Headlines News :
Home » » စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်းရှစ်ထောင်ကျော်ဖိုးနဲ့ အတူ ဗိုလ်မှုးရဲဇေယျာနှင့် တပ်သားသိန်းနိုင်တို့အား ဖမ်းဆီးမိ

စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်းရှစ်ထောင်ကျော်ဖိုးနဲ့ အတူ ဗိုလ်မှုးရဲဇေယျာနှင့် တပ်သားသိန်းနိုင်တို့အား ဖမ်းဆီးမိ

Written By Live100 on Tuesday, May 2, 2017 | 7:08 PM

 
မေ ၂ ၊၂၀၁၇

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၃၀ ရက် ည ၁၁ နာရီခွဲက ၃ မိုင်စစ်ဆေးရေးဂိတ်၌ ပုံမှန်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာမှ WY/R စာတမ်းပါရောရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၀၀၀၀ ပြား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်ဘက်မှ မောင်တောဘက်သို့ ယာဉ်မောင်း သန်းထွန်းနိုင် ၃၆ နှစ် မောင်း နှင်လာသည့် ပါဂျဲဒိုးခဲရောင်ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်၏နောက်ဖက်အခန်းတွင် ရေခဲပုံးနှစ်ပုံးဖြင့် ထည့်ထားသော WY/R စာတမ်းပါရောရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ ထုပ်လျှင် ဆေးပြား ၂၀၀၀၀ ခန့်ပါ ၁၇ ထုပ်၊ ၁ ထုပ်လျှင် ဆေးပြား ၁၀၀၀၀ ခန့်ပါ ၁၀ ထုပ် ၊ တွေ့ရှိသည့် အထုပ် ၂၇ ထုပ်အတွင်းမှ စုစုပေါင်းဆေးပြား ၄၄၀၀၀၀ ခန့် ကာလတန်ဖိုးငွေကျပ် သိန်း ၈၈၀၀ ခန့်အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

ယာဉ်မောင်း သန်းထွန်းနိုင်နှင့်အတူ ဇော်ဦး ၃၂ နှစ်၊ အမှတ် ၅၆၄ ခြေမြန်တပ်ရင်းမှ ဗိုလ်မှုးရဲဇေယျာ၊ တပ်သားသိန်းနိုင်တို့အား ကားပေါ်တွင် အတူတွေ့ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ဝါးခုတ်ချောင်းရှိ ခမရ (၅၅၁)သို့ ဗိုလ်မှုးရဲဇေယျာ အားလည်းကောင်း၊ ခမရ(၅၆၅)သို့ တပ်သားသိန်းနိုင်အား လည်းကောင်း မေ ၁ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး တပ်မတော်မှ လိုအပ်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ယာဉ်မောင်း သန်းထွန်းနိုင်နှင့် ဇော်ဦးတို့အား ပြင်ဖြူနယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template