Headlines News :
Home » » ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုရန် မီဒီယာများ တရားဝင်လျှောက်ထား ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုရန် မီဒီယာများ တရားဝင်လျှောက်ထား

ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုရန် မီဒီယာများ တရားဝင်လျှောက်ထား ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုရန် မီဒီယာများ တရားဝင်လျှောက်ထား

Written By လွင့်မောင်မောင် on Friday, September 14, 2012 | 8:52 AM

 ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုရန်အတွက် Eleven Media Group အပါအ၀င် မီဒီယာခုနစ်ခုမှ တရားဝင် လျှောက်ထားခဲ့ကြောင်း သိရပါသည်။ အဆိုပါလျှောက်ထားမှုကို စက်တင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှတစ်ဆင့် နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
လျှောက်ထားမှုတွင် ဒေါက်တာသန်းထွဋ်အောင် (Chairman & CEO, Eleven Media Group)၊ ဒေါက်တာ တင်ထွန်းဦး (CEO,MCMCo.,Ltd, The Myanmar Times Journal နှင့် မြန်မာတိုင်း(မ်)ဂျာနယ်)၊ ဦးသောင်းစုငြိမ်း (CEO & MD, Information Matrix Co.,Ltd, 7Days News ဂျာနယ်)၊ ဒေါ်ဝင်းကလျာဆွေ (CEO, Living Color Media, The Voice Weekly ဂျာနယ်)၊ ဒေါ်နန်းကလျာဝင်း (Chairperson & CEO, Asian Fame Media Group ပေါ်ပြူလာဂျာနယ်)၊ ဒေါက်တာခင်မိုးမိုး (MD စွယ်စုံမီဒီယာ၊ ပြည်မြန်မာ သတင်းဂျာနယ်)နှင့် ဦးဇော်မင်းအေး (Chair- man & CEO မိုးဆမ်းပန်းမီဒီယာ၊ The Messenger ဂျာနယ်) တို့က လက်မှတ်ရေးထိုး ခဲ့ကြသည်။ လျှောက်ထားမှုတွင် '(၁) မိမိတို့သည် အပတ်စဉ်ထုတ် ဂျာနယ်များကို ထုတ်ဝေနေသူများ ဖြစ်ကြပြီး သတင်းမီဒီယာ အလုပ်ကို ၁၀ နှစ် (သို့မဟုတ်) ၁၀ နှစ်အထက် လုပ်ကိုင်နေခဲ့ကြသူများ ဖြစ်ကြပါသည်။ (၂) ယခုအခါ နိုင်ငံတော်၏ ပြောင်းလဲလာသော နိုင်ငံရေးစနစ်နှင့် အညီ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ မဖြစ်မနေ လိုအပ်လာပါသဖြင့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေဖြင့်ဖြစ်စေ၊ မကြာမီ ပေါ်ထွက်လာမည့် မီဒီယာဥပဒေဖြင့်ဖြစ်စေ မိမိတို့အား ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုပေးပါရန် လျှောက်ထားအပ်ပါသည်။ (၃) မီဒီယာဥပဒေကို စာနယ်ဇင်း လောကသား အားလုံးအား ချပြ၍ လွှတ်တော်၌ အကျေအလည် ဆွေးနွေးပြီးမှ ပြဋ္ဌာန်းသင့်ပါသဖြင့် အချိန်များစွာ ယူရမည်ဖြစ်ရာ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရလည်း ယခင်က ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့် ရရှိဖူးသည့် သာဓကများရှိပါသဖြင့် ယခုလက်ရှိ ဥပဒေဖြင့်ပင် ထုတ်ဝေခွင့် ပြုသင့်ပါကြောင်း မိမိတို့ ထင်မြင်ယူဆ ကြပါသည်။ (၄) နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့်ပြုပါက အခြားအပတ်စဉ်ထုတ်များနှင့် မတူဘဲ ပုံနှိပ်စက်ပိုင်းဆိုင်ရာနှင့် ဖြန့်ချိရေးပိုင်းဆိုင်ရာ၌ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ရမည် ဖြစ်သလို အချိန်(၄)လမှ (၁)နှစ်ကျော်အထိ အချိန်ယူကြရမည်ဖြစ်ရာ ယခုအချိန်မှ စတင်၍ ထုတ်ဝေခွင့် ပေးအပ်ပြီး ပြင်ဆင်စေသင့်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။ ယခုအချိန်မှစ၍ စတင်ထုတ်ဝေခွင့်ပြုသည့်တိုင် အစောဆုံး ထုတ်ဝေနိုင်မည့် အချိန်ကာလမှာ ဇန်န၀ါရီလဆန်းမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်းနှင့် ထုတ်ဝေခွင့်ပြုပေးထားမှသာ ရင်းနှီးမြှုပ်နှံမှုများ ကို ရဲရဲဝံ့ဝံ့ လုပ်ကိုင်ရဲကြမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ (၅) သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် စာနယ်ဇင်းကဏ္ဍမှ ထိရောက်စွာ အကျိုးပြု ဆောင်ရွက်နိုင်ရန် အလို့ငှာ မိမိတို့အား ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့် ပြုပေးပါရန် လေးစာစွာ လျှောက်ထားအပ်ပါသည်။' ဟု ပါရှိခဲ့သည်။ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် စက်တင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ (MJU) နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကွန်ရက် (MJN) တို့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး မီဒီယာ လောကတစ်ခုလုံး ကိုယ်စားပြုနိုင်သည့် စာနယ်ဇင်းကောင်စီ ဖြစ်ပေါ်လာစေရန်နှင့် စာနယ်ဇင်းအားလုံးကို အကာအကွယ်ပေးနိုင်သော မီဒီယာဥပဒေ ပေါ်ပေါက်လာရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template