မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့တွင် ကျင်းပခဲ့သည့် ၁၁ကြိမ်မြောက်
အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး ပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက်
ဒေသစံတော်ချိန် ၁၁:၅၀ နာရီ တွင် ASEM Village တွင်ကျင်းပခဲ့ပါသည်။
အဆိုပါထိပ်သီးအစည်းအဝေးမှ အာရှ-ဥရောပဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ
Ulaanbaatar Declaration on ASEM into the Third Decade ကို
ထုတ်ပြန်ခဲ့ပါသည်။ (
http://www.asem11.mn/?p=6176&lang=en)
ပိတ်ပွဲအခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပရာ
ထိပ်သီးအစည်းအဝေးဥက္ကဌ မွန်ဂိုလီးယားသမ္မတ H.E.Tsakhiagiin Elbegdorj၊
ဥရောပကောင်စီ ဥက္ကဌ Mr. Donald Tusk ၊ ဥရောပကော်မရှင် ဥက္ကဌ Mr. Jean Claude
Juncker ၊ အာဆီယံ ညှိနှိုင်းရေးမှူး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဥရောပသမဂ္ဂ ညှိနှိုင်းရေးမှူး
ဆလိုဗက်ဝန်ကြီးချုပ် H.E. Robert Fico တို့ တက်ရောက် ခဲ့ပါသည်။
Ministry of Foreign Affairs Myanmar