Headlines News :
Home » » မြန်မာ့လေကြောင်း (MAI) က လေယာဉ် စင်းလုံးငှားပေးတော့မယ်

မြန်မာ့လေကြောင်း (MAI) က လေယာဉ် စင်းလုံးငှားပေးတော့မယ်

Written By လွင့်မောင်မောင် on Wednesday, May 15, 2013 | 6:50 PM

 
မြန်မာ့လေကြောင်း (MAI) က စီးပွားရေးလုပ်ငန်းတွေ၊ ကုန်သွယ်ရေး လုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေ အတွက် လေယာဉ် စင်းလုံး ငှားပါတော့မယ်။ 

ကုန်ပစ္စည်းတွေကို အချိန်တိုအတွင်း လေကြောင်းနဲ့ သယ်ယူလိုတယ် ဆိုရင်ဖြင့် တနာရီကို ကျပ်ငွေ ၃၃ သိန်း နှုန်းနဲ့ ပျံသန်းဝန်ဆောင်မှု ပေးမယ့်အကြောင်း ယနေ့ ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာ မှာ ဖော်ပြထားပါ တယ်။  

MAI မြန်မာ့လေကြောင်းလိုင်းဆိုတာ ၁၉၄၆ ခုနှစ်က စတင်ပြီး Union of Burma Airways အမည်နဲ့ ထူထောင်ခဲ့တာဖြစ်ပြီး ၁၉၉၃ ခုနှစ်က စတင်ပြီး Myanmar Airway International ( MAI ) အဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ 

မကြာသေးမီကလည်း MAI အနေနဲ့ လေယာဉ်ငယ် အသစ်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်အပါအ၀င် တရုတ်၊ ထိုင်ဝမ် စတာတွေကို လည်း ခရီးစဉ် တိုးချဲ့ ပြေးဆွဲသွားမယ့်အကြောင်း MAI ရုံးချုပ်မှာ ပြောဆိုခဲ့ပါသေး တယ်။
အိမ့်သံစဉ် ~ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template