Headlines News :
Home » » ငါးနှစ်အတွင်း လျှပ်စစ်တစ်ယူ နစ် တစ်ရာကျပ် ဖြစ်ရမည်ဟု တနင်္သာရီ ဝန်ကြီးချုပ် အာမခံ

ငါးနှစ်အတွင်း လျှပ်စစ်တစ်ယူ နစ် တစ်ရာကျပ် ဖြစ်ရမည်ဟု တနင်္သာရီ ဝန်ကြီးချုပ် အာမခံ

Written By Live100 on Sunday, May 8, 2016 | 10:36 PM


|Dawei Watch| ထားဝယ်၊ မေ ၈
လျှပ်စစ်မီး တစ်ယူနစ် ဈေးနှုန်း အစိုးရဈေး၏ ဆယ်ဆအထိ ဈေးကြီး ပေးနေရသော တနင်္သာရီတိုင်း ဒေသကြီးတွင် ငါးနှစ်အတွင်း လျှပ်စစ်မီး တစ်ယူနစ် ကျပ် ၁၀၀ ဖြင့်ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က အာမခံ လိုက်သည်။
နိုင်ငံခြားရောက်နေသည့် ရွှေ့ပြောင်း လုပ်သားများ နေရပ်ပြန်လာရန်အတွက် အလယ်အလတ်တန်းစား လုပ်ငန်းများ ဖြစ်ထွန်းလာစေရေး အဓိက လိုအပ်နေသည့် လျှပ်စစ် ဓာတ် အားကို အထက်ပါ ဈေးနှုန်းဖြင့် ရရှိ အောင် လုပ်ဆောင် မည်ဖြစ်ကြောင်း ၎င်းက တနင်္သာရီအပတ်စဉ်သို့ ပြောဆိုလိုက်ပြီး အသေးစိတ် အချက်အလက်များ ထုတ်မပြောခဲ့ပေ။
 “အစီအစဉ်တွေက အများကြီးပဲ။ ကြံစည်ထားတာတွေ။ အခုလောလော ဆယ်တော့ ပြောလို့ မရသေးဘူး”ဟု ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။
လျှပ်စစ်သုံးစွဲခ ဈေးကြီးခြင်း ကြောင့် တနင်္သာရီတိုင်းတွင် မည်သူမျှ ရင်းနှီးမြှပ်နှံမှု ပြုရဲကြမည် မဟုတ်ကြောင်း ၎င်းကဆိုပြီး ကျေးလက်ဒေသများ၊ လျှပ်စစ်ကွန်ရက် မဆက်သွယ် နိုင်သည့်နေရာများကို မည်သို့ မည်ပုံ လုပ်ဆောင်မည်၊ တိုင်းဒေသကြီး တစ်ခုလုံးကို မည်၍ မည်မျှ လွှမ်းခြုံနိုင်မည်၊ မည်သည့်နည်းလမ်းဖြင့် လုပ်ဆောင်မည် စသည်တို့ကိုမူ အသေးစိတ် ပြောဆိုခြင်း မရှိသေးပေ။
လျှပ်စစ်တစ်ယူနစ်၏ ထုတ်လုပ်မှုနှုန်း ထားမှာ ပျမ်းမျှ ၁၅၀ ကျပ်ဖြစ် သောကြောင့် တစ်ရာကျပ် နှုန်းဖြင့် ပေးရန်မှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မဖြစ်နိုင် ကြောင်း ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီမှ ဒေါက်တာဝင်းထိန်က ဆိုသည်။
“တစ်ယူနစ်တစ်ရာကတော့ မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး။ ဒါပေမယ့် အရမ်းခက်လိမ့်မယ်။ Plan (အစီ အစဉ်)တွေ မှန်ဖို့လိုတယ်”ဟု ဒေါက်တာဝင်းထိန်က ပြောသည်။
ပြည်ထောင်စုအစိုးရ၏ မူဝါဒများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြောင်းလဲပြီး တန်းတူ နှုန်းထားဖြင့် ပေးမည်ဆိုပါက ဖြစ်နိုင်နိုင်သော်လည်း ထိုနည်းလမ်းမှာ ရေရှည် ပံ့ပိုးနိုင် မည် မဟုတ်ကြောင်း ဒေါက်တာ ဝင်းထိန်က ဆိုသည်။
လျှပ်စစ် ဓာတ်အား ရရှိရေး တောက်လျှောက်လှုပ်ရှားခဲ့သော သဘာဝသယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီ(တနင်္သာရီ) ၏ မူဝါဒမှာ သဘာဝဓာတ်ငွေ့ဖြင့် လျှပ် စစ် ဓာတ်အားကို တစ်နိုင်ငံလုံး တန်းတူ ရရှိရေးဖြစ်ပြီး ကျောက်မီးသွေး ဖြင့် ပေးမည် ဆိုပါက လက်ခံမည် မဟုတ်ကြောင်း ထိုကော်မတီမှ ဦးဇော်သူရက ဆိုသည်။
ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများတွင် ရရှိနေသော နှုန်းထားမှာ အိမ်သုံး တစ်ယူနစ် ၃၅ ကျပ်ဖြစ်သည်။
သဘာဝသယံဇာတ အကျိုးခံစား ခွင့် ရရှိရေး ကော်မတီတွင် အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လည်း ပါဝင်သည်။
 “ဘယ်လို အခက်အခဲ ရှိတယ်ဆို တာကို ပွင့်ပွင့်လင်းလင်းချပြစေချင် တယ်။ ကော်မတီက ကူညီဖို့ အဆင် သင့် ရှိပါတယ်”ဟု မှ ဦးဇော်သူရက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးသို့ မဟာ ဓာတ်အားလိုင်း ရောက်ရှိရန် အတွက် စတင်လုပ်ဆောင်ချိန်မှ အချိန် ၂နှစ်ကြာမြင့်နိုင် ကြောင်း ယခင်အစိုး ရလက်ထက်က လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဒုဝန်ကြီးဟောင်း ဦးအောင်သန်းဦးက ပြောဆိုခဲ့ဖူးသည်။
“လုပ်မယ်ဆိုရင် အခုကတည်းက စသင့်နေပြီ။ အစိုးရသက်တမ်းထဲ မှာရ အောင်ဆိုရင်”ဟု ဒေါက်တာ ဝင်းထိန်က ပြောသည်။
မဟာဓာတ်အားလိုင်း ရောက်ရှိလာ ပါကလည်း တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးကို လွှမ်းခြုံနိုင်မည်မဟုတ်ဘဲ ထားဝယ်ခရိုင် ကိုသာ ပေးနိုင်မည် ဖြစ်သည့်အတွက် အခြားဒေသများ အ တွက်လည်း နည်းလမ်းများကို စဉ်းစား ရန်လိုအပ်သည်။
ပြီးခဲ့သည့် အစိုးရသက်တမ်းက ရွှေ့ပြောင်းလုပ်သားများ ပြန်လည် ရောက်ရှိလာရေးအတွက် အခြေခံ လုပ်အပ်ချက် နှစ်ခုဖြစ်သည့် လမ်းနှင့် မီးတွင် လမ်းတစ်ခုသာ အောင်မြင် သည်ဟု ယခင်အစိုးရ တာဝန်ရှိသူ များက ပြောဆိုခဲ့ဖူးသည်။
တနင်္သာရီတိုင်း နေရာအများ အပြားတွင် လျှပ်စစ်မီး တစ်ယူနစ် ကျပ်သုံးရာဝန်းကျင်ဖြင့် အသုံးပြုနေရပြီး အချို့ ကျေးလက် ဒေသများတွင် တစ်ယူ နစ် ကျပ်၇၀၀ အထိ ပေးဆောင် နေရသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template