေ့တွင် တက္ကသိုလ်ကျောင်းသားများဦးဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ လုံခြုံရေးရဲများစောင့်ကြပ်မှုကြောင့်အကြမ်းဖက်ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။

ယမန်နေ့က လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ္စတိုဖာ စတီဗင် အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့်နိုင်င်ငံအသီးသီးရှိ အမေရိကန်သံရုံးများအားလုံး အရေးပေါ်လုံခြုံရေးအဆင့် တိုးမြှင့်ထားရန် အမေရိကန်သမ္မတအိုဘားမားက အရေးပေါ်ထုတ်ပြန်ကြေညာလိုက်သည်။
Aung pan
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template