ဆိုင်ကလုန်းမုန်တိုင်းမဟာစင်ဟာ မြန်မာနိုင်ငံ မောင်တော တဖက်ကမ်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင် စစ်တကောင်းဖက်ကို မြန်မာစံတော်ချိန်
ညနေ ၃ နာရီ လောက်က ဦးတည် ဝင်ရောက်တိုက်ခတ်နေတယ်လို့ သိရပါတယ်။
မဟာစင် မုန်တိုင်းဟာ စစ်တကောင်းဒေသဖက်ကို တစ်နာရီ လေတိုက်နှုန်း မိုင် ၆၀ လောက်နဲ့ တိုက်ခတ်နေတာလို့ ခန့်မှန်းကြပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မဟာစင်လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) က
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
မုန်တိုင်းရဲ့ အကျယ်အဝန်းဟာ မိုင် ၇၀ ကနေ ၈၀ အထိ ရှိနိုင်တဲ့အတွက်
မြန်မာနိုင်ငံ မောင်တောဒေသဟာ မုန်တိုင်းစက်ကွင်း အစွန်အဖျားပိုင်း
ကျရောက်နိုင်ပြီး မောင်တောဖက်မှာ တစ်နာရီကို လေတိုက်နှုန်း မိုင် ၄၀ ကနေ ၅၀
အထိ အများဆုံးတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က
ခန့်မှန်းထားပါတယ်။
ဒီမုန်တိုင်းရဲ့ အစွန်အဖျားရိုက်ခတ်မှုကို ခံရနိုင်တဲ့ ဒေသမှာရှိတဲ့
ဒေသခံတွေကို ကြက်ခြေနီ အသင်းက ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းပေးနေတယ်လို့
ဘေးဒုက္ခစီမံခန့်ခွဲရေးဌာနမှူး ဦးအောင်သောင်းရွှေက ပြောပါတယ်။
မြန်မာ့ ရေပိုင်နက်အတွင်းမှာ လှိုင်းအမြင့် ၅ ပေမှ ၇ ပေလောက်သာ
အများဆုံးရှိနိုင်တော့ကြောင်း၊ မြန်မာနိုင်ငံထဲကို ဝင်ရောက်ဖို့
စိုးရိမ်စရာမရှိတော့ဘူးလို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
(နေပြည်တော်) က တာဝန်ရှိသူတွေက ပြောပါတယ်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago