Headlines News :
Home » » ဟွာဝေး စမတ်ဖုန်းမှ မက်ဆီအား ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်

ဟွာဝေး စမတ်ဖုန်းမှ မက်ဆီအား ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်

Written By Live100 on Thursday, March 24, 2016 | 9:47 AM


နာမည်ကျော် ဘောလုံးသမားတယောက်ဖြစ်တဲ့ မက်ဆီကို ဟွာဝေး စမတ်ဖုန်းက ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်တယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။
စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ပြုလုပ်တဲ့ အဲဒီပွဲအကြောင်းကို မတ်လ ၂၂ ရက်က ထုတ်ပြန်လိုက်တာပါ။
Huawei Consumer BG လက်ကိုင်ဖုန်းဌာနခွဲရဲ့ ဥက္ကဋ္ဌ Mr. Kevin Ho က “ဟွာဝေးက အထူးအလေးအနက်ထားပြီး မြှုပ်နှံမှုပြုလုပ်နေတဲ့ ဥရောပ၊ အာရှနဲ့ လက်တင်အမေရိကနိုင်ငံတွေက နိုင်ငံသားတွေကို အာရုံစူးစိုက်ဖို့၊ ဇွဲလုံ့လ ၀ီရိယတို့နဲ့ မဆုတ်မနစ် ကြိုးစားဖို့တို့ကို တွန်းအားပေးပြီး အခက်အခဲတွေကို ကျော်လွန်ပြီး ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်မှုတွေ ရရှိစေဖို့အတွက် မက်ဆီက ကူညီပေးပါလိမ့်မယ်” လို့ ပြောပါတယ်။
ဟွာဝေးဖုန်းတွေဟာ မြန်မာ့ဈေးကွက်မှာ နေရာတော်တော်များများ ယူထားနိုင်တာလည်း ဖြစ်ပါတယ်။
ဟွာဝေးရဲ့ ထုတ်ကုန်တခုဖြစ်တဲ့ Mate 8 ဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ကနေ အခုချိန်အထိ အလုံးရေ ၃ သန်းလောက် ရောင်းချခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template