Headlines News :
Home » » ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး NLD စတင်စည်းဝေး

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး NLD စတင်စည်းဝေး

Written By လွင့်မောင်မောင် on Monday, May 13, 2013 | 11:22 PM

 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ဥပဒေဆိုင်ရာ အစည်းအဝေး တရပ်ကို ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစည်းအဝေး တက်ရောက်ခဲ့ကြောင်း အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။ 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေရေးရာကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြင်ဆင်ရမည့်ပြဋ္ဌာန်းချက်များကို အသေးစိတ် စတင်ဆွေးနွေးခဲ့ကြပြီး လတ်တလော မည်သည့် အချက်များ ဆွေးနွေးသည်ကို ထုတ်ဖော်ပြောဆို၍ မရသေးကြောင်း၊ မေလ ၂၇ ရက်နောက်ပိုင်းမှသာလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် NLD က ပြင်ဆင်စေလိုသော အချက်အလက်များကို တရားဝင် ထုတ်ဖော်မည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ဧရာဝတီသို့ အတည်ပြု ပြောသည်။ 

"ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ရမယ့်ပြဋ္ဌာန်းချက်တွေကိစ္စ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် စတင်ဆွေး
နွေးမှုတွေလုပ်နေပါပြီ။ လက်ရှိမှာတော့ ဘာကိုမှ ထုတ်ဖော်ပြောလို့မရသေးပါဘူး။ အချောကိုင်ပြီးတဲ့ အခါမှာတော့ ထုတ်ဖော်ပြောပါ့မယ်" ဟု ဦးဥာဏ်ဝင်းက ရှင်းပြသည်။ 

 NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အမှန်တကယ်ပြင်ဆင်ရန် ဆန္ဒရှိမည်ဆိုပါက ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။ 
ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template