Headlines News :
Home » » ထားဝယ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက် ၁၅ ဦးသေဆုံး၊ ဒါဇင်ချီ စိုးရိမ်ရဆဲ

ထားဝယ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက် ၁၅ ဦးသေဆုံး၊ ဒါဇင်ချီ စိုးရိမ်ရဆဲ

Written By Live100 on Saturday, March 26, 2016 | 5:18 PM

photo - Waiphyo Waiphyo (Facebook)


photo - Waiphyo Waiphyo (Facebook)

 ထားဝယ်၊ မတ် ၂၄
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ လက်ခတ်တောင်ဘုရားဖူးအဖွဲ့ကို တောင်ပေါ်ပို့ဆောင်ပေးသည့် မြေသယ်ကားတိမ်းမှောက်ခဲ့ရာ ၁၅ ဦး သေဆုံးခဲ့ပြီး လူဒါဇင်ချီ အသက်အန္တရာယ် စိုးရိမ်ရဆဲဖြစ်ကြောင်း လောင်းလုံးမြို့မရဲစခန်းနှင့် ထားဝယ်ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးထံမှ သိရသည်။
တိမ်းမှောက်ရာတွင် လိုက်ပါလာသည့်ခရီးသည် ၆၀ ဦးအနက် ပွဲချင်းပြီး ၉ ဦးသေဆုံးခဲ့ပြီး လောင်းလုံးမြို့နယ် ဆေးရုံအရောက်တွင် ၂ ဦးထပ်မံသေဆုံးခဲ့ကာ ထားဝယ်ဆေးရုံကြီးထံသို့ သယ်ဆောင်လာရာလမ်းတွင် ၁ ဦးနှင့် ထားဝယ်ဆေးရုံကြီးတွင် ၃ ဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့မရဲစခန်းထံမှ သိရသည်။
“ပီပါပုံး ​တောင်​​ပေါ်က လှိမ့်​ချသလိုမျိုး အသံ သုံးချက်​ကြားလိုက်​ရတယ်​ ဖြစ်​ဖြစ်​ချင်းမှာကို ၉ ​ယောက်​​လောက်​​သေ​နေပြီး”ဟု  အထက်ပါ ကျောက်ခွဲသမားက ပြောသည်။
၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် လက်ခတ်တောင်ပေါ်သို့ ဘုရားဖူးများပို့ဆောင်ပေးနေသည့် လက်ခတ်တောင်ဘုရားလမ်း ပြုပြင်တည်ဆောက်ရေးအဖွဲ့မှ မြေသယ်ကားသည် တောင်ပေါ်မှ အဆင်းတွင် ဂီယာပြုတ်ကာ အရှိမ်မထိန်းနိုင်ဘဲ လမ်းညာဘက်ကို ထိုးကျတိမ်းမှောက်ပြီး ကမ်းပါးကို ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့မရဲစခန်းထံမှ သိရသည်။
“လူနာတော်တော်များများက အရိုးကျိုးကြတာများတယ်။ ပြီးတော့ ရင်ဘတ်နဲ့ ဦးခေါင်းဒဏ်ရာရတဲ့သူတွေများတယ်” ဟု ထားဝယ်အထွေထွေရောဂါကုဆေးရုံကြီးမှ ခေတ္တတာဝန်ခံ ဒေါက်တာဇော်မြင့်က ပြောသည်။
ထားဝယ်ဆေးရုံကြီးသို့ ၅၁ ဦးရောက်ရှိလာပြီး ၁ ဦးမှာ ထားဝယ်ဆေးရုံမရောက်မီပင် သေဆုံးခဲ့ကာ ဆေးရုံတွင် ၃ ဦးထပ်မံသေဆုံးခဲ့သည်ဟု ဒေါက်တာဇော်မြင့်က ဆိုသည်။
လောင်းလုံးမြို့မရဲစခန်းက ယာဉ်ပေါ်ပါလာသူဦးရေမှာ ၆၀ ရှိသည်ဟု ဆိုသော်လည်း လောင်းလုံးဆေးရုံတွင် သေဆုံးသူ ၁၁ ဦးနှင့် ထားဝယ်ဆေးရုံသို့ ရောက်ရှိလာသူမှာ ၅၁ ဦးရှိသောကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ စုစုပေါင်း ဦးရေ မှာ ၆၂ ဦးရှိနေသည်။
လက်ရှိသတင်းရေးသားနေသည့်အချိန် မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီအထိ ရရှိထားသည့်သတင်းများအရ ထားဝယ်ဆေးရုံကြီးတွင် ဒဏ်ရာရရှိသူ ၃၆ ဦးကျန်ရှိသေးကြောင်း သိရသည်။
ယင်းဒဏ်ရာရရှိသူ ၃၆ ဦးတွင် ၁၂ ဦးစိုးရိမ်ရကြောင်း ထားဝယ် အထွေထွေရောဂါကုဆေးရုံကြီးထံမှ သိရသည်။
သေဆုံးသူများနှင့် ဒဏ်ရာရသူများတွင် ညောင်ဇင်ကျေးရွာမှ ၃၀ ဦး၊ လောင်းလုံးမြို့ပေါ်ရပ်ကွက်များမှ ၁၁ ဦးနှင့်ေ ဆးဖြတ်ကုန်းရွာ၊ညင်းမော်၊ ရောင်းမော်၊ ပိန်းတော၊ သရက်ချောင်းမြို့ ပေါ်နှင့် ပဲခူးတိုင်းတို့မှ ၁၀ ကျော် ပါဝင်ကြောင်းသိရသည်။
ယင်းယာဉ်တိမ်းမှောက်မှုမှ ယာဉ်မောင်းဖြစ်သူလည်း ဒဏ်ရာရရှိထားပြီး ၎င်းအား လောင်းလုံးမြို့မရဲစခန်း၏ ယာဉ်(ပ) ၁၂/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ အရ အမှုဖွင့်ထားကြောင်း လောင်းလုံးမြို့နယ် ရဲစခန်းထံမှ သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template