Headlines News :
Home » » NLD အစိုးရ၏ တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာကို SNLD ကျားခေါင်းပါတီ မယူ

NLD အစိုးရ၏ တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာကို SNLD ကျားခေါင်းပါတီ မယူ

Written By Live100 on Tuesday, March 22, 2016 | 11:15 PM


အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်မည့် အစိုးရအဖွဲ့တွင် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကို ပြည်ထောင်စုအဆင့် အနေဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ အဆိုပါ ၀န်ကြီးဌာန၏ ၀န်ကြီးရာထူးအတွက် မဟာမိတ်ဟောင်း တိုင်းရင်းသား ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကမ်းလှမ်းခဲ့မှုအပေါ် ရှမ်းပါတီဘက်မှ ငြင်းပယ်ခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့ပါတီက ပြည်ထောင်စု တိုင်းရင်းသားရေးရာ ၀န်ကြီး တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းတာ ကျွန်တော်တို့ ဘက်က ငြင်းလိုက်တယ်” ဟု SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က The Ladies News သို့ ပြောသည်။
မည်သည့်အကြောင်းကြောင့် ငြင်းပယ်ရသည်ကိုမူ ဦးစိုင်းညွှန့်လွင်အနေဖြင့် ဖြေဆိုခဲ့ခြင်း မရှိပေ။ ရှမ်းပြည်နယ် အခြေစိုက် အင်အားကြီး တိုင်းရင်းသားပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ငြိမ်းချမ်းရေး ၊ တိုင်းရင်းသားအရေးတို့ကို ပိုမိုဖြေရှင်းနိုင်ရန်အတွက် ရှမ်းပြည်နယ် ၀န်ကြီးချုပ်ရာထူးကို SNLD ပါတီမှ ပါတီဝင်တစ်ဦးအား ပေးစေလိုကြောင်း ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောဆိုထားသည်။
ဧရိယာ အကျယ်ပြန့်ဆုံးနှင့် တိုင်းရင်းသား မျိုးနွယ်စု အများဆုံး ပြည်နယ် တစ်ပြည်နယ်ဖြစ်သည့် ရှမ်းပြည်နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ခန့်ရှိနေပြီး RCSS/SSA ရှမ်းတပ်မတော် တောင်ပိုင်းမှအပ ကျန်လက်နက်ကိုင် အဖွဲ့များမှာ အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ပြုလုပ်ရခြင်း မရှိသေးပေ။
ယင်းအပြင် ကာလတာရှည် ပြည်တွင်းစစ်များအတွင်း အမျိုးအမည် စုံလွင်စွာဖြင့် လက်နက်ကိုင်ဆောင် ထားသော အစိုးရဘက်မှ ၀င်ရောက် ကူညီတိုက်ခိုက်ပေးသည့် ပြည်သူ့စစ်များ နယ်ခြားစောင့်များလည်း ရှိနေကာ ဘိန်းစိုက်ပျိုးမှု ပြသ၁နာများ မူးယစ်ဆေးဝါး ကုန်သွယ်မှု ၊ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်း အခြေချနေထိုင်မှု အစရှိသဖြင့် မဖြစ်မနေ အမြန်ဖြေရှင်းရန် လိုနေသည့် ကိစ္စရပ်များလည်း ရှိနေသည်။
အန်အယ်လ်ဒီပါတီ အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များကို ပါတီဝင်ဝင်များကိုသာ ခန့်အပ်သွားမည်ဟု ပါတီအလုပ်အမှုဆောင် တစ်ဦးဖြစ်သည့် ဦးဝင်းထိန်က မီဒီယာများကို ပြောဆိုထားပါသည်။
“ရှမ်းပြည်နယ်ကို ကျွန်တော်တို့ကို ပေးမယ့် အနေထားက တော်တော်လေးကို နည်းနေတယ်။ အန်အယ်လ်ဒီ ပါတီဝင်ပဲ ဖြစ်ဖို့များမယ်ထင်တယ်” ဟု ဦးစိုင်းညွှန့်လွင်ကလည်း မတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။
NLD ပါတီဝင်တစ်ဦးဖြစ်သည့် လားရှိုးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလင်းထွဋ်မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာရန် ရေပန်းစားနေပြီး ၄င်းမှာ ဗမာလူမျိုးတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
The Ladies News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template