Headlines News :
Home » » နှိပ်စက်သည့်ခင်ပွန်းများကိုဆုံးမရန် သတို့သမီးများကို အဝတ်လျှော်တုတ် လက်ဆောင်ပေးသည့် ဝန်ကြီး

နှိပ်စက်သည့်ခင်ပွန်းများကိုဆုံးမရန် သတို့သမီးများကို အဝတ်လျှော်တုတ် လက်ဆောင်ပေးသည့် ဝန်ကြီး

Written By Live100 on Tuesday, May 2, 2017 | 7:22 PM

အိန္ဒိယနိုင်ငံမှာ ပြည်နယ်အစိုးရဝန်ကြီးတဦးက အသစ်စက်စက် သတို့သမီး ၇၀၀ ကို အရက်မူးနှိပ်စက်တဲ့ ခင်ပွန်းလင်ယောက်ျားတွေကို ပြန်လည်ရိုက်နှက် တုံ့ပြန်နိုင်ဖို့ အဝတ်လျှော်တုတ်ချောင်းတွေ လက်ဆောင်ပေးခဲ့ပါတယ်။
မဒရာပရာဒေ့ရှ်ပြည်နယ်ထဲမှာ အုပ်စုလိုက်မင်္ဂလာပွဲကျင်းပချိန် ပြည်နယ်အစိုးရ ဝန်ကြီးတဦးဖြစ်တဲ့ ဂိုပယ်လ် ဘာဂါဗာက မင်္ဂလာလက်ဆောင်အဖြစ် ခုလိုပေးခဲ့တာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဧပြီ ၃၀ ရက်နေ့က ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံမှာ အဲဒီ အဝတ်လျှော်တုတ်ချောင်းတွေကို အဝတ်လျှော်ရာမှာ အသုံးပြုလေ့ရှိပြီး လက်ရှိ အချောင်းရေ ၁ သောင်းထိ ပေးအပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ဒါကို အရက်မူးရမ်းကားပြီး ဇနီးမယားတွေကို အနိုင်ကျင့်နှိပ်စက်မှုတွေ ကြုံလာရတဲ့အခါမှာ အသုံးပြုစေနိုင်ဖို့ ရည်ရွယ်ပြီး တုတ်ချောင်းတွေပေါ်မှာတော့ “နှိပ်စက်တတ်တဲ့ အမူးသမားတွေအတွက်”၊ “ရဲတွေက ပါဝင်စွက်ဖက်လိမ့်မှာ မဟုတ်ဘူး” စတဲ့ စာသားတွေကို ထွင်းထားခဲ့တာပါ။
အိန္ဒိယနိုင်ငံ ကျေးလက်တောပိုင်းတွေမှာ အမျိုးသမီးတွေဟာ အရက်မူးသောက်စားကာ နှိပ်စက်တတ်တဲ့ ခင်ပွန်းအမျိုးသားတွေရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ ခံနေရတာပါ။
“ဒါဟာ ဇနီးမယားတွေကို ရန်စစော်ကားစေဖို့ ရည်ရွယ်တာမဟုတ်ဘဲ အကြမ်းဖက်မှုတွေဖြစ်လာရင် ကာကွယ်ပေးနိုင်အောင်လို့ပါ” လို့ ဘာဂါဗာက ပြောပါတယ်။
အိန္ဒိယနိုင်ငံ ပြည်နယ်အများစုမှာတော့ မကြာသေးခင်နှစ်တွေက အရက်သေစာ သောက်စားရောင်းဝယ်မှုတွေကို တားမြစ်တာတွေ၊ ကန့်သတ်တာတွေနဲ့ ဖြိုခွဲနိုင်ဖို့ ကြိုးစားခဲ့တာပါ။
ဒါဟာ ဆင်းရဲတဲ့ မိသားစုတွေအတွင်းမှာ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေဟာ အရက်သေစာသောက်စားမှုက စတယ်လို့ ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ချိန်မှာ သတိပြုမိလာခဲ့ကြတာပါ။
အိမ်နီးချင်းပြည်နယ်တခုဖြစ်တဲ့ ကီရာလာပြည်နယ်မှာတော့ ဟိုတယ်အများစုမှာ အရက်သေစာရောင်းချမှုကို ၂၀၁၄ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template