Headlines News :
Home » » သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာန ဝန်ကြီးတာဝန်ယူမည်လို့ သူရဦးအောင်ကိုပြော

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာန ဝန်ကြီးတာဝန်ယူမည်လို့ သူရဦးအောင်ကိုပြော

Written By Live100 on Wednesday, March 23, 2016 | 10:21 PM


သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ့် သူရဦးအောင်ကို ကိုတွေ့ရစဉ်။ Photo: RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ခွင့်ရတဲ့အခါ ကျရာ တာဝန်ထမ်းဆောင်ပေးဖို့အတွက် ဒေါ်အောင်ဆန်းစု ကြည်က ပြီးခဲ့တဲ့ ၂ နှစ်ကျော်လောက် ကတည်းက လွှတ်တော်ထဲမှာ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ အစိုးရသစ် ဝန်ကြီးအဖွဲ့မှာ ပါဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် သူရဦးအောင်ကို က ပြောပါတယ်။

ဒါ့အပြင် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်ရက်ပိုင်းက ညှိုနှိုင်းခဲ့တာဖြစ်တယ် လို့လည်း သူရဦးအောင်ကိုက ပြောပါတယ်။

"ဒီတာဝန်က လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကာလတည်းက လွတ်တော်ထဲမှာ အမကြီးဒေါ်အောင်ဆန်းစုကြည်က မကြာခဏပြောပါတယ်၊ အနာဂတ်မှာ သူတို့ပါတီအောင်မြင်ပြီးအနိုင်ရခွင့်ရတဲ့အခါမှာ လိုအပ်တဲ့နေရာကဏ္ဍကနေ ဦးအောင်ကို ပူးပေါင်းဆောင်ရွက်ပေးပါ၊ ဦးအောင်ကို ရဲ့အတွေ့အကြုံတွေက တိုင်းပြည်တွက်လိုအပ်ပါတယ်လို့ ကြိမ်ဖန်များစွာပြောခဲ့တာရှိပါတယ်၊ အခုပေါ့လေ၊ ကြိုတင်ပြီး ညှိုနှိုင်းခဲ့သလိုပဲ၊ ကျရာ အခန်းကဏ္ဍကနေ အမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့မေတ္တာရပ်ခံချက်ကို ပံ့ပိုးပေးခြင်းဖြစ်ပါတယ်၊ အမကြီးဒေါ်အောင်ဆန်းစုကြည် ရဲ့တာဝန်ပေးချက်အရ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးတာဝန်ကို ထမ်းဆောင်ဖြစ်ပါတယ်"

သူရဦးအောင်ကိုဟာ စစ်အစိုးရလက်ထက်က သာသနာရေးဝန်ကြီးဌာနကို ဒုတိယဝန်ကြီး အဖြစ် ၁၁ နှစ်ကျော် ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မဲဆန္ဒနယ်မြေကနေ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်အရွေးချယ်ခံ ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။

နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးစီးပွားအတွက် အခြားပါတီတွေနဲ့လည်း လက်တွဲဆောင်ရွက်သွား မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဖွဲ့စည်း ပုံစည်းမျဉ်းအရလည်း ဒီတာဝန်ကို လက်ခံ တာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်ရဲ့ အစိုးရဝန်ကြီးခန့်အပ်ဖို့ လျာထားတဲ့စာရင်းထဲမှာ သူရဦးအောင်ကိုအပြင် အမ်းမြို့နယ် မဲဆန္ဒနယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေလည်း ပါဝင်ပါတယ်။

သူရဦးအောင်ကိုဟာ အရင်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမှာ သာမန်ပါတီဝင်တစ်ဦး သာဖြစ်ပြီး ပါတီရဲ့သီးသန့် တာဝန်ထမ်းဆောင်နေတာ မရှိဘူး လို့ ပြောပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template