Headlines News :
Home » » ကျောက်မီးသွေးစက်ရုံစီမံကိန်း ကန့်ကွက်မည်ဟု အနိုင်ရ ရေး NLD အမတ်ဆို

ကျောက်မီးသွေးစက်ရုံစီမံကိန်း ကန့်ကွက်မည်ဟု အနိုင်ရ ရေး NLD အမတ်ဆို

Written By Live100 on Friday, January 8, 2016 | 8:36 AM



Dawei Watch| ရေး၊ ဇန်န၀ါရီ ၆

ရေးမြို့နယ်၊ ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအနီးတွင် Toya-Thai Group မှ ဆောက်လုပ်ရန်လျာထားသည့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ကန့်ကွက်သွားမည်ဖြစ်ကြောင်း ရေးမြို့နယ်မှ အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောကြားသည်။

ယင်းဒေသတွင် တည်ဆောက်ရန် လျာထားသော ကျောက်မီးသွေး စက်ရုံ စီမံကိန်းကို ခေတ္တဆိုင်းငံထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်သန်းဦးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သဖြင့် အပြီးတိုင် ဖျက်သိမ်းခြင်းမပြုသေးသည့် အပေါ် ဒေသခံများ စိုးရိမ်နေခြင်းနှင့် ပတ်သက်၍ ဦးမျိုးဝင်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အရင်ကလုပ်ခဲ့တဲ့သူတွေနဲ့ အခုလုပ်မယ့်သူတွေက မတူဘူး။ အခုလုပ်မယ့်သူတွေက
သဘာဝပတ်ဝန်းကျင်ကို အဓိကအလေးထားတဲ့သူတွေအများစုပါတယ်ဆိုတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင်ကြိုးစားမယ်ဆိုတော့ ဒီကျောက်မီးသွေးစက်ရုံစီမံကိန်းဟာ လုပ်ခဲ့မယ်ဆိုလို့ရှိရင်တောင် ကန့်ကွက်သွားမှာပဲ” ဟု ဦးမျိုးဝင်းက ပြောသည်။

ပြည်သူကလက်မခံပါက အဆိုပါစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းသင့်ကြောင်းလည်း ရေးဒေသခံအဖွဲ့အစည်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာနေသူများက ပြောသည်။

“ဆိုင်းငံ့ထားတာ ဘာဖြစ်လို့လဲ… ပြည်သူလူထုလက်မခံလို့ လို့လျှပ်စစ်ဒုဝန်ကြီးကဆိုတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ် တိုယို-ထိုင်းကိုပြောထားတာရှိတယ်။ ဒေသခံလူထုလက်မခံရင် လုပ်ခွင့်မပြုဘူးတဲ့။ ကဲ...ဒါဆိုရင် ဆိုင်းငံ့စရာကို မလိုတော့ဘူး...။ တခါတည်းရပ်ပစ်လိုက်ရမှာ ” ဟု
ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့မှ ဦးညီသွေးက ပြောသည်။

နောင်လာမည့် အစိုးရ အနေနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်သော စီမံကိန်းများကို အမှန်တကယ် တတ်သိနားလည်သည့် ပညာရှင်များနှင့် တိုင်ပင်ကာ လူထုကို ပွင့်လင်းမြင်သာစွာ ရှင်းပြပြီးမှ လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။


“ခုလို မင်းတို့ဒေသခံကို သွားရှင်းပြ သူတို့လက်ခံရင်လုပ် ဆိုတဲ့ပုံနဲ့တော့ မလုပ်နဲ့လို့။
ပြည်သူလူထုက ပညာရှင်တွေမဟုတ်ဘူးလေ။ ပြည်သူလူထုက ကန့်ကွက် ဆန္ဒပြမှုတွေဖြစ်၊  အလုပ်ပျက်အကိုင်ပျက်နဲ့... လက်ခံသူနဲ့ လက်မခံသူဒေသခံ အချင်းချင်းလည်း သွေးတွေကွဲ”ဟု ဦးညီသွေးက ပြောသည်။

ကမ္ဘာ့တစ်လွှား ကာဘွန်ဒိုင်အောက်ဆိုက် လျှော့ချသုံးစွဲရန်ဆုံးဖြတ်ထားချိန်တွင် မြန်မာနိုင်ငံက တိုးအောင်လုပ်ပါက တစ်ကမ္ဘာလုံး လက်ညှိးဝိုင်းထိုးခံရမည်ဖြစ်ကြောင်း သူကဆိုသည်။

စီမံကိန်းကိုဆန့်ကျင်ကန့်ကွက်ကြောင်း အံဒင်ဒေသခံများအပြင် ရေးမြို့ပေါ်တွင်လည်း လူပေါင်းထောင်ချီ ကန့်ကွက်ခဲ့ပြီးဖြစ်ကြောင်း၊ နောက်တက်မည့်အစိုးရသစ်လက်ထက်တွင် လည်းပြည်သူမလိုလားသည့်စီမံကိန်းကို ဆောင်ရွက်မည်မဟုတ်ဟုယုံကြည်ကြောင်း ရန်ကြီးအောင်ရပ်ကွက်နေ ကိုနိုင်စိုးက သုံးသပ်သည်။

ကျောက်မီးသွေး စက်ရုံများနှင့် ပတ်သက်၍ NLD ပါတီ၏ မူဝါဒ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းကမူ မဖြစ်အောင်တားဆီးမည်ဟု ဆိုသည်။

“အဲဒီတော့ ပြည်သူတွေအနေနဲ့ မဖြစ်အောင်တားဆီးပေးမယ်ဆိုတော့ စိတ်အေးလက်အေးနေနိုင်ပါပြီ”ဟု ၎င်းက ပြောသည်။

တိုယိုထိုင်းကုမ္ပဏီမှ ဒေါ်လာသန်း ၂၇၀၀ ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်ဓါတ်အားမဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမည့် အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးဖြင့်လည်ပတ်မည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ပြည်ထောင်စုအစိုးရနှင့် ဧပြီလ ၉ ရက်နေ့က
MOA လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template