Headlines News :
Home » » မဟာဆန် မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ ကမ်းခြေသို့ ၀င်ရောက်နိုင် ဟု ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သနှင့် ဇလဗေဒ ဌာက ကြေညာ

မဟာဆန် မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ ကမ်းခြေသို့ ၀င်ရောက်နိုင် ဟု ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သနှင့် ဇလဗေဒ ဌာက ကြေညာ

Written By လွင့်မောင်မောင် on Tuesday, May 14, 2013 | 12:43 PM


ဘင်္ဂလာ ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မဟာဆန် မုန်တိုင်းသည် လမ်းကြောင်း ပြောင်းလဲမူများ ဖြစ်ပေါ်ပြီးနောက် မေလ ၁၅ ရက်နေ့ တချိန်ချိန်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပင်လယ် ကမ်းခြေသို့ ၀င်ရောက် တိုက်ခတ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သနှင့် ဇလဗေဒ ဌာက ကျေညာသည်။
မဟာဆန် မုန်တိုင်း ယနေ့ သွားရာလမ်းကြောင်းကို ဘင်္ဂလာ မိုးဇလ ဌာနမှ ယခုလို ထုတ်ပြန်ထားသည်။ သို့သော်လည်း မုန်တိုင်းမှာ များစွာ အားကောင်းမည် မဟုတ်ကြောင်း ပြောသည်။
ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သ ဌာက ပြောရာတွင် မုန်တိုင်းနှင့် ပတ်သက်ပြီး ၀င်ရောက် တိုက်ခတ်နိုင်မည့် အချိန်နှင့် နေရာအား တွက်ချက် ပြောဆိုရန်မှာ ခက်ခဲနေကြောင်း၊ သို့သော်လည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံ အတွင်းမှ တက်ကနက် ပင်လယ်ကမ်းခြေ (သို့မဟုတ်) စစ်တကောင်း (သို့မဟုတ်) ဆင်ဒါဘန် ( Sundarbants) ဒေသကို ၀င်ရောက် တိုက်ခတ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးဇလ ဌာ အကြီးအကဲ  Shah Alam Bhuiyan က ပြောသည်။
တက်ကနက် ပင်လယ်ကမ်းခြေမှာ မြန်မာနိုင်ငံမှ မောင်တောနှင့် နီးကပ်စွာ တည်ရှိသည်။
ယမန်နေ့ မုန်တိုင်း သတိပေးမူ အဆင့်ကို ဘင်္ဂလာဒေခ်ျ့တွင်  နံပတ် (၃) နေရာ သတ်မှတ်ထားရာမှ  ယခုအခါ နံပတ် (၄) အဆင့်သို့ တိုးမြှင့်လိုက်ပြီ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွင့်ကိုလည်း ပိတ်ပင်လိုက်ပြီ ဖြစ်သည်။
ယမန်နေ့ ညဥ့် ၁၂ နာရီ တိုင်းထွာချက်အရ မဟာဆန် မုန်တိုင်းသည် ကော့စ်ဘဇားမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၁၁၆၀ အကွာတွင် တည်ရှိနေပြီး စစ်တကောင်းမြို့မှ ကီလိုမီတာ ၁၂၃၅ အကွာတွင် တည်ရှိနေကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးဇလ ဌာန ထုတ်ပြန်သော အမှတ် (၁၄) ကျေညာချက်တွင် ဖေါ်ပြထားသည်။
မုန်တိုင်း၏ ပြင်းအားမှာ ဗဟိုချက်တွင် တစ်နာရီ ကီလိုမီတာ ၅၄ နှင့် ၆၄ အတွင်းရှိနေပြီး တစ်နာရီ ၁၀ ကီလိုမီတာမှ  ၁၂ ကီလိုမီတာနုန်းဖြင့် မြောက်ဘက်သို့ တဖြည်းဖြည်း ရွှေ့လျားနေသည်ဟု ဆိုသည်။
ဘင်္ဂလာ ပင်လယ်ကမ်းခြေတွင် တည်ရှိသော မြို့နယ်ပေါင်း (၃၅) မြို့နယ်တွင်  အသံချဲ့စက်များမှ တဆင့် မုန်တိုင်း သတိပေးမူများ ပြူလုပ်နေပြီး အများစု ပြည်သူများမှာ ဆိုင်ကလုန်စင်တာများသို့ ပြောင်းရွှေ့ ခိုအောင်းနေကြပြီ ဖြစ်သည်။
စေတနာ ၀န်ထမ်း ကယ်ဆယ်ရေး အဖွဲ့များနှင့် အတူ ဆေးအဖွဲ့ ၁၂၃ ဖွဲ့ကိုလည်း မုန်တိုင်းကျရောက်ပါက အရေးပေါ်ကုသနိုင်ရန် ကော့စ်ဘဇားမြို့တွင် အဆင်သင့် ပြင်ဆင်ထားပြီ ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template