Headlines News :
Home » » လယ်သမားများ၏ ဥပဒေနားမလည်ခြင်းအား အခွင့်ယူခြိမ်းခြောက်၍ မြေသိမ်းနေမှုများလက်ရှိအဖြစ်များနေ

လယ်သမားများ၏ ဥပဒေနားမလည်ခြင်းအား အခွင့်ယူခြိမ်းခြောက်၍ မြေသိမ်းနေမှုများလက်ရှိအဖြစ်များနေ

Written By လွင့်မောင်မောင် on Tuesday, May 14, 2013 | 3:37 PM


ထားဝယ်မြို့ ကမြောကင်းလမ်း ၊ဆန်းချီကွင်းမှ
လက်ရှိအဖြစ်များလျက်ရှိ သော လယ်မြေများ၊ စိုက်ပျိုးလုပ် ကိုင်နေသည့် မြေများသိမ်းဆည်း ခံရမှုများအနက် အများစုအား လေ့လာကြည့်ပါက ပညာအခြေ ခံနည်းပါး၍ ဥပဒေနားမလည်ရှာ သော လယ်သမားများအားနည်း ပေါင်းစုံဖြင့် ခြိမ်းခြောက်၍ မြေ သိမ်းမှုများအဖြစ်အများဆုံးဖြစ် ကြောင်း လွှတ်တော်မြေယာနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်မှ အဖွဲ့ဝင် ဦးအောင်သိန်းလင်းကဆိုသည်။

““ဥပဒေဆိုတာကပြည်သူကို ကာကွယ်ဖို့ ပြည်သူတွေရဲ့ ဘ၀ တွေကိုကာကွယ်ဖို့ ရေးဆွဲပြဋ္ဌာန်း ထားတာ။ ဒါပေမဲ့ ခုဖြစ်နေတာ တွေက ဥပဒေနားမလည်သူတွေ ကို အဲဒီဥပဒေနဲ့ခြိမ်းခြောက်ပြီး မြေသိမ်းတာတို့၊ လယ်သိမ်းတာ တို့တွေအဖြစ်များနေတယ်။ မြေ သိမ်းခံရမှုတွေမှာက ပညာအခြေ ခံနည်းပါးပြီး ဥပဒေကိုနားမလည် တဲ့ လယ်သမားတွေကို အမျိုးမျိုး ခြိမ်းခြောက်ပြီး မြေသိမ်းတာတို့ စိုက်ပျိုးမြေတွေကနေ မောင်း ထုတ်တာတို့လုပ်ကြတယ်။ ဒါ ကြောင့် လယ်သမားတွေကို လယ်ယာမြေဥပဒေတွေ၊ မြေသိမ်း ဥပဒေတွေနဲ့ပတ်သက်ပြီး သူတို့ နားလည်အောင် သေသေချာချာ လုပ်ပေးဖို့လိုလိမ့်မယ်။ လယ် သမားတွေကသာ ဒီဥပဒေတွေကို အနည်းအကျဉ်းလေးနားလည် မယ်ဆိုရင် တစ်ဖက်က မြေလာ သိမ်းပြီးဆို မြေလာသိမ်းတဲ့သူ တွေဘက်က ပြောနေတာတွေ ဟာ ဥပဒေနဲ့ညီမညီ ဒီလိုမြေ သိမ်းတာကလည်း မြေသိမ်းဥပဒေ နဲ့ညီမညီဆိုတာကို ထောက်ပြပြီး ပြန်ချေပလို့ရတယ်။ ခုဟာက ဒီလိုမဟုတ်ဘဲ မြေသိမ်းဥပဒေတို့၊ လယ်ယာမြေဥပဒေတွေကို နား လည်းမလည်၊ သဘောလည်း မပေါက်တဲ့အခါကြတော့ တစ် ဖက်က ခြိမ်းခြောက်ပြောဆိုပြီး ပြောလိုက်ရော လယ်မြေတွေက နေ ထွက်သွားကြရော ဒါမျိုးတွေ ဟာ လက်ရှိမှာ အရမ်းအဖြစ်များ နေတယ်။ ဒါလုံးဝကိုမဖြစ်သင့်ဘူး လေ။””
မြေတစ်ခုကိုသိမ်းတော့မယ်  ပြည်သူလူထုအကျိုးငှာ သိမ်းဖို့ လိုအပ်လို့သိမ်းတော့မယ်ဆိုရင် ဒီလိုသိမ်းတော့မယ်ဆိုတဲ့အကြောင်း ကို ကာယကံရှင်သိအောင် အကြောင်းကြားရမယ်။ ဒီလို အကြောင်းကြားပြီးသုံးလအတွင်း မှာ ကာယကံရှင်က ဒီလိုမြေသိမ်း တဲ့ ကိစ္စအပေါ် မကျေနပ်ရင် ကန့်ကွက်လွှာတင်ရမယ်။ အဲဒီလို ကန့်ကွက်လွှာတင်ပေမဲ့ ဒါဟာ အများပြည်သူအကျိုးငှာ မဖြစ် မနေသိမ်းရမယ်ဆိုရင်လည်း အစိုး ရက တစ်ဖက်ကို လျော်ကြေးနစ် နာကြေးတောင်းနိုင်တယ်ဆိုပြီး ပြန်တမ်းတွေထုတ်ရမယ်။ ခုဖြစ် နေတဲ့ မြေသိမ်းတဲ့ကိစ္စတွေမှာ ဘာပြန်တမ်းမှလည်းမရှိဘူး။ သိမ်းချင်လို့သိမ်းတယ်ကွာဆိုပြီး သိမ်းချလိုက်ရော အဲဒီမှာ လယ် သမားက ဥပဒေမသိတော့ လယ်  မြေတွေကနေ ထွက်ပေးလိုက် တယ်။
ထားဝယ်မြို့ ကမြောကင်းလမ်း ၊ဆန်းချီကွင်းမှ

ထားဝယ်မြို့ ကမြောကင်းလမ်း ၊ဆန်းချီကွင်းမှ

ထားဝယ်မြို့ ကမြောကင်းလမ်း ၊ဆန်းချီကွင်းမှ

ကျွန်တော်တို့ကော်မရှင်ရဲ့ လေ့လာတွေ့ရှိချက်တွေအရ အချို့မြေသိမ်းမှုတွေမှာ တည်ဆဲ ဥပဒေနဲ့ မညီညွတ်တာတွေ အများ ကြီးတွေ့ရတယ်။ မြေသိမ်းချင် တိုင်းသိမ်းလို့မရဘူး။ ပြည်ထဲရေး ကခန့်ထားတဲ့မြေသိမ်းကော်လိပ် တော်အရာရှိက တာဝန်ခံပြီးသိမ်း မှရမှာ။ နောက်ပြီးတော့ အဲဒီမြေ မှာ လုပ်ကိုင်နေတဲ့လူတွေကို လည်း တန်ရာတန်ကြေး၊ သိမ်းတဲ့ အချိန်ရဲ့ ကာလပေါက်ဈေး အတိုင်းမပေးဘဲ သိမ်းလို့မရဘူး”” ဟု ဦးအောင်သိန်းလင်းက ပြော ကြားသွားသည်။
မြေသိမ်းမှုများအနက် အများ စုပါဝင်သည့် ကုမ္ပဏီစီမံကိန်း ကိစ္စများ၌လည်း လယ်သမားများ အား ကုမ္ပဏီက သိမ်းလိုက်ပြီဟု သာသိရပြီး အမှန်တကယ်တင်မူ ကုမ္ပဏီများအနေဖြင့် မြေသိမ်း ခွင့်လုံးဝမရှိကြောင်း၊ လယ်သမား များ၏ ဥပဒေနားမလည်ခြင်းကို အခွင့်ယူ၍ ကုမ္ပဏီမှသိမ်းသည် ကို တရားဝင်သကဲ့သို့ ၀ါဒဖြန့် နေမှုများအား လယ်သမားများက နားမလည်၍ တစ်ဖက်မှ ခြိမ်း ခြောက်လာသည်အား ကြောက် လန့်၍ လယ်မြေများကို စွန့်ခွာ သွားနေရကြောင်း ဦးအောင်သိန်း လင်း၏ ပြောကြားချက်အရ သိရသည်။
ခန့်ခန့်(ဒဿနိက)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template