Dawei Watch| ထားဝယ်၊ မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊
ထားဝယ်ခရိုင်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို မေလ ၉ ရက်နေ့မှ စတင် ၍
မြို့နယ်အလိုက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်သင်တန်းများစပေးနေပြီဖြစ် သည်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ပြန်လည်ရွေးချယ်ရန်
သမ္မတရုံးက စာထုတ်ပြန်ထားသော်လည်း တနင်္သာရီတိုင်းအထွေထွေအုပ်ချုပ်ေ ရးဦးစီးဌာနက
ပြန်လည်မရွေးချယ်တော့ဟု ဧပြီလကုန်က ပြောဆိုခဲ့ပြီးနောက်ပိုင်း
ယင်းသို့သင်တန်းများစပေးခြင်ြး ဖစ်သည်။
“ခုတက်လာတဲ့ရပ်ကွက်အုပ်ချုပ်ရေး မှူးအသစ်တွေကို
အုပ်ချူပ်ရေးသဘောတရားနဲ့ ပက်သက်တဲ့ ပညာတွေရသွားအောင်၊ လုပ်ငန်းစွမ်းဆောင်ရည်တွေမြင့် မားလာအောင်
စတဲ့ရည်ရွယ်ချက်တွေနဲ့ သင်တန်းပို့ချတာပါ” ဟု ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက
ပြောသည်။
သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖွဲ့စည်းပုံ၊
ရည်မှန်းချက် နှင့် လုပ်ငန်းတာဝန်များ ၊ ခေါင်းဆောင်မှုပညာ ၊ တရားဥပဒေစိုးမိုးရေးနှင့်
ရပ်ရွာအေးချမ်းသာယာရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊
ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ေ ရးဥပဒေ၊ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေ ၊ ပြန်ကြားရေး
နှင့် စာကြည့်တိုက် စသည့်ဘာသာရပ် များကိုသက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ
သင်ကြားပို့ချနေကြောင်း ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
ထားဝယ်ခရိုင်အတွင်း ၄ မြို့နယ်တွင်
ရပ်/ကျေးအုပ်ချုပ်ရေးမှူးပေါင်း ၁၇၄ ဦးရှိပြီး မြို့နယ်အလိုက် သက်ဆိုင်ရာမြို့နယ်
အုပ်ချုပ်ရေးမှူးရုံးများတွင် မေလ ၂၀ ရက်နေ့အထိ သင်တန်းပို့ချ ပေးလျက်ရှိကြောင်း
သိရသည်။
Dawei Watch