
ချိုးဖြူဆရာတော်ကြီး ရှင်အဂ္ဂသာရ သက်တော် ၉၂နှစ်၊ ဝါတော် ၁၃ ဝါ သည် ယနေ့(၂၁.၃.၂၀၁၆) တနင်္လာနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် မင်္ဂလာဒုံစစ်ဆေးရုံ၌ ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်းသိရသည်။
ချိုးဖြူဆရာတော် ရှင်အဂ္ဂသာရ ၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်လောင်းအား တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူတောင်စံကျောင်းတွင် အပူဇော်ခံထားရှိမည်ဖြစ်ပြီး သဂ်ြင်္ိုဟ်မည့်ရက်နှင့် အချိန်အား သီးခြားထုတ်ပြန်ပေးသွားမည်ဟု ကနဦးသတင်းရရှိသည်။
ရှင်အဂ္ဂသာရ (ခေါ်)အဖေကြီးဦးအေးဖေ MA.BLသည် မြန်မာစာကထိက(ငြိမ်း)၊ ဂျပန်နိုင်ငံ ဧည့်ပါမောက္ခဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
Yangon Media Group