Headlines News :
Home » , » Miss Tanintharyi Region 2016 အလှမယ် ခြူးသိမ့်မြတ်နိုး

Miss Tanintharyi Region 2016 အလှမယ် ခြူးသိမ့်မြတ်နိုး

Written By Live100 on Sunday, May 8, 2016 | 10:43 PM


Dawei Watch၊ ထားဝယ်၊ မေ ၈
Miss Golden Land Tanintharyi Region 2016 သရဖူအား ခါးနံပတ် ၁၅ ၊ ခြူးသိမ့်မြတ်နိုး မှ ဆွတ်ခူးရရှိခဲ့သည်။
မေလ ၇ ရက် ညက ထားဝယ်မြို့ Royal Palace ခန်းမတွင် ကျင်းပသည့် အဆိုပါရွေးချယ်ပွဲတွင် ထားဝယ်မြို့နယ်မှ ၅ဦး၊ မြိတ်မြို့နယ်မှ ၇ ဦး ၊ သရက်ချောင်းမြို့နယ် ၃ဦး၊ လောင်းလုံးမြို့နယ်မှ ၃ဦး ၊ရေဖြူမြို့နယ်မှ ၁ဦး နှင့် ကော့သောင်းမှ ၁ဦး စုစုပေါင်း ၂၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြကြသည်။
 “အခုလိုမျိုး ဆုရလာတော့ ကိုယ့်တိုင်းဒေသကို ကိုယ်စားပြုဖို့ တာဝန်ပေးလိုက်ပြီလေ၊ ပိုကောင်းအောင် တာဝန်ရှိသွားလို့ ပိုကြိုးစားသွားမှာပါ”ဟု တနင်္သာရီတိုင်းကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ခံရသည့် ခြူးသိမ့်မြတ်နိုးက ပြောသည်။
ယင်းပြိုင်ပွဲတွင် First Runner Up ဆုကို ခါးနံပတ်(၉) ၊ ပိုးဝသုန်ကျော် နှင့် Second Runner Up ဆုကို ခါးနံပတ်(၄) နော်သွယ်သွယ်ထူး တို့က အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
Miss Tanintharyi Region 2016 သရဖူ ရရှိခဲ့သည့် တနင်္သာရီတိုင်း ကိုယ်စားပြု အလှမယ် ခြူးသိမ့်မြတ်နိုးသည် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကိုယ်စားပြုအလှမယ်များ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရမည့် Miss Golden Land Myanmar 2016 ပြိုင်ပွဲတွင် တနင်္သာရီတိုင်း ကိုယ်စားပြု အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template