Headlines News :
Home » , » ကလို့ထူးဘောအဖွဲ့မှ ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့အား တာဝန်မှရပ်ဆိုင်း

ကလို့ထူးဘောအဖွဲ့မှ ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့အား တာဝန်မှရပ်ဆိုင်း

Written By လွင့်မောင်မောင် on Wednesday, September 12, 2012 | 9:00 AM


ရန်ကုန်၊ စက်တင်ဘာ-၁၁

ကလို့ထူးဘောကရင်အစည်းအရုံး (KKO)၏ ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့မှာ ပြည်ပနိုင်ငံသား ခံယူထားကြသဖြင့် အဖွဲ့အစည်းအနေဖြင့် တရားဝင်ရှေ့ဆက်နိုင်ရန် အဟန့်အတားဖြစ်နေခြင်း၊ အဖွဲ့အစည်း၏ မူဘောင်များကို ကျော်လွန်လုပ်ဆောင်နေကြခြင်းတို့ကြောင့် တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း ကလို့ထူးဘောကရင်အစည်းအရုံး နာယက၊ ဒီကေဘီအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)က စက်တင်ဘာ ၁၁ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ကလို့ထူးဘောကရင်အစည်းအရုံးအနေနှင့် နိုင်ငံတော်မှ အသိအမှတ်ပြု အသင်းအဖွဲ့/ပါတီအနေဖြင့် မှတ်ပုံတင်ရန် လိုအပ်နေသော်လည်း အသင်းဥက္ကဋ္ဌ မန်းရောဘတ်ဘဇန်နှင့် အထွေထွေအတွင်းရေးမှူး ဦးသောမတ်(ခ)ဦးဂုဏ်အောင်တို့နှစ်ဦးမှာ ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသောကြောင့် အခက်ကြုံတွေ့နေရကြောင်း ဗိုလ်ချုပ်စောလားပွယ်က ဆိုသည်။

ထို့အပြင် စက်တင်ဘာ ၈ ရက်တွင် ဒီကေဘီအေရှေ့တန်း စခန်းဌာနတစ်ခုဖြစ်သော ဆုံဆည်းမြိုင်ကျေးရွာအတွင်း အထက်ပါ ပုဂ္ဂိုလ်နှစ်ဦး တာဝန်ခံပြုလုပ်သည့် လူထုရွေးချယ်တင်မြှောက်ပွဲ၌ ခိုက်ရန်ဖြစ်ပွားခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ စက်တင်ဘာ ၉ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် အစည်းအဝေးပွဲတစ်ခုအား အဖွဲ့က တားမြစ်နေသည့်ကြားမှ ၄င်းတို့သဘောဖြင့် တက်ရောက်ရန် ထွက်ခွာသွားခြင်းတို့ကြောင့် ယခုကဲ့သို့ တာဝန်မှ ရပ်စဲရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကလို့ထူးဘောကရင်အစည်းအရုံးသည် ကလို့ထူးဘောတပ်ဖွဲ့မှ အခြေခံ၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်စောလားပွယ်မှာ တပ်နှင့်ပါတီအကြား သဘောထားမျှတစေရန် ထိန်းသိမ်းလာခဲ့ကြောင်း၊ သို့သော် ကလို့ထူးဘောကရင်အစည်းအရုံး၏ အချို့ကိစ္စရပ်များတွင် မိမိအား တိုင်ပင်ခြင်းမရှိဘဲ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာရပ်များအား တာဝန်မခံနိုင်တော့သည့် အခြေအနေများကြောင့် KKO ၏ ဥက္ကဋ္ဌဖြစ်သူ မန်းရောဘတ်ဘဇန်နှင့် အထွေထွေအတွင်းရေးမှူး ဦးသောမတ်(ခ)ဦးဂုဏ်အောင်တို့အား တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ဗိုလ်ချုပ်စောလားပွယ်ကိုယ်တိုင် လက်မှတ်ရေးထိုး ကြေညာခဲ့သည်။

7Day News Journal  
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template