မေလ တတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း၌ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်သည့် အခြေအနေဆက်လက် ဖြစ်ပေါ်နေဆဲ
မေလ(၁၂) ရက်၊ နံနက် ဝ၆း၃ဝ တွင် ရရှိသည့် အချက်အလက်များအရ မေလ(၁၄)ရက်
မွန်းလွဲပိုင်းတွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် အားကောင်းလာသည့်
လေထုမငြိမ်မသက်ခြင်းများမှ အစပြုပြီး သီရိလင်္ကာကျွန်းအနောက်တောင်ဘက် 6.21°
N, 85.55° E ၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း၊ ဗဟိုဖိအား
1004hPa ရှိပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ဝင်ရောက်လာနိုင်ဘွယ်ရှိကြောင်း
တွေ့ရပါသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းနှင့်
အပြိုင် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ဘွယ်ရှိကြောင်း၊
မေလ(၂၁)ရက် ညပိုင်းတွင် အားကောင်းသည့်
ဆိုင်ကလုန်းမုန်တိုင်းအဆင့်(ဗဟိုဖိအား 992hPa သို့ ကျဆင်းပြီး၊
ဗဟိုလေတိုက်နှုန်း 90 to 100 knots)သို့ ရောက်လာနိုင်ကြောင်း တွေ့ရပါသည်။
***** ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းချက်ဖြစ်ပြီး
ဤခန့်မှန်းချက်အတိုင်း အမှန်တကယ် ဖြစ်ပေါ်လာခြင်း ရှိ/မရှိကို ဆက်လက်
စောင့်ကြည့်တင်ပြပေးသွားပါမည်။
***** မုန်တိုင်းဖြစ်ပေါ်နိုင်မည့် ကာလ မတိုင်မီ
မိုးလေဝသပညာရှင်ကြီးများနှင့် မြန်မာနိုင်ငံ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေငြာချက်များကိုလည်း
ဤရက်ပိုင်းအတွင်း အထူး(အထူး)ဂရုစိုက်စောင့်ကြည့်ကြပါရန်
ကြိုတင်အသိပေးတင်ပြအပ်ပါသည်။
MMweather Page