Headlines News :
Home » » မုန်တိုင်းအန္တရာယ် ကင်းဝေးစေရေး ရွှေ့ပြောင်းမည့် အစီအစဉ်အား စစ်တွေမြို့ ကမ်းခြေရှိ ဘင်္ဂါလီ ဒုက္ခ သည်များက ငြင်းဆန်လျက်ရှိ

မုန်တိုင်းအန္တရာယ် ကင်းဝေးစေရေး ရွှေ့ပြောင်းမည့် အစီအစဉ်အား စစ်တွေမြို့ ကမ်းခြေရှိ ဘင်္ဂါလီ ဒုက္ခ သည်များက ငြင်းဆန်လျက်ရှိ

Written By လွင့်မောင်မောင် on Tuesday, May 14, 2013 | 12:20 PM


                ဓာတ်ပုံ-Myawady News ကယ်ဆယ်ရွှေ့ပြောင်းပေးရေး ယာဉ်များ စောင့်ဆိုင်းနေစဉ်

  ရခိုင် ကမ်းရိုးတန်းသို့ မုန်တိုင်း ဝင်ရောက်ပါက မုန်တိုင်းနှင့် ဒီရေလှိုင်း အန္တရာယ်ရှိသော စစ်တွေမြို့ ကမ်းခြေရှိ ဘင်္ဂါလီ ဒုက္ခသည်များအား အန္တရာယ် ကင်းမည့် မြို့တွင်းနေရာများ၊ နီးစပ်ရာ ဘင်္ဂါ လီ ရွာများရှိ စာသင်ကျောင်း၊ ဗလီများနှင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် ပြည်နယ် အစိုးရနှင့် လုံခြုံရေး တပ်ဖွဲ့ ဝင်များမှ မော်တော်ယာဉ်များ အသင့် ပြင်ဆင်၍ ရွှေ့ပြောင်းနိုင်ရေး စီစဉ် ဆောင် ရွက်ပေးလျက် ရှိသည်။

ပြည်နယ် အစိုးရနှင့် တာဝန်ရှိသူ အဖွဲ့အစည်း များမှ ဘင်္ဂါလီများ၏ အသက်ဘေး အန္တရာယ်နှင့် မုန်တိုင်း အန္တရာယ် ကြိုတင် ကာကွယ်ရေးတို့ အတွက် နားလည် သဘောပေါက်အောင် နည်း အမျိုးမျိုး တို့ဖြင့် ကြိုးပမ်းပြောဆို စည်းရုံး ခဲ့သော်လည်း စစ်တွေမြို့နယ်၊ သဲချောင်း၊ ဒါးပိုင်၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ မန်စီ၊ ခေါင်းဒုက္ကာ၊ ဆေးသမားကြီး၊ အုန်းတော၊ အနောက်စံပြ နေရာများရှိ ဘင်္ဂါ လီ ဒုက္ခ သည်များက ၎င်းတို့၏ လက်ရှိ တဲနေရာများ ဆုံးရှုံးမည်ဖြစ်ကြောင်း အကြောင်းပြလျက် ရွှေ့ပြောင်းရန် စီစဉ်မှုအား သဘောမတူ ငြင်းဆန်လျက် ရှိကြောင်း သတင်း ရရှိသည်။

Myawady News

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template