Headlines News :
Home » » အန်စီအေ လက်မှတ်ထိုးသည့်အဖွဲ့နှင့် မထိုးသည့်အဖွဲ့ ဆက်လက်ဆွေးနွေးမည်

အန်စီအေ လက်မှတ်ထိုးသည့်အဖွဲ့နှင့် မထိုးသည့်အဖွဲ့ ဆက်လက်ဆွေးနွေးမည်

Written By Live100 on Saturday, March 26, 2016 | 1:35 PM


တနိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့  ၃ ရက်တာ ထိပ်သီးစီးဝေးပွဲပြီးရင်တော့ လက်မှတ်မထိုးသေးတဲ့အဖွဲ့နဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ အစည်းအဝေး တက်ရောက်လာတဲ့  ကေအန်ယူ ဗဟိုကော်မတီဝင် ပဒို စောသမိန်ထွန်းက ပြောပါတယ်။
အစိုးရ သစ်လက်ထက်မှာ ဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ (အန်စီအေ) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ  ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဆွေးနွေးနေကြပါတယ်။
ဒီဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့အစိုးရလက်ထဲက လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အစိုးရသစ်နဲ့ ပြန်လည်ဆက်သွယ်ဖို့၊ လက်မှတ်မထိုးသေးတဲ့အဖွဲ့နဲ့ ပြန်လည်ဆွေးနွေးဖို့ စတဲ့အချက်တွေကို အဓိက ဆွေးနွေးခဲ့ပါတယ်။
ဒါကြောင့် အန်စီအေ လက်မှတ်မထိုးသေးတဲ့ဖွဲ့တွေနဲ့ ၂၇ ရက်နေ့မှာ ဆက်လက်တွေ့ဆုံမယ်လို့ ပဒိုစောသမိန်ထွန်းက ပြောပါတယ်။
“နေပြည်တော်မှာ လုပ်တဲ့ဟာကို လက်ရှိ တက်တဲ့အစိုးရသစ်နဲ့ ပြန်ပြီးဆက်သွယ်ဖို့ သဘောထားတယ်။ နောက်ပြီး လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ ပြန်လည်ပြီးမှ ဆွေးနွေးဖို့၊ အဲဒါ ၂၇ ရက်နေ့မှာ ဆွေးနွေးမယ်။ ၂၆ ရက်နေ့ ဆွေးနွေးပွဲပြီးတာနဲ့ ၂၇ ရက်နေ့ သူတို့နဲ့ဆွေးနွေးမယ်။ ”
ဒါ့အပြင် လက်ရှိ ရှိနေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ကော်မတီကို စနစ်တကျပြန်လည်ဖွဲ့ စည်းမှာဖြစ်လို့ အပစ်ခတ်ရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့တွေကို စနစ်တကျ ပြန်လည်ဖွဲ့စည်းမယ်လို့ ဆွေးနွေးသဘောတူခဲ့ကြပါတယ်။
မတ်လ ၂၄ ကနေ ၂၆ ရက်နေ့အထိ ကျင်းပတဲ့ ဒီအစည်းအဝေးကို အန်စီအေ လက်မှတ်ထိုးတဲ့ အဖွဲ့ ၈ ဖွဲ့အနက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်ကလွဲလို့ ကျန် ၇ ဖွဲ့က တက်ရောက်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ အန်စီအေ သဘောတူစာချုပ်ကို အတည်ပြုနိုင်ပေမယ့် အဖွဲ့စုံပါဝင်ရေးမှာ သဘောမကိုက်ညီတာကြောင့် အဖွဲ့ပေါင်း ၂၀ ခန့်အနက် ၈ ဖွဲ့သာ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။
အန်စီအေ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ ချင်းအမျိုးသားတပ်ဦး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီတို့ ၈ ဖွဲ့ ဖြစ်ပါတယ်။
သမ္မတဦးထင်ကျော်ဦးဆောင်မယ့် အစိုးရသစ်ဟာ ဧပြီလ ၁ ရက်နေ့မှာ စတင် အသက်ဝင်လာမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို သူကိုယ်တိုင်ဦးဆောင်မယ်လို့ ထုတ်ပြောထားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template