Headlines News :
Home » » အိဒ္ပြဲေတာ္ကာလ ဘုရားေက်ာင္းေတာင္ကုန္းတြင္ မြတ္စလင္၀တ္ျပဳသူမ်ားႏွင့္ အစၥေရးတပ္ဖြဲ႔၀င္မ်ား ရုန္႔ရင္းဆန္ခတ္ ျဖစ္ပြား။

အိဒ္ပြဲေတာ္ကာလ ဘုရားေက်ာင္းေတာင္ကုန္းတြင္ မြတ္စလင္၀တ္ျပဳသူမ်ားႏွင့္ အစၥေရးတပ္ဖြဲ႔၀င္မ်ား ရုန္႔ရင္းဆန္ခတ္ ျဖစ္ပြား။

Written By Live100 on Monday, August 12, 2019 | 6:27 PM

( ၾသဂုတ္ - ၁၂၊ ၂၀၁၉ ) အိဒ္ပြဲေတာ္ကာလ ဘုရားေက်ာင္းေတာင္ကုန္းတြင္ မြတ္စလင္၀တ္ျပဳသူမ်ားႏွင့္ အစၥေရးတပ္ဖြဲ႔၀င္မ်ား ရုန္႔ရင္းဆန္ခတ္ ျဖစ္ပြား။ ဘုရားေက်ာင္းေတာင္ကုန္း၏ ၀တ္ျပဳရာေနရာ ၀င္ေရာက္ခြင့္ႏွင့္ပတ္သက္၍ ဂ်ဴးႏွင့္ မြတ္စလင္တို႔ အမုန္းတရားမွ ပဋိပကၡမွ စတင္။
 အစၥေရးႏိုင္ငံ ဘုရားေက်ာင္းေတာင္ကုန္းတြင္ မြတ္စလင္၀တ္ျပဳသူမ်ားႏွင့္ အစၥေရးရဲတပ္ဖြဲ႔၀င္တို႔ ရုန္႔ရင္းဆန္ခတ္ျဖစ္ပြားေၾကာင္း ေဒသႏၱရမီဒီယာမ်ားအား ကိုးကား၍ Russia Today က ယမန္ေန႔ ေရးသားသည္။ မြတ္စလင္ႏွင့္ ဂ်ဴးတို႔ အားလပ္ရက္တစ္ထပ္တည္းက်ေသာ တနဂၤေႏြေန႔တြင္ ဘုရားေက်ာင္းေတာင္ကုန္းရွိ ၀တ္ျပဳရာေနရာသို႔ ၀င္ေရာက္ခြင့္ႏွင့္ပတ္သက္၍ တစ္ဖက္ႏွင့္တစ္ဖက္ အမုန္းတရားမွ ပဋိပကၡစတင္ျဖစ္ပြားခဲ့သည္ဆို၏။ ဘုရားေက်ာင္းေတာင္ကုန္းတြင္ အစၥလာမ္အဓိကျမင့္ျမတ္ရက္ျဖစ္ေသာ “ အိဒ္အက္ဒါ “ ဘာသာေရးအခန္းအနားဆင္ႏႊဲရန္ မြတ္စလင္ ၈၀,၀၀၀ ခန္႔စုရံုးခဲ့ၾကသည္။ တစ္ခ်ိန္တည္းမွာပင္ အဆိုပါဘုရားေက်ာင္းေတာင္ကုန္း၀င္ေပါက္၌ ဂ်ဴးတို႔ကလည္း ျမင့္ျမတ္ေသာ “ တီရွာဘာ့ဗ္ “ ဒုတိယေျမာက္ေန႔ အခန္းအနားက်င္းပရန္ အမ်ားအျပား စုရံုးေရာက္ရွိေနခဲ့သည္။ ၀တ္ျပဳသည့္ေနရာတြင္ အေျခအတင္အျငင္းခုန္မျဖစ္ျဖစ္ေစရန္ ၄င္းတို႔အားလံုးကို ၀င္ေပါက္၌ ရဲတပ္ဖြဲ႔က တားဆီးခဲ့သည္။ ျပႆနာစတင္ျခင္းမွာ မြတ္စလင္တို႔အား အၾကမ္းဖက္၀ါဒဦးညႊတ္သူမ်ားအျဖစ္ ဂ်ဴးအုပ္စုအခ်ိဳ႔က စြပ္စြဲရာမွ စတင္သည္ဟု စြပ္စြဲျခင္းခံရသည္။
အီဂ်စ္သမၼတေဟာင္း မြတ္စလင္ဘရားသားဟုဒ္ေခါင္းေဆာင္ မိုဟာမက္ ေမာ္စီရုပ္ပံုႏွင့္ ဟားမတ္စ္တိုက္ခိုက္ေရးသမားကိုယ္စားျပဳတံခြန္ကို ျပသၾကျခင္းျဖင့္ ဘုရားေက်ာင္းေတာင္ကုန္း ဧရိယာအတြင္း၀င္ခြင့္ကိစၥမွာ မျပီးျပတ္ႏိုင္ပဲ ရွိေနသည္။ မြတ္စလင္တို႔ၾကား၌လည္း တနဂၤေႏြေန႔တြင္ ဘုရားေက်ာင္းေတာင္ကုန္းရွိ အယ္လ္အက္ဆာဗလီအား အစြန္းေရာက္ဂ်ဴးအခ်ိဳ႔က ၀င္ေရာက္စီးနင္းမည္ဟု ေကာလဟလ ပ်ံလြင့္ခဲ့ေၾကာင္း သိရွိရသည္။ နံနက္ပိုင္း ဆုေတာင္းျခင္းျပီးဆံုးေသာအခါ မြတ္စလင္၀တ္ျပဳသူအားလံုး ေနရာ၌ပင္ က်န္ရစ္ေနခဲ့ျပီး ဂ်ဴးတို႔၀င္ေပါက္ေနရာအားလံုးကို ပိတ္ဆို႔ရန္ ( မြတ္စလင္အစီအစဥ္ေၾကညာသူက) ေဆာ္ၾသသည္။ ထိုအခါ ဂ်ဴးႏွင့္မြတ္စလင္အုပ္စုၾကားအခ်င္းမ်ားၾက၍ အစၥေရးရဲတပ္ဖြဲ႔၀င္မ်ား ၾကား၀င္လာျပီးေနာက္ အၾကမ္းဖက္မွဳမ်ားျဖစ္ပြားေၾကာင္း သတင္းရရွိသည္။ လူမွဳ႔ကြန္ယက္တြင္ ျပန္႔ႏွ႔ံလွ်က္ရွိေသာ ဓါတ္ပံုႏွင့္ ရုပ္သံမ်ားအရ ထိပ္တိုက္ျဖစ္ပြားရာတြင္ လူအခ်ိဳ႔ဒါဏ္ရာရရွိေၾကာင္း ျပသလွ်က္ရွိသည္။ အစၥေရးတပ္ဖြဲ႔၀င္မ်ားသည္ အသံက်ယ္ေလာင္စြာ မီးပြင့္ေပါက္ကြဲေစေသာ မ်က္ရည္ယိုလက္နက္အသံုးျပဳ၍ ဧရိယာအတြင္းမွ လူအုပ္စုအား ေမာင္းႏွင္ထုတ္ျခင္းေၾကာင့္ မီးခိုးေငြ႔မ်ား ပ်႔ံလြင့္လွ်က္ ရွိသည္ကို ေတြ႔ျမင္ၾကရသည္။ အခင္းျဖစ္ပြားရာတြင္ လူ ၆၁-ဦး ဒါဏ္ရာရရွိသည့္အနက္ ၁၅-ဦးမွာ ေဆးရံုတင္ကုသထားရျပီး ရဲတပ္ဖြဲ႔၀င္ ၄-ဦး အနည္းငယ္ ဒါဏ္ရာရရွိသည္။ ထိုေနာက္ပိုင္း ဂ်ဴး၀တ္ျပဳသူမ်ားအတြက္ ဘုရားေက်ာင္းေတာင္ကုန္းအတြင္း ၀င္ခြင့္ျပဳခဲ့သည္။ “ အိဒ္အက္ဒါ “ သည္ ႏွစ္စဥ္က်င္းပျမဲ မကၠာဘုရားဖူးခရီးစဥ္ျပီးဆံုးေၾကာင္း သေကၤတျဖစ္ျပီး မြတ္စလင္တို႔၏ ဘာသာေရး အားလပ္ရက္မ်ားအနက္ အဓိက တစ္ခုျဖစ္သည္။ “ တီရွာဘာ့ဗ္ “ သည္ ေဂ်ရုဆလင္ဘုရား ေက်ာင္း ႏွစ္ခုဖ်က္ဆီးခံရျပီး ဂ်ဴးတို႔အတြက္ ေဘးဒုကၡက်ေရာက္ျခင္းေၾကာင့္ ၀မ္းနည္းပူေဆြးျခင္း အထိမ္းအမွတ္ ၂-ရက္ၾကာ က်င္းပသည့္ အခန္းအနားျဖစ္သည္။
:
Rf:https://www.rt.com/news/466254-clashes-muslims-jews-temple-mount/?fbclid=IwAR39BaI626adc7yw0Jm3JVTkuk1MyPePdAIglbA4gd-Y-0JFI7abYyUukGI


Unicode
ားကျောင်းတောင်ကုန်း၏ ဝတ်ပြုရာနေရာ ဝင်ရောက်ခွင့်နှင့်ပတ်သက်၍ ဂျူးနှင့် မွတ်စလင်တို့ အမုန်းတရားမှ ပဋိပက္ခမှ စတင်။
 အစ္စရေးနိုင်ငံ ဘုရားကျောင်းတောင်ကုန်းတွင် မွတ်စလင်ဝတ်ပြုသူများနှင့် အစ္စရေးရဲတပ်ဖွဲ့ဝင်တို့ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားကြောင်း ဒေသန္တရမီဒီယာများအား ကိုးကား၍ Russia Today က ယမန်နေ့ ရေးသားသည်။ မွတ်စလင်နှင့် ဂျူးတို့ အားလပ်ရက်တစ်ထပ်တည်းကျသော တနင်္ဂနွေနေ့တွင် ဘုရားကျောင်းတောင်ကုန်းရှိ ဝတ်ပြုရာနေရာသို့ ဝင်ရောက်ခွင့်နှင့်ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက် အမုန်းတရားမှ ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည်ဆို၏။ ဘုရားကျောင်းတောင်ကုန်းတွင် အစ္စလာမ်အဓိကမြင့်မြတ်ရက်ဖြစ်သော “ အိဒ်အက်ဒါ “ ဘာသာရေးအခန်းအနားဆင်နွှဲရန် မွတ်စလင် ၈၀,၀၀၀ ခန့်စုရုံးခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အဆိုပါဘုရားကျောင်းတောင်ကုန်းဝင်ပေါက်၌ ဂျူးတို့ကလည်း မြင့်မြတ်သော “ တီရှာဘာ့ဗ် “ ဒုတိယမြောက်နေ့ အခန်းအနားကျင်းပရန် အများအပြား စုရုံးရောက်ရှိနေခဲ့သည်။ ဝတ်ပြုသည့်နေရာတွင် အခြေအတင်အငြင်းခုန်မဖြစ်ဖြစ်စေရန် ၎င်းတို့အားလုံးကို ဝင်ပေါက်၌ ရဲတပ်ဖွဲ့က တားဆီးခဲ့သည်။ ပြဿနာစတင်ခြင်းမှာ မွတ်စလင်တို့အား အကြမ်းဖက်ဝါဒဦးညွှတ်သူများအဖြစ် ဂျူးအုပ်စုအချို့က စွပ်စွဲရာမှ စတင်သည်ဟု စွပ်စွဲခြင်းခံရသည်။
အီဂျစ်သမ္မတဟောင်း မွတ်စလင်ဘရားသားဟုဒ်ခေါင်းဆောင် မိုဟာမက် မော်စီရုပ်ပုံနှင့် ဟားမတ်စ်တိုက်ခိုက်ရေးသမားကိုယ်စားပြုတံခွန်ကို ပြသကြခြင်းဖြင့် ဘုရားကျောင်းတောင်ကုန်း ဧရိယာအတွင်းဝင်ခွင့်ကိစ္စမှာ မပြီးပြတ်နိုင်ပဲ ရှိနေသည်။ မွတ်စလင်တို့ကြား၌လည်း တနင်္ဂနွေနေ့တွင် ဘုရားကျောင်းတောင်ကုန်းရှိ အယ်လ်အက်ဆာဗလီအား အစွန်းရောက်ဂျူးအချို့က ဝင်ရောက်စီးနင်းမည်ဟု ကောလဟလ ပျံလွင့်ခဲ့ကြောင်း သိရှိရသည်။ နံနက်ပိုင်း ဆုတောင်းခြင်းပြီးဆုံးသောအခါ မွတ်စလင်ဝတ်ပြုသူအားလုံး နေရာ၌ပင် ကျန်ရစ်နေခဲ့ပြီး ဂျူးတို့ဝင်ပေါက်နေရာအားလုံးကို ပိတ်ဆို့ရန် ( မွတ်စလင်အစီအစဉ်ကြေညာသူက) ဆော်သြသည်။ ထိုအခါ ဂျူးနှင့်မွတ်စလင်အုပ်စုကြားအချင်းများကြ၍ အစ္စရေးရဲတပ်ဖွဲ့ဝင်များ ကြားဝင်လာပြီးနောက် အကြမ်းဖက်မှုများဖြစ်ပွားကြောင်း သတင်းရရှိသည်။ လူမှု့ကွန်ယက်တွင် ပြန့်နှံ့လျှက်ရှိသော ဓါတ်ပုံနှင့် ရုပ်သံများအရ ထိပ်တိုက်ဖြစ်ပွားရာတွင် လူအချို့ဒါဏ်ရာရရှိကြောင်း ပြသလျှက်ရှိသည်။ အစ္စရေးတပ်ဖွဲ့ဝင်များသည် အသံကျယ်လောင်စွာ မီးပွင့်ပေါက်ကွဲစေသော မျက်ရည်ယိုလက်နက်အသုံးပြု၍ ဧရိယာအတွင်းမှ လူအုပ်စုအား မောင်းနှင်ထုတ်ခြင်းကြောင့် မီးခိုးငွေ့များ ပျံ့လွင့်လျှက် ရှိသည်ကို တွေ့မြင်ကြရသည်။ အခင်းဖြစ်ပွားရာတွင် လူ ၆၁-ဦး ဒါဏ်ရာရရှိသည့်အနက် ၁၅-ဦးမှာ ဆေးရုံတင်ကုသထားရပြီး ရဲတပ်ဖွဲ့ဝင် ၄-ဦး အနည်းငယ် ဒါဏ်ရာရရှိသည်။ ထိုနောက်ပိုင်း ဂျူးဝတ်ပြုသူများအတွက် ဘုရားကျောင်းတောင်ကုန်းအတွင်း ဝင်ခွင့်ပြုခဲ့သည်။ “ အိဒ်အက်ဒါ “ သည် နှစ်စဉ်ကျင်းပမြဲ မက္ကာဘုရားဖူးခရီးစဉ်ပြီးဆုံးကြောင်း သငေ်္ကတဖြစ်ပြီး မွတ်စလင်တို့၏ ဘာသာရေး အားလပ်ရက်များအနက် အဓိက တစ်ခုဖြစ်သည်။ “ တီရှာဘာ့ဗ် “ သည် ဂျေရုဆလင်ဘုရား ကျောင်း နှစ်ခုဖျက်ဆီးခံရပြီး ဂျူးတို့အတွက် ဘေးဒုက္ခကျရောက်ခြင်းကြောင့် ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ် ၂-ရက်ကြာ ကျင်းပသည့် အခန်းအနားဖြစ်သည်။
Share this article :

တစ္ပတ္အတြင္းသတင္းဒိုင္ယာရီ

email တြင္ဖတ္ရန္ သင္႔ Mail ကို႐ိုက္ထည္႔ပါ

Zawgyi Unicode Font

Download

Total Pageviews

ထား၀ယ္ၿမိဳ႕ဆန္းခ်ီ အ-မ-က ျမတ္ဆရာပူေဇာ္ပြဲ

Mandalay FM Live Radio


Mandalay FM Live Radio


လြင္႔ေမာင္ေမာင္၏ ဒိုင္ယာရီ စာမ်က္ႏွာမ်ား

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template