Headlines News :
Home » , » အစိုးရဖြေရမည့် မေးခွန်း ၁ဝဝ ကျော် ပြည်သူ့လွှတ်တော်တွင် ကျန်နေသေး

အစိုးရဖြေရမည့် မေးခွန်း ၁ဝဝ ကျော် ပြည်သူ့လွှတ်တော်တွင် ကျန်နေသေး

Written By လွင့်မောင်မောင် on Thursday, September 13, 2012 | 12:11 PM

ထမ အကြိမ် ပြည်သူ့ လွှတ် တော် စတုတ္ထ ပုံမှန် အစည်း အဝေး တွင် အစိုးရ အဖွဲ့မှ ဖြေရန် မေးခွန်း ၁၁၁ ခုနှင့် အဆို ၉ ခုကျန်ရှိ ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည်။ ”ကြယ်ပွင့်ပြ မေးခွန်း အနေဖြင့် ၅၅၅ ခု ရှိသည့်အနက် အစိုးရရုံး အဖွဲ့သို့ ပေးပို့ခဲ့သည့် မေးခွန်း ၄၂၉ ခု ရှိပါတယ်။ ၄င်းတို့ အနက် အသင့်ဖြစ် မေးခွန်း ၁၃၄ ခု ဖြေကြားပြီး မေးခွန်း ၁၅၉ ခု အစိုးရ အဖွဲ့ရုံးမှ ရရန်ကျန် မေးခွန်း ၁၁၁ ခုနဲ့ လွှတ်ေ တာ် မှ ဆောင်ရွက်ရန် မေးခွန်း တစ်ခု ဖြစ်ပါတယ်။ ကြယ်ပွင့် မပြ မေးခွန်း အနေနဲ့ မေးခွန်း အရေ အတွက် စုစုပေါင်း ၄၄၄ ခုရှိသည့် အ နက် ဖြေ ကြား ချက် ရရှိပြီး မေးခွန်း၂၆၆ ခုရှိပြီး အဖြေ မရရှိသေးသောမေးခွန်း ၁၅၉ ခုဖြစ်ပါတယ်” ဟု ဥက္ကဋ္ဌ က လွှတ်တော်တွင် ပြောကြား ခဲ့သည်။ ထို့ အပြင် ယခု အစည်းအဝေး တွင် အဆို အနေဖြင့် စုစုပေါင်း ၁ဝ၈ ခုရှိပြီး ယင်းအဆို များမှ အစိုးရ အဖွဲ့နှင့်သက်ဆိုင်သော အဆို ၉၆ ခုကိုပေးပို့ ခဲ့ ကာ ဆောင်ရွက်ဆဲ အဆို ၂၈ ခုနှင့် တင်သွင်းရန် အသင့်ဖြစ်နေသော အဆို ၁၅ ခု ရှိနေကြောင်း၊ သို့သော် အစိုးရ အဖွဲ့မှ ပြန်လည် ပေးပို့ရန် ကျန်ေ န သောအဆိုမှာ ၉ ခုရှိနေသေးကြောင်း သိရသည်။ ဥပဒေကြမ်းများတွင် တတိယအကြိမ် ပုံမှန်အစည်းအဝေး မှ မပြီးပြတ်ဘဲ ကျန်ရှိနေခဲ့သော ဥပဒေကြမ်း ၈ ခု၊ ယခု အစည်း အဝေး တွင် တင်သွင်း ထားသော ဥပဒေ ကြမ်း ၁၁ ခု၊ အမျိုးသား လွှတ်တော်မှ ဆွေးနွေးပြီး ပေးပို့လာသော ဥပဒေ ကြမ်း ၁၂ ခုနှင့် အမျိုးသား လွှတ်တော်မှ ပြန်လည် တောင်းယူ ၍ ဆွေးနွေး နေသော ဥပဒေကြမ်း ၁ ခုရှိနေသေး ကြောင်း သိရသည်။
”လွှတ်တော် မှာ ဆွေးနွေးနေတဲ့ အဆိုတွေ၊ မေးခွန်းတွေနဲ့ ဥပဒေကြမ်း တွေက အစိုးရ အဖွဲ့က လာပြီး မဖြေသေး တာတွေ ရှိနေ လို့ပါ။ အသင့် မဖြစ်သေးတာ လည်း ပါမှာပေါ့။ ဒီအစည်းအဝေး မှာ ပြန်ကြားရေး က ဒုဝန်ကြီး ဦး ရဲထွဋ်က စက်တင်ဘာ ၁ဝ ရက်မှာမှ ဖြေ ပေးပါ့မယ် ဆိုပြီး ပြော သွားတာ။ ဒါပေမဲ့ အစည်းအဝေး က နားလိုက် ပြီဆို တဲ့ ဟာမျိုးတွေ လည်း ရှိနေသေး တာကိုး။ ဥပဒေကြမ်းတွေ ကျတော့ ညှိနှိုင်း ရမယ့် ကိစ္စတွေ ဆို တော့ ကြာနေတာ လည်း ပါပါတယ်” ဟု ဒီချုပ် ကိုယ်စားလှယ် ဦးမင်းသူက အစည်းအဝေး ဆွေးနွေးချက် များနှင့် စပ်လျဉ်း ၍ပြောသည်။ လက်ရှိ အစည်း အဝေး ပြီး ဆုံးချိန်တွင် ပြည်ထောင်စု လွှတ်တော် သို့ အတည်ပြုရန် ပေးပို့ထားသော ဥပဒေကြမ်းနှင့် ကိုယ်စားလှယ် က တင်သွင်းပြီး သက် ဆိုင်ရာ ဌာနနှင့် အဖွဲ့အစည်း များ နှင့်တစ်ပေါင်း တည်း ဆွေးနွေးရန် ကျန်ရှိ နေသော ဥပဒေ များလည်း ရှိကြောင်း၊ ဆက်လက် ဆွေးနွေးခြင်း မပြု ဘဲ အသစ်ပြန်လည် ရေးဆွဲရန် ကျန်ရှိသော ဥပဒေ ကြမ်း တစ်ခုရှိ နေပြီး ပြည်သူ့ လွှတ်တော် မှ ဆွေးနွေးရန် ဆောင်ရွက် ဆဲ ဥပဒေကြမ်း စုစုပေါင်း ၂၃ခု ရှိကြောင်း သိရသည်။ ပထမ အကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးကို နှစ်လ အကြာ ကျင်းပခဲ့ပြီး  ယခုလ ၆ ရက်တွင် ပြီး ဆုံး ခဲ့သည်။ ပဉ္စမပုံမှန် အစည်းအဝေး ကိုမူ အောက်တိုဘာ တတိယ အပတ်တွင် ပြန်လည် ကျင်းပသွားမည် ဟု သိရသည်။
အောင်ထက်(NYK) 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template