Headlines News :
Home » » နိုင်ငံပိုင်လယ်မြေကျူးကျော်မှုဖြင့် ရွာသား ၁၂၅ဦး ကို နေပြည်တော် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှဆင့်ခေါ်

နိုင်ငံပိုင်လယ်မြေကျူးကျော်မှုဖြင့် ရွာသား ၁၂၅ဦး ကို နေပြည်တော် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှဆင့်ခေါ်

Written By လွင့်မောင်မောင် on Thursday, September 13, 2012 | 6:50 PM


နေပြည်တော်၊စက်တင်ဘာ၊၁၃
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်မှ နိုင်ငံတော်ပိုင်လယ်၊ယာမြေများကို ကျူးကျော်နေထိုင်မှုဖြင့် ရွာသား၆၃ဦးအပါအ၀င် အသက်၁၈နှစ်ပြည့်ပြီးသူမိသားစုဝင်များကို
အမှုရင်ဆိုင်ရန်ယနေ့နံနက် ၁၀း၃၀ အချိန်တွင် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှ ဆင့်ခေါ်ထားကြောင်းသတင်းရရှိသည်။
ဆင့်ခေါ်စာပေးပို့ခံရသူ ရွာသားမှာ၆၃ဦးရှိပြီး ထိုဆင့်ခေါ်ခံရသောရွာသားများနှင့် အတူနေထိုင်ပြီးအသက်၁၈နှစ်ပြည့်ပြီသူအပါအ၀င် တရားစွဲဆိုခံရသောဦးေ၇မှာ ၁၂၅ ဦးရှိကြောင်းသတင်းရရှိသည်။
“ကျွန်တော်တို့ တရားစွဲခံရသူတစ်ဦးကို အာမခံဖို့ဆိုပြီး လူနှစ်ဦးလိုက်ရတယ်။ဒီတော့ တရားစွဲခံရတာက ၁၂၅ ဦး
အာမခံလိုက်ပေးရတာက ၂၅၀ ဦး စုစုပေါင်း ၃၇၅ဦး လာရမှာဗျ။လောလောဆယ်တော့ တက်နိုင်သူတွေက ဘတ်စ်ကားနဲ့သွားတာရှိသလို
ဘတ်စ်ကားခမတက်နိုင်လို့၁၅မိုင်လောက်ခရီး ခြေလျှင်လျှောက်နေကြသူတွေလဲရှိတယ်။
ဆန္ဒပြတာတော့မဟုတ်ပါဘူး။သူတို့ဆင့်ခေါ်လို့လာကြတာပါ။" ဟုရွှေခဲအင်းကျေးရွာအုပ်စုနေသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ဒက္ခိဏသီရိမြို့နယ်မှ ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ တစ်ဦးအသွားအပြန်ကားခမှာ တစ်ထောင်
နီးနီးရှိ၍မိသားစုဝင်သုံးဦးလာလျှင်ကားခသုံးထောင်ကျပ်၊အာမခံ ပေးသူနှစ်ဦးစီအတွက်
လမ်းစရိတ်ပါပေါင်းလျှင်လမ်းစရိတ် ခြောက်ထောင်ကျပ်ကုန်ကျမည်ဟု၎င်းကဆက်ပြောသည်။
တရားရုံးသို့ဆင့်ခေါ်ခံရသော အဆိုပါ ရွာသားများအား ယခုနှစ်၊ဇွန်လအတွင်းက တရားစွဲဖူးကာ ထိုအမှုကိုပင် သြဂုတ်လအတွင်း ပလပ် အမှုအဖြစ်သတ်မှတ်ခဲ့သည်။
စွမ်းရဲထွဋ်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template