Headlines News :
Home » » အစိုးရနဲ႔ ေဆြးေႏြးပြဲ ယာယီရပ္ထားတဲ့ သေဘာထားကို KNU ေျဖေလွ်ာ့

အစိုးရနဲ႔ ေဆြးေႏြးပြဲ ယာယီရပ္ထားတဲ့ သေဘာထားကို KNU ေျဖေလွ်ာ့

Written By Live100 on Monday, August 12, 2019 | 12:09 AM


ျပည္တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ထဲ ပါဝင္ပတ္သက္တဲ့ အစုအဖြဲ႕ေတြနဲ႔အတူ ေဆြးေႏြးညႇိႏႈိင္း ပူးေပါင္းလုပ္ေဆာင္မယ္ ဆိုၿပီး ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU က ေၾကညာပါတယ္။

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ရဲ႕ တရားဝင္ အစည္းအေဝးေတြကို တက္ေရာက္မႈ ယာယီရပ္ဆိုင္းမယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလဆန္းက KNU ေၾကညာခဲ့အၿပီး ၁ဝ လ အၾကာမွာ အစည္းအေဝးေတြ ျပန္တက္မယ့္ အဓိပၸာယ္မ်ိဳး KNU က ေျပာလာတာ ျဖစ္ပါတယ္။

"ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီး KNU ဘက္က ျပင္ဆင္အဆိုျပဳထားတဲ့ အရာေတြကို အစိုးရဘက္ကလည္း ျပန္လည္ ညႇိႏႈိင္းလာမွာ ျဖစ္တဲ့ အတြက္ KNU လည္း ေဆြးေႏြးေရး ထဲ ပါလာမယ့္ သေဘာ ရွိပါတယ္" ဆိုၿပီး KNU ဒုဥကၠဌ ပဒိုကြယ္ထူးဝင္းက ဘီဘီစီကို ေျပာပါတယ္။

အစိုးရနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ျပန္လုပ္မယ္ဆိုတဲ့ သေဘာလား ဆိုၿပီး ဘီဘီစီက ေမးတဲ့အခါ ပဒိုကြယ္ထူးဝင္းက "ဟုတ္ကဲ့ပါ။ ဒါေတာ့က်ေနာ္တို႔ ျပန္လုပ္ရမွာပါ" ဆိုၿပီး ေျဖဆိုပါတယ္။

KNU ဗဟိုအၿမဲတမ္းေကာ္မတီကေန ထြက္လာတဲ့ ရလဒ္

KNU ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၂ ရက္ေန႔ကေန အခု ဩဂုတ္ ၉ ရက္အထိ ၁၆ ႀကိမ္ေျမာက္ ကြန္ဂရက္ အစည္းအေဝး က်င္းပခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ဗဟိုအၿမဲတမ္းေကာ္မတီ အစည္းအေဝး ဆက္တိုက္လုပ္ပါတယ္။

အဲဒီ ဗဟိုအၿမဲတမ္းေကာ္မတီ အစည္းအေဝး ပထမပိုင္း အၿပီး ဩဂုတ္ ၉ ရက္ ရက္စြဲနဲ႔ ေၾကညာခ်က္တစ္ေစာင္ ထုတ္တာမွာ KNU ဟာ တႏိုင္ငံလုံး အပစ္ရပ္ သေဘာတူ စာခ်ဳပ္ NCA အေပၚမွာ ရပ္တည္လ်က္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ ပါဝင္ေနတဲ့ အစုအဖြဲ႕ေတြနဲ႔အတူ ေဆြးေႏြး၊ ညႇိႏႈိင္း ပူးေပါင္း လုပ္ေဆာင္ သြားမယ္လို႔ ဆိုထားတာ ျဖစ္ပါတယ္။

"KNU ဟာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ထဲကေန ဘယ္တုန္းကမွ ႏုတ္ထြက္ခဲ့တာမ်ိဳး မဟုတ္ဘူး။ တခ်ိဳ႕ ျပင္ဆင္ရမယ့္ဟာေတြ၊ ေဆာင္႐ြက္သင့္တဲ့ဟာေတြကို က်ေနာ္တို႔ လုပ္ေနတယ္" ဆိုၿပီး ပဒိုကြယ္ထူးဝင္းက ဘီဘီစီကို ေျပာပါတယ္။

NCA အေပၚ KNLA သေဘာထား

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီး KNU ဘက္က အဆိုျပဳထားတာေတြ ရွိသလို၊ အစိုးရက ျပန္လည္ အဆိုျပဳတဲ့ အခ်က္ေတြလည္း ရွိေနတဲ့ အတြက္ ဆက္လက္ ညႇိႏႈိင္းသြားရမွာ ျဖစ္တယ္လို႔လည္း ပဒိုကြယ္ထူးဝင္းက ဆိုပါတယ္။

ဒီလို ဆက္ညႇိမယ္ဆိုတဲ့ ေနရာမွာ တျခား တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြနဲ႔လည္း ညႇိႏႈိင္းပူးေပါင္း လုပ္ေဆာင္မယ္လို႔ ပဒိုကြယ္ထူးဝင္းက ေျပာပါတယ္။

အခု ဩဂုတ္လထဲမွာပဲ ၂၁ ရက္ေန႔ဆိုရင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြ ေတြ႕ဆုံဖို႔ ရွိေနၿပီး အဲဒီမွာ အစိုးရနဲ႔ ဘယ္လို ေတြ႕ဆုံေဆြးေႏြးၾကမလဲ ဆိုတာကို အားလုံးညႇိႏႈိင္း သြားမယ္လို႔လည္း ပဒိုကြယ္ထူးဝင္းက ေျပာပါတယ္။
တစ္ဆို႔ေနတဲ့ ၿငိမ္းခ်မ္းေရး

ျပည္တြင္းၿငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ ဦးေဆာင္တဲ့ အစိုးရက သြားေနတဲ့လမ္းေၾကာင္းျဖစ္တဲ့ ၂၁ ရာစု ပင္လုံ ၿငိမ္းခ်မ္းေရး ညီလာခံကေတာ့ ၂ဝ၁၈ ဇူလိုင္မွာ က်င္းပၿပီးကတည္းက ျပန္မလုပ္ႏိုင္တာ တစ္ႏွစ္ စြန္းလာၿပီ ျဖစ္ပါတယ္။

ၿငိမ္းခ်မ္းေရး ညီလာခံမွာ တကယ္ ျပည္ေထာင္စုထဲက ခြဲမထြက္ရလို ကိစၥမ်ိဳး ၊ တစ္ခုတည္းေသာ တပ္မေတာ္ ဘယ္လို ထားရွိမလဲ ဆိုတဲ့ အေရးမ်ိဳး စတဲ့ အေရးႀကီးတဲ့ ကိစၥေတြမွာ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ EAO အဖြဲ႕ေတြၾကား သေဘာထားအျမင္ေတြ ကြာဟေနတယ္လို႔ EAO ကိုယ္စားလွယ္ တခ်ိဳ႕က ေျပာထားပါတယ္။

တခါ၂ဝ၁၈ ထဲမွာ မြန္ျပည္သစ္နဲ႔ လားဟူ ဒီမိုကရက္တစ္ အစည္းအ႐ုံး EAO ႏွစ္ဖြဲ႕ NCA ထဲ ထပ္ပါလာေပမယ့္ ၊ အင္အား ေတာင့္တင္းတဲ့ အဖြဲ႕ေတြလို႔ စစ္ေရး အကဲခတ္ေတြ ရႈျမင္တဲ့ UWSA ဝပ္တပ္ဖြဲ႕နဲ႔ ကခ်င္ KIA တို႔ အပါအဝင္ ေျမာက္ပိုင္း အေျခစိုက္ အဖြဲ႕ေတြေတာ့ ဝင္ၿပီး လက္မွတ္ထိုးတာ မလုပ္ေသးပါဘူး။
ေရွ႕အလားအလာ

အစိုးရနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြထဲ KNU ျပန္ပါလာရင္ ျပည္တြင္းၿငိမ္းခ်မ္းစဥ္ ေရွ႕တိုးႏိုင္မလား ဆိုတာ အတတ္မေျပာႏိုင္ဘူးလို႔ အကဲခတ္တခ်ိဳ႕က ေျပာပါတယ္။

ဘာျဖစ္လို႔လဲ ဆိုေတာ့ တျခား NCA ထိုး အဖြဲ႕ေတြရဲ႕ သေဘာထားလည္း ရွိေနေသးတဲ့ အတြက္လို႔ ဆိုပါတယ္။

KNU အပါအဝင္ ညႇိႏႈိင္း ေဆြးေႏြးပြဲေတြ ျပန္စလာရင္ေတာ့ အခု ၂ဝ၁၉ အကုန္ ပင္လုံညီလာခံ ေနာက္တေက်ာ့ ျပန္က်င္းပလိုတဲ့ အစိုးရရဲ႕ ဆႏၵ ျပည့္ဝသြားေကာင္း သြားလိမ့္မယ္ ဆိုၿပီး တိုင္းရင္းသား အေရး ေလ့လာသူ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

ဒါေပမယ့္ ျပည္ေထာင္စုထဲက ခြဲမထြက္ရနဲ႔ တစ္ခုတည္းေသာတပ္မေတာ္လို ေခါင္းစဥ္ေတြကေတာ့ ေျပလည္မႈ ရမယ့္ အေနအထားမ်ိဳး မေတြ႕ရေသးဘူးလို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com
unicode

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါဝင်ပတ်သက်တဲ့ အစုအဖွဲ့တွေနဲ့အတူ ဆွေးနွေးညှိနှိုင်း ပူးပေါင်းလုပ်ဆောင်မယ် ဆိုပြီး ကရင်အမျိုးသား အစည်းအရုံး KNU က ကြေညာပါတယ်။


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ တရားဝင် အစည်းအဝေးတွေကို တက်ရောက်မှု ယာယီရပ်ဆိုင်းမယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းက KNU ကြေညာခဲ့အပြီး ၁ဝ လ အကြာမှာ အစည်းအဝေးတွေ ပြန်တက်မယ့် အဓိပ္ပာယ်မျိုး KNU က ပြောလာတာ ဖြစ်ပါတယ်။


"ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး KNU ဘက်က ပြင်ဆင်အဆိုပြုထားတဲ့ အရာတွေကို အစိုးရဘက်ကလည်း ပြန်လည် ညှိနှိုင်းလာမှာ ဖြစ်တဲ့ အတွက် KNU လည်း ဆွေးနွေးရေး ထဲ ပါလာမယ့် သဘော ရှိပါတယ်" ဆိုပြီး KNU ဒုဥက္ကဌ ပဒိုကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။


အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လုပ်မယ်ဆိုတဲ့ သဘောလား ဆိုပြီး ဘီဘီစီက မေးတဲ့အခါ ပဒိုကွယ်ထူးဝင်းက "ဟုတ်ကဲ့ပါ။ ဒါတော့ကျနော်တို့ ပြန်လုပ်ရမှာပါ" ဆိုပြီး ဖြေဆိုပါတယ်။


KNU ဗဟိုအမြဲတမ်းကော်မတီကနေ ထွက်လာတဲ့ ရလဒ်


KNU ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကနေ အခု ဩဂုတ် ၉ ရက်အထိ ၁၆ ကြိမ်မြောက် ကွန်ဂရက် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီနောက်မှာတော့ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး ဆက်တိုက်လုပ်ပါတယ်။


အဲဒီ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး ပထမပိုင်း အပြီး ဩဂုတ် ၉ ရက် ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်တာမှာ KNU ဟာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA အပေါ်မှာ ရပ်တည်လျက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ အစုအဖွဲ့တွေနဲ့အတူ ဆွေးနွေး၊ ညှိနှိုင်း ပူးပေါင်း လုပ်ဆောင် သွားမယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။


"KNU ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကနေ ဘယ်တုန်းကမှ နုတ်ထွက်ခဲ့တာမျိုး မဟုတ်ဘူး။ တချို့ ပြင်ဆင်ရမယ့်ဟာတွေ၊ ဆောင်ရွက်သင့်တဲ့ဟာတွေကို ကျနော်တို့ လုပ်နေတယ်" ဆိုပြီး ပဒိုကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။


NCA အပေါ် KNLA သဘောထား


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး KNU ဘက်က အဆိုပြုထားတာတွေ ရှိသလို၊ အစိုးရက ပြန်လည် အဆိုပြုတဲ့ အချက်တွေလည်း ရှိနေတဲ့ အတွက် ဆက်လက် ညှိနှိုင်းသွားရမှာ ဖြစ်တယ်လို့လည်း ပဒိုကွယ်ထူးဝင်းက ဆိုပါတယ်။


ဒီလို ဆက်ညှိမယ်ဆိုတဲ့ နေရာမှာ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ညှိနှိုင်းပူးပေါင်း လုပ်ဆောင်မယ်လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။


အခု ဩဂုတ်လထဲမှာပဲ ၂၁ ရက်နေ့ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံဖို့ ရှိနေပြီး အဲဒီမှာ အစိုးရနဲ့ ဘယ်လို တွေ့ဆုံဆွေးနွေးကြမလဲ ဆိုတာကို အားလုံးညှိနှိုင်း သွားမယ်လို့လည်း ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေး


ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရက သွားနေတဲ့လမ်းကြောင်းဖြစ်တဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကတော့ ၂ဝ၁၈ ဇူလိုင်မှာ ကျင်းပပြီးကတည်းက ပြန်မလုပ်နိုင်တာ တစ်နှစ် စွန်းလာပြီ ဖြစ်ပါတယ်။


ငြိမ်းချမ်းရေး ညီလာခံမှာ တကယ် ပြည်ထောင်စုထဲက ခွဲမထွက်ရလို ကိစ္စမျိုး ၊ တစ်ခုတည်းသော တပ်မတော် ဘယ်လို ထားရှိမလဲ ဆိုတဲ့ အရေးမျိုး စတဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့တွေကြား သဘောထားအမြင်တွေ ကွာဟနေတယ်လို့ EAO ကိုယ်စားလှယ် တချို့က ပြောထားပါတယ်။


တခါ၂ဝ၁၈ ထဲမှာ မွန်ပြည်သစ်နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး EAO နှစ်ဖွဲ့ NCA ထဲ ထပ်ပါလာပေမယ့် ၊ အင်အား တောင့်တင်းတဲ့ အဖွဲ့တွေလို့ စစ်ရေး အကဲခတ်တွေ ရှုမြင်တဲ့ UWSA ဝပ်တပ်ဖွဲ့နဲ့ ကချင် KIA တို့ အပါအဝင် မြောက်ပိုင်း အခြေစိုက် အဖွဲ့တွေတော့ ဝင်ပြီး လက်မှတ်ထိုးတာ မလုပ်သေးပါဘူး။

ရှေ့အလားအလာ


အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေထဲ KNU ပြန်ပါလာရင် ပြည်တွင်းငြိမ်းချမ်းစဉ် ရှေ့တိုးနိုင်မလား ဆိုတာ အတတ်မပြောနိုင်ဘူးလို့ အကဲခတ်တချို့က ပြောပါတယ်။


ဘာဖြစ်လို့လဲ ဆိုတော့ တခြား NCA ထိုး အဖွဲ့တွေရဲ့ သဘောထားလည်း ရှိနေသေးတဲ့ အတွက်လို့ ဆိုပါတယ်။


KNU အပါအဝင် ညှိနှိုင်း ဆွေးနွေးပွဲတွေ ပြန်စလာရင်တော့ အခု ၂ဝ၁၉ အကုန် ပင်လုံညီလာခံ နောက်တကျော့ ပြန်ကျင်းပလိုတဲ့ အစိုးရရဲ့ ဆန္ဒ ပြည့်ဝသွားကောင်း သွားလိမ့်မယ် ဆိုပြီး တိုင်းရင်းသား အရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။


ဒါပေမယ့် ပြည်ထောင်စုထဲက ခွဲမထွက်ရနဲ့ တစ်ခုတည်းသောတပ်မတော်လို ခေါင်းစဉ်တွေကတော့ ပြေလည်မှု ရမယ့် အနေအထားမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com

Share this article :

တစ္ပတ္အတြင္းသတင္းဒိုင္ယာရီ

email တြင္ဖတ္ရန္ သင္႔ Mail ကို႐ိုက္ထည္႔ပါ

Zawgyi Unicode Font

Download

Total Pageviews

ထား၀ယ္ၿမိဳ႕ဆန္းခ်ီ အ-မ-က ျမတ္ဆရာပူေဇာ္ပြဲ

Mandalay FM Live Radio


Mandalay FM Live Radio


လြင္႔ေမာင္ေမာင္၏ ဒိုင္ယာရီ စာမ်က္ႏွာမ်ား

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template