
ရန်ကုန် စက်တင်ဘာ(၁၄)
--------------------------
၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်၊ ဋ္ဌေးကြွယ်၊ ပြူံးချို၊ မာကီနှင့် သက်ဇော်တို့သည် စက်တင်ဘာလ၊(၁၅)ရက်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းတွင် ကျင်းပမည့် မြစ်ဆုံရေကာတာ စီမံကိန်း(၁)နှစ်ပြည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲသို့ တက်ရောက်ကြရန် စက်တင်ဘာလ(၁၄)ရက် နံနက်ပိုင်းက လေကြောင်းခရီးဖြင့် မြစ်ကြီးနားမြို့သို့ထွက်ခွာသွားကြရာ နံနက်(၀၉း၃၀)နာရီတွင်မြစ်ကြီးနားလေဆိပ်သို့ရာက်ရှိကြသည်။ ဆက်လက်၍ တည်းခို မည့်နဂါးနှစ်ကောင်ဟိုတယ်သို့ထွက်ခွာခဲ့ကြပြီးခေတ္တရပ်နားကာ နံနက်(၁၁း၀၀)နာရီတွင် မြစ်ဆုံသို့သွားရောက်ကြည့်ရှုလေ့လာကြသည်။ နေ့လည်စာကို အဆိုပါမြစ်ဆုံတွင်စားသုံးကြပြီး မြစ်ဆုံရှိ တန်ဖဲရွာ ရွာသူရွာသားများနှင့်တွေ့ဆုံခဲ့ကြကြောင်းသိရသည်။ ထိုသို့တွေ့ဆုံရာတွင် ကချင်ဒေသခံ တိုင်းရင်းသားခေါင်းဆောင် များနှင့်ဒေသခံ အဖွဲ့အစည်းအသီးသီးမှတာဝန်ရှိသူများ၊ ရန်ကုန်မြို့မှ အတူတကွရောက်ရှိလာကြသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများလည်း ပါဝင်ကြောင်းသိရသည်။