Headlines News :
Home » » ဗိုလ်မှူးချုပ် ကျော်ဇောအတွက် ပြည်တော်ပြန် ကန့်သတ်ချက် များသည် အစိုးရ၏ လက်တွေ့မကျသော အပြုအမူဟု သားဖြစ်သူ ဝေဖန်

ဗိုလ်မှူးချုပ် ကျော်ဇောအတွက် ပြည်တော်ပြန် ကန့်သတ်ချက် များသည် အစိုးရ၏ လက်တွေ့မကျသော အပြုအမူဟု သားဖြစ်သူ ဝေဖန်

Written By လွင့်မောင်မောင် on Thursday, September 13, 2012 | 1:01 PM


ဗိုလ်မှူးချုပ် ကျော်ဇော အား ရဲဘော် သုံးကျိပ်ဝင် တစ်ဦး အဖြစ်သာ ကန့်သတ် ဖိတ်ခေါ် ပြည်ဝင် ခွင့်ပြုခြင်းနှင့် မိသားစုဝင် အားလုံးအား ဖိတ်ခေါ်မှု မပြုခြင်း သည် အစိုးရ၏ လက်တွေ့မကျသော အပြုအမူဖြစ်ကြောင်း မြန်မာပြည် ပြန်လာခွင့် အတွက် ချန်လှပ်ခြင်းခံ ထားခဲ့ရသည့် သားဖြစ်သူ ဦးအောင်ကျော်ဇော က ဝေဖန် လိုက်သည်။ ထိုသို့ ပြည်တော်ဝင်ရေး အတွက် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ဗိုလ်မှူးချုပ် ကျော်ဇော၏ သမီး တစ်ဦးဖြစ်သူ ဒေါက်တာ လှကျော်ဇော ထံသို့ ဆက်သွယ် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ရဲဘော် သုံးကျိပ်ဝင်တစ်ဦး အဖြစ်သာ လက်ခံ အသိ မှတ်ပြုခြင်း ၊ အတူ လိုက်ပါ နိုင်သည့် မိသားစု များအဖြစ် သမီး ကြီး ဒေါက်တာ လှကျော်ဇောနှင့် သြစတြေးလျရှိ သမီး လတ် ဒေါ် စန်းကျော်ဇော တို့ နှစ်ဦး ကို သာ ခွင့်ပြု ခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။”အစိုးရ ဘက်က ရဲဘော် သုံးကျိပ်ဝင် ဆိုတဲ့ သမိုင်း အကန့်လေး တစ်ခု တည်း နဲ့ လက်ခံတယ် ဆိုတာ လက်တွေ့မကျပါဘူး။ ရိုးသားမှု တကယ် ရှိတယ်ဆိုရင်၊ ပြန်လည် ပေါင်းစည်း ချင်တယ် ဆိုရင် ဒီလို မသတ်မှတ် သင့် ပါဘူး”ဟု ၄င်းက ပြောသည်။
ဗိုလ်မှူးချုပ် ကျော်ဇော အနေ ဖြင့် မြန်မာ့ လွတ်လပ်ရေး သမိုင်းတွင် ရဲဘော် သုံးကျိပ်ဝင် အဖြစ် သာမက ဗမာ့ တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူး အထိ စွမ်းစွမ်း တမံ ထမ်းဆောင်ခဲ့ပြီး ၁၉၅၄၊ ၅၅ ခုနှစ် များ တွင် ရန်ကြီးအောင်၊ ဘုရင့်နောင် စစ်ကြောင်း များဖြင့် ကူမင် တန် တရုတ် ဖြူ တပ် များ ကျူးကျော်မှု ကို ဦးဆောင် တိုက်ခိုက်ခဲ့ သူဖြစ်သည်။ ၁၉၅၇ ခုနှစ် ဧပြီလ တွင် ဗမာ့ တပ်မတော်မှ အနားပေးခြင်း ခံရကာ ၁၉၇၆ တွင် ဗမာပြည် ကွန်မြူနစ် ပါတီ အခြေစိုက် တရုတ် နယ်စပ် သို့ မိသားစုနှင့် အတူ ထွက်ခွာ သွားခဲ့ ခြင်း ဖြစ်သည်။
”ဒါလူတိုင်း သိနေတာပဲ။ ငြင်းပယ်လို့ မရပါဘူး။ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ဆိုတာ ကြာလှပြီ မရှိတော့တာ။ တိုင်းပြည်ရဲ့ ခေါင်းဆောင် တစ်ယောက်၊ ပြည်သူတွေ ရဲ့ ခေါင်းဆောင် တစ်ယောက် ကို ပြည်သူတွေပဲ ပိုင်တာ။ အစိုးရ အနေနဲ့ ဒီအရွယ် ဒီအဘိုးကြီး ဘယ်လိုပုံစံနဲ့ လာလာ လက်ခံ တယ် ပြောရမှာပါ။ တကယ်လို့ ရဲဘော်သုံးကျိပ် သာ မဟုတ်ဘူး ဆိုရင် လက်မခံဘူး လား”ဟု ဦးအောင်ကျော်ဇောက မေးခွန်းထုတ်သည်။
ယင်းသို့ ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်၍ ဒေါက်တာ လှကျော်ဇောအား ဧရာဝတီသတင်းဌာန မှ ဆက်သွယ်၍ မေးမြန်း ခဲ့သည့် အင်တာဗျူး တစ်ခု တွင် သူမက”အစိုးရ အနေနဲ့ တိုင်းပြည်ကြီးကို  တကယ် ပဲချစ်တယ်။ တကယ် တည်ဆောက် ချင်တယ်ဆိုရင်တော့ အယူဝါဒ မရွေး၊ လူမျိုး မရွေး၊ ဘာသာမရွေး ပေါ့။ ပြန်လာ ချင်တဲ့ သူပြန်လာခွင့် ပြုရမယ်။ အခု ဖေဖေ့ကို ပြန်ခေါ် တာတောင် ကျွန်မတို့ မိသားစု ဝင် တွေ အကုန် မခေါ် ဘူး ။ ဖေဖေ့ မှာ သားသမီး သုံးယောက် ရှိတယ်။ မြေး ခုနစ်ယောက် ရှိတယ်။ အကုန်ပြန် မခေါ်ဘူး။ ဦးအောင်မင်း ပြောတာက အဘ ဦးကျော်ဇော ကို အနီးကပ် ပြုစုဖို့ သမီးနှစ်ယောက် ကို လိုက်ပါ ခွင့်ပြုတယ် လို့ပဲ ပြောတာလေ။ ကျွန်မမောင် ကိုအောင်ကျော်ဇော လည်းမပါဘူး။ အဲဒီလို အကန့် အသတ်တွေ နဲ့ တော့ တိုင်းပြည် ကြီးကို အမျိုးသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ အတွက်တော့ သိပ် မသင့်တော် ဘူး ထင်တယ်” ဟု ဖြေခဲ့ သည်။
ဗိုလ်မှူးချုပ် ကျော်ဇော အား ဒေါက်တာ လှကျော်ဇော နှင့်အတူ အနီးကပ် ပြုစု စောင့်ရှောက် မှုပြုနေ ခဲ့သော သားဖြစ်သူ ဦးအောင်ကျော်ဇော အနေဖြင့်မူ သူ၏ ဖခင်ကို အမှီပြု၍ နိုင်ငံရေး အရ အသုံးမချ သင့်ကြကြောင်း၊ ၄င်းအပြင် အဆိုပါ ကိစ္စ များနှင့် ပတ်သက်၍ ကွန်မြူနစ် ပါတီ အနေဖြင့် ပြောရန် အခွင့် မရှိကြောင်း ဆိုသည်။ ၄င်းအနေဖြင့်မူ ပြည်တွင်း စစ် မီးမလောင် တော့ဘဲ ပြည်သူများ ၏ ဘဝ အမှန် တကယ် လွတ်မြောက် ချိန်မှ သာ တိုင်းပြည်သို့ ပြန်လာ မည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။ ”ဒါ ကျွန်တော် မသွားရလို့ ပြောတာ မဟုတ်ပါဘူး။ အဖေ့ ကို လိုက်ပို့ချင်ပို့မယ်။ ဒါပေမဲ့ ကျွန်တော် တစ်ဦးချင်း အနေနဲ့တော့ အခုလို ရှုပ်ယှက်ခတ်နေတဲ့ အချိန် မှာ ပြန်စရာအကြောင်းမရှိပါဘူး။ လက်ရှိ ဗမာပြည်ရဲ့ အပြောင်းအလဲ ကို မယုံကြည်သေး လို့ပါ။ ပြည်သူ့ ဘဝ တကယ်ရော လွတ်မြောက်ပြီ လား။ တကယ်ရော ထမင်းငတ် တာတွေ လုံလောက်ပြီလား။ ပြည် တွင်းစစ်မီးမလောင်တော့ဘူး။ တိုင်းပြည်လည်း တိုးတက်ပြီဆိုရင် ဘယ်သူမှ အသိအမှတ်ပြုစရာမလို ပါဘူး။ ကိုယ့် အထုပ် ကိုယ်ကိုင်ပြီး မူဆယ် အပေါက်ဝ ကနေ ပြန်လာ လိုက်မယ်”ဟု ၄င်းက ပြောသည်။
၎င်းအနေဖြင့် အသက် ၁၈ နှစ်မှစ၍ နိုင်ငံရေး လုပ်ကိုင်ခဲ့ပြီး ယခု ၆၄ နှစ်အရွယ်အထိ မြန်မာ နိုင်ငံသား အယုတ် အလတ် အမြတ်မရွေး မည်သူ့ ကိုမဆို ၄င်းတို့၏ အခက် အခဲနှင့် ပြဿနာ များကို ကူညီပေးနေဆဲ ဖြစ်ကြောင်းနှင့် ယုံကြည်ရာ ကိုသာ လုပ်ခဲ့ခြင်းဖြစ် ကြောင်း ထပ်လောင်း ဆို ပါသည်။ ”တိုင်းပြည်ကို ဖျက်ဖို့ လုပ်ခဲ့တာ မဟုတ်ဘူး။ တိုင်းပြည်ကောင်း မယ်ထင်လို့ ပျော်စရာကောင်းတဲ့ လူငယ် ဘဝကို စွန့်ပြီး မိသားစု အလိုက် ကွန်မြူနစ် အလံတော် အောက်ကို ဝင်ခဲ့တာ။ မဖြစ်ခဲ့တာ ကတော့ မတတ်နိုင်ဘူး။ ကောင်း အောင်လုပ်ချင်လို့ လာခဲ့တာပဲ။ တိုင်းပြည်ကောင်းပြီ ဆို ပြန်ခဲ့မှာပါ။ ဘယ်သူမှ ခေါ်စရာတောင် မလိုပါ ဘူး”ဟု ဦးအောင်ကျော်ဇောက  ပြောသည်။ လက်ရှိ အခြေ အနေ များသည် ဗိုလ်မှူး ချုပ်ကျော်ေ ဇာ ကူမင်း ဆေးရုံတွင် တက်ရောက် ကုသစဉ် ရွှေတိဂုံ ဘုရားဖူးချင်သည်ဟု ပြောခဲ့ ရာမှ အစပြုခဲ့ပြီး အဆိုပါ အချက် မှာလည်း ဗိုလ်မှူး ချုပ် ကျော်ဇော ကွယ်လွန် ချိန် မှသာ ဖော်ပြစေ လို ခဲ့ကြောင်း ၄င်းက ရှင်းပြ သည်။
”မီဒီယာကို ဘာလို့ ကျွန်တော် ပြောခဲ့လဲ ဆိုတော့ ဖေဖေ ကွယ်လွန်ချိန်မှာ ကွန်မြူနစ် တစ်ယောက် အနေ နဲ့ သေခဲ့တယ် ဆိုတာမျိုး မဖြစ်စေ ချင် ဘူး။ ဖေဖေ က တိုင်းပြည်ရယ်၊ တပ်မတော် ရယ်၊ သူ့ပြည်သူရယ် ကို တကယ် ချစ်တယ်။ ပြီးတော့ ဖေဖေ က ဗုဒ္ဓဘာသာကို နက်နက် ရှိုင်းရှိုင်း သက်ဝင် ယုံကြည်သူ တစ်ယောက် ပါ။ သူ့ရဲ့ တကယ့်နောက်ဆုံး ဆန္ဒက ဗုဒ္ဓဘာသာဝင် ကောင်းတစ်ယောက် ရဲ့ စွန့်ခွာခြင်း မျိုးနဲ့ ဘဝ ကို အဆုံး သတ်သွားချင်တာပါ။ ရွှေတိဂုံ ဘုရားဖူးချင်တဲ့ အကြောင်းကိုလည်း ဖေဖေကွန်လွန်မှသာ ဖော်ပြဖို့ ပြောခဲ့တာပါ”ဟု ၄င်းက ဆိုသည်။ ဗိုလ်မှူး ချုပ်ကျော်ဇော သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ တည်ထောင် ခဲ့သော တပ်မတော် တွင် တိုင်းပြည်နှင့် လူမျိုးအား ထိပါးသော ကျူးကျော် ရန်သူ များအား နှိမ်နင်းခဲ့ ပြီး တိုင်းရင်းသား များနှင့် ဖြစ်ပွား သည့် ပြည်တွင်းစစ် ကာလ အင်းစိန် တိုက်ပွဲမှ လွဲ၍ ပြည်တွင်း ငြိမ်းချမ်းရေး ကိုလိုလားသော ပုဂ္ဂိုလ် တစ်ဦးဖြစ် ကြောင်း ၄င်း၏ ဖခင် နှင့်ပတ်သက်၍ ဦးအောင်ကျော်ဇောက ပြောသည်။ ၄င်း အနေဖြင့်မူ ဖခင်၏ နောက်ဆုံး ဆန္ဒ အရ မြန် မာပြည် ကို ဘုရားဖူး ရန် အတွက် ခွင့်ပြုပါက လိုက်ပို့ခြင်းမှ လွဲ၍ လတ်တလော တွင် ပြန်လိုသည့် စိတ်ကူးမရှိ သေးကြောင်းကို ” ပြန်မယ့် စိတ်ကူး မရှိသေး ပါဘူး။ အဓိက က သွေးချင်းတွေ၊ KIA တို့ လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့တဲ့ ကချင် တွေ၊ ကရင်တွေ သူတို့အားလုံး သူတို့ ဒေသတွေ မှာ ပျော်ပျော် ရွှင်ရွှင်နဲ့ ပြန်နေရတဲ့ အချိန်မှာ ပြန်လာမယ်”ဟု သူ၏ ဆန္ဒ ကို ဆိုခဲ့သည်။
ဦးအောင်ကျော်ဇော သည် မိသားစုနှင့်အတူ လက်ရှိတွင် တရုတ်-မြန်မာနယ်စပ် တွင် နေထိုင် ကာ မြန်မာ့နိုင်ငံရေး စောင့်ကြည့်ဝေဖန် သူ တစ်ဦး အဖြစ် ရပ်တည်နေပြီး တိုင်းရင်းသား များ တန်းတူညီတူ နေထိုင်ရေး၊ ငြိမ်းချမ်းရေး နှင့် လွတ်လပ် တရားမျှတရေး တို့အတွက် ကူညီဆောင် ရွက်ပေးနေ သူတစ်ဦး  ဖြစ်ကြောင်း သိရသည်။
အောင်ခွန်းဆက်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template