Headlines News :
Home » » NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ ဦးဆောင်ကော်မတီ ဖွဲ့စည်း

NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ ဦးဆောင်ကော်မတီ ဖွဲ့စည်း

Written By Live100 on Saturday, March 26, 2016 | 9:27 PM



၂၀၁၆ မတ် ၂၄ ရက်မှ ၂၆ နေ့အထိ မြန်မာ အစိုးရ နှင့် NCA တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသား လက်နက် ကိုင် တပ်မတော် ၈ ခု မှ ထိပ်သီးခေါင်းများ ထိုင်းနိုင် ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ တွေ့ဆုံ ဆွေးနွေးကြသည် ။


RCSS/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး စိုင်းလှ
NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုး သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့၏ ထိပ်သီးအစည်းအဝေးတွင် တက်လာမည့် NLD အစိုးရ သစ်နှင့် ငြိမ်းချမ်းအရေးအတွက် ၊ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် ပြင်ဆင်ခြင်း နှင့် NCA စာချုပ်လက် မှတ်မရေးထိုးသေးသည့် ကျန်ရှိတပ်ဖွဲ့များ နှင့် မည်သို့ လက်တွဲ အကောင် အထည် ဖေါ်မည်စသည်တို့ ဆွေးနွေးကြသည်ဟု သိရသည် ။


“ ကျနော်တို့က လုပ်ငန်းတွေကို ပူးတွဲ တာဝန်ယူနိုင်ဖို့ ဘယ်လိုလုပ်ဆောင် မလဲ ၊ အရေးပေါ် လုပ်ငန်း ပေါ်ပေါက်လာရင် ပူးတွဲဖြေရှင်းနိုင်ဖို့ ကျနော်တို့ Coordinating Team ဖွဲ့ထားတယ် ။ ဒါပေမဲ့ဒီ အဖွဲ့က အားလုံးမခြုံငုံနိုင်ဘူး ။ အဲဒီ့ထက်ပိုထိရောက်အောင် ဦးဆောင်အဖွဲ့ဖွဲ့တယ် ၊ နောက်တခု က NCA စာချုပ်မှာပါတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် ဘယ်လို လုပ်ဆောင်မလဲ စတာတွေ ပြင်ဆင်တယ်။ ဆွေးနွေးတယ် ။ ” - ဟု ထိပ်သီး အစည်းအဝေး တက်ရောက်သည့် RCSS/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး စိုင်းလှ က ပြောသည် ။


ထို့အတူ NCA စာချုပ်လက်မှတ်မထိုးသေးသည့် တပ်ဖွဲ့များနှင့်ဝင်ထွက် ဆက်ဆံဖို့ ကော်မတီ တရပ်လည်း ဖွဲ့စည်းထားသည်ဟုဆိုသည် ။


အဆိုပါ ဖွဲ့စည်းထားသည့် ကော်မတီသည် NCA စာချုပ်လက်မှတ်မထိုးသေး သည့် တပ်ဖွဲ့များ အများစု ပါဝင်သည့် UNFC နှင့် လာမည့်မတ် ၂၇ ရက်နေ့ တွင် တွေ့ဆုံဆွေးမှု ရှိသည်ဟု သိရသည် ။


NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ဒုတိယ အကြိမ်မြောက် ထိပ်သီးအစည်းအဝေး သို့ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) ၊ ကရင် အမျိုးသား အစည်းအရုံး / ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေး ကောင်စီ (KNU / KNLA-PC) ၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO) ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/ SSA) တို့ တက်ရောက်ကြသည် ။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template