နံနက် ၃နာရီ ၂၅ မိနစ်အချိန်ထိ မင်္ဂလာဈေးမီးမှာ အားကောင်းစွာဆက်လက်လောင်ကွမ်းနေဆဲဖြစ်ပြီး မူလလောင်နေသာ ၃လွှာမှ လေးလွှာသို့ကူးစက်လောင်ကျွမ်းနေကြောင်း ထိုနေရာသို့ရောက်ရှိနေသော သတင်းထောက်ကသတင်းပေးပို့သည်။ အပူရှိန်ကိုဘေးပတ်ဝန်းကျင်မှပင်သိသာ စွာခံစားနေရကြောင်းထိုနေရာတွင်ရောက်ရှိနေကြသူများကပြောသည်


(3:55 AM)
မင်္ဂလာဈေး မီးလောင်ကျွမ်းမှု .. ရုပ်သံ (3:55 AM)
Posted by 7Day News Journal on Friday, January 8, 2016
မင်္ဂလာဈေးမီးသည် နံနက် ၄နာရီထိုးသည်အထိ အားကောင်းစွာဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကာ အထက်ရှိအထပ်များသို့ ကူးစက်လောင်ကျွမ်းနေသည်။ မီးသတ်ကားအစီးရေ ၅၀ဖြင့် ကြိုးစားငြိမ်းသတ်နေရသည်ဟု မီးသတ်ကထုတ်ပြန်ထားသည်။ ၂၀၁၀ ခုနှစ်မေလကမင်္ဂလာဈေးတွင် လောင်ကျွမ်းခဲ့သောမီးထက် လက်ရှိလောင်ကျွမ်းနေသောမီးမှာပိုမိုပြင်းထန်သည်။မီးလောင်ကျွမ်းမှုကို level ၆အဆင့်ထိ့သတ်မှတ်ထားကြောင်း 7 Day သတင်းထောက်ကသတင်းပေးပို့သည်။ ဓာတ်ပုံ-နစ်ကီ ၊ ကြူကြူဟန်


မင်္ဂလာဈေးမီးမှာ နံနက် ၅နာရီခွဲဝန်းကျင်တွင် မီးညွှန့်ကျိုးသွားပြီဖြစ်သည်။ လေးနာရီခန့်ကြာအရှိန်အဟုန်းပြင်းပြင်းဖြင့်
လောင်ခဲ့သောမီးကို ၅ နာရီ ခွဲ ခန့်တွင်မီးညွှန့်ကျိုးအောင် မိသပ်တပ်ဖွဲ့ဝင်များက ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ခြင်းဖြစ်သည်။ အောက်ထပ်များသို့မီးမကူးအောင် ထိန်းထားနိုင်သောအခြေအနေဖြစ်ကြောင်း လည်း အခင်းဖြစ်ပွားရာနေရာမှ 7 Day သတင်းထောက်ကသတင်းပေးပို့သည်။

နံနက်ခြောက်နာရီ ဝန်းကျင်တွင် မီးသပ်တပ်ဖွဲ့ဝင်များကမင်္ဂလာ ဈေးပေါ်သို့အသက်ကယ်လှေကားမှတက်ကာ အတွင်းတွင်လှိုက်လောင်နေသောမီးကို ငြှိမ်းသတ်နေပြီဖြစ်သည်။ ဈေးပတ်ပတ်လည်မှလည်းဟိုက်ဒရောလစ်လှေကားများပေါ်
မှရေပတ်ဖြန်းကာငြှိမ်းသတ်နေသောကြောင့်မီးကိုထိန်းထားနိုင်နေ
ပြီဖြစ်ကြောင်း 7 Day သတင်းထောက်ကသတင်းပေးပို့သည်။


နံနက် ၇ နာရီ မင်္ဂလာဈေးမီးမြင်ကွင်း



7 Day