Headlines News :
Home » » ေဟာင္ေကာင္မွာ ဆႏၵျပသူ ေထာင္ေပါင္းမ်ားစြာ ေလဆိပ္ထဲ စီးနင္း ေနရာယူထားလို႔ ေလယာဥ္ခရီးစဥ္ေတြ ဆိုင္းငံ့

ေဟာင္ေကာင္မွာ ဆႏၵျပသူ ေထာင္ေပါင္းမ်ားစြာ ေလဆိပ္ထဲ စီးနင္း ေနရာယူထားလို႔ ေလယာဥ္ခရီးစဥ္ေတြ ဆိုင္းငံ့

Written By Live100 on Monday, August 12, 2019 | 9:37 PM

ေဟာင္ေကာင္မွာ ဆႏၵျပသူ ေထာင္ေပါင္းမ်ားစြာ ေလဆိပ္ထဲ စီးနင္း ေနရာယူထားလို႔ ေလယာဥ္ခရီးစဥ္ေတြ ဆိုင္းငံ့




ေဟာင္ေကာင္ ႏိုင္ငံတကာေလဆိပ္မွာ အစိုးရဆန္႔က်င္တဲ့ ဆႏၵျပမႈေတြ ၄ ရက္ေျမာက္ေန႔အျဖစ္ ဆက္လက္ ျဖစ္ပြားေနရာမွာ ေလယာဥ္ခရီးစဥ္ေတြကို ဆိုင္းငံ့လိုက္ပါတယ္။

ကမာၻေပ္ါမွာ အစည္ကားဆံုး ေလဆိပ္ႀကီးေတြထဲမွာ တစ္ခု အပါအဝင္ ျဖစ္တဲ့ ေဟာင္ေကာင္ ေလဆိပ္မွာ ဆႏၵျပသူေတြ ေထာင္နဲ႔ခ်ီ ဝင္ေရာက္ ေနရာယူထားၾကပါတယ္။

လူထု စုေဝး ဆႏၵျပမႈေၾကာင့္ ေလယာဥ္ ခရီးစဥ္လုပ္ငန္းေတြကို ဆိုးဆိုးဝါးဝါး ထိခိုက္ခဲ့ရတယ္လို႔ ေလဆိပ္ တာဝန္ရွိပုဂၢိဳလ္ေတြ ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာ ေဖ္ာျပထားပါတယ္။

ဗီဒီယိုပံုေတြထဲမွာ အမိအရ ႐ိုက္ကူးထားတဲ့ မ်က္ရည္ယိုဗံုးေတြ၊ လူမေသေစႏိုင္တဲ့ က်ည္ေတြနဲ႔ အနီးကပ္ ပစ္ခတ္ၿပီး လူစုခြဲခဲ့တဲ့ ရဲေတြရဲ႕ တနဂၤေႏြေန႔တုန္းက လုပ္ရပ္ကို ဆႏၵျပသူအေတ္ာမ်ားမ်ားက အႀကီးအက်ယ္ ေဝဖန္ေနၾကပါတယ္။
တနဂၤေႏြေန႔က ရဲေတြ ပစ္လိုက္တဲ့ က်ည္ ထိမွန္ခဲ့တာလို႔ ဆိုတဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕ မ်က္လံုးထဲကေန ေသြးေတြ စီးက်ေနပံုကို တံု႔ျပန္တဲ့ အေနနဲ႔ ဆႏၵျပသူတစ္ခ်ိဳ႕က သူတို႔မ်က္လံုးေတြကို ပတ္တီးေတြနဲ႔ စည္းၿပီး ဆႏၵျပခဲ့ၾကပါတယ္။


ဒီကေန႔ တနလၤာေန႔မွာေတာ့ ေဟာင္ေကာင္ ေလဆိပ္ အာဏာပိုင္ေတြက ခရီးသည္ေတြ စာရင္းမတင္ရေသးတဲ့ ေလယာဥ္ ခရီးစဥ္အားလံုးကို ဆိုင္းငံ့လိုက္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။ ေဒသစံေတ္ာခ်ိန္ ညေန ၆ နာရီေနာက္ပိုင္း ထြက္ခြာဖို႔ စီစဥ္ထားတဲ့ ေလယာဥ္ခရီးစဥ္ ၁၀ဝ ေက်္ာဟာ အခုေတာ့ ထြက္ခြာမွာ မဟုတ္ေတာ့ပါဘူး။
Ref: https://www.bbc.com/burmese
Unicode:
ဟောင်ကောင်မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ လေဆိပ်ထဲ စီးနင်း နေရာယူထားလို့ လေယာဉ်ခရီးစဉ်တွေ ဆိုင်းငံ့

https://ichef.bbci.co.uk/news/660/cpsprodpb/6746/production/_108283462_reutersairport.jpg

ဟောင်ကောင် နိုင်ငံတကာလေဆိပ်မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ၄ ရက်မြောက်နေ့အဖြစ် ဆက်လက် ဖြစ်ပွားနေရာမှာ လေယာဉ်ခရီးစဉ်တွေကို ဆိုင်းငံ့လိုက်ပါတယ်။

ကမ္ဘာပေါ်မှာ အစည်ကားဆုံး လေဆိပ်ကြီးတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တဲ့ ဟောင်ကောင် လေဆိပ်မှာ ဆန္ဒပြသူတွေ ထောင်နဲ့ချီ ဝင်ရောက် နေရာယူထားကြပါတယ်။

လူထု စုဝေး ဆန္ဒပြမှုကြောင့် လေယာဉ် ခရီးစဉ်လုပ်ငန်းတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရတယ်လို့ လေဆိပ် တာဝန်ရှိပုဂ္ဂိုလ်တွေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဗီဒီယိုပုံတွေထဲမှာ အမိအရ ရိုက်ကူးထားတဲ့ မျက်ရည်ယိုဗုံးတွေ၊ လူမသေစေနိုင်တဲ့ ကျည်တွေနဲ့ အနီးကပ် ပစ်ခတ်ပြီး လူစုခွဲခဲ့တဲ့ ရဲတွေရဲ့ တနင်္ဂနွေနေ့တုန်းက လုပ်ရပ်ကို ဆန္ဒပြသူအတော်များများက အကြီးအကျယ် ဝေဖန်နေကြပါတယ်။

တနင်္ဂနွေနေ့က ရဲတွေ ပစ်လိုက်တဲ့ ကျည် ထိမှန်ခဲ့တာလို့ ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ မျက်လုံးထဲကနေ သွေးတွေ စီးကျနေပုံကို တုံ့ပြန်တဲ့ အနေနဲ့ ဆန္ဒပြသူတစ်ချို့က သူတို့မျက်လုံးတွေကို ပတ်တီးတွေနဲ့ စည်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာတော့ ဟောင်ကောင် လေဆိပ် အာဏာပိုင်တွေက ခရီးသည်တွေ စာရင်းမတင်ရသေးတဲ့ လေယာဉ် ခရီးစဉ်အားလုံးကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒေသစံတော်ချိန် ညနေ ၆ နာရီနောက်ပိုင်း ထွက်ခွာဖို့ စီစဉ်ထားတဲ့ လေယာဉ်ခရီးစဉ် ၁၀၀ ကျော်ဟာ အခုတော့ ထွက်ခွာမှာ မဟုတ်တော့ပါဘူး။

Share this article :

တစ္ပတ္အတြင္းသတင္းဒိုင္ယာရီ

email တြင္ဖတ္ရန္ သင္႔ Mail ကို႐ိုက္ထည္႔ပါ

Zawgyi Unicode Font

Download

Total Pageviews

ထား၀ယ္ၿမိဳ႕ဆန္းခ်ီ အ-မ-က ျမတ္ဆရာပူေဇာ္ပြဲ

Mandalay FM Live Radio


Mandalay FM Live Radio


လြင္႔ေမာင္ေမာင္၏ ဒိုင္ယာရီ စာမ်က္ႏွာမ်ား

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template