Headlines News :
Home » , » ထားဝယ် - ရန်ကုန် လမ်းမပေါ် ယာဉ် ၂ စီးဆင့် တိုက်မှုဖြစ်၊ သီလရှင်တစ်ပါး ပျံတော်မူ

ထားဝယ် - ရန်ကုန် လမ်းမပေါ် ယာဉ် ၂ စီးဆင့် တိုက်မှုဖြစ်၊ သီလရှင်တစ်ပါး ပျံတော်မူ

Written By Live100 on Wednesday, January 6, 2016 | 10:49 PM










၁) ယာဉ်တိုက်မှု မြင်ကွင်း
၂) ထိခိုက်ဒဏ်ရာရသူများကို ကူညီနေစဉ်
ဓာတ်ပုံ - ဇမ္ဗူသီရိ
|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၅
ရန်ကုန် - ထားဝယ် ပြည်ထောင်စု လမ်းမပေါ်တွင် ဇန်န၀ါရီလ ၄ရက်က မော်တော်ယာဉ် ၂ စီးဆင့် ယာဉ်တိုက်မှု ဖြစ်ပွားရာ သီလရှင် တစ်ပါး ပျံတော်မူခဲ့ကြောင်း ကလိန်အောင် ရဲစခန်းမှ သိရသည်။
ယင်းနေ့ မွန်းလွှဲ ၁နာရီခွဲခန့်တွင် မိုင်တိုင်အမှတ် ၅၆/၁ ရားဖူးကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာအနီး၌ ထားဝယ်ဖက်မှ ရန်ကုန်ဖက်သို့ မောင်းနှင်လာသည့် STATION WAGONကားသည် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် PICKUP ကား ၀ဲဘက်ထောင့်စွန်းအား တိုက်ပြီး ဆက်လက်မောင်းနှင်ရာ နောက်မှ မောင်းနှင်လာသည့် ပဒုမ္မာစာရီ သီလရှင် စာသင်တိုက် (ညောင်ရွှေမြို့)မှ LIGHT TRUCK ကား ဘုရားဖူးယာဉ်နှင့် မျက်နှာချင်း ၀င်မိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှတ်တမ်းအရ သိရသည်။
ယင်းယာဉ်တိုက်မှုကြောင့် LIGHT TRUCK ကားပေါ်တွင် လိုက်ပါလာသည့် ပဒုမ္မာစာရီ သီလရှင်စာသင်တိုက်မှ သီလရှင်တစ်ပါး အခင်းဖြစ်သည့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး သီလရှင် ဆရာလေး ၁၁ပါးနှင့် အမျိုးသား ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါ ရဲမှတ်တမ်းအရသိရသည်။
ယင်းဒဏ်ရာရ လူနာများအား ကနဦးတွင် ကလိန်အောင် ဆေးရုံသို့ တင်ပို့ခဲ့ပြီး ယင်းမှ ထားဝယ် ဆေးရုံကြီးသို့ လွှဲပြောင်းကုသ နိုင်ရန် ထားဝယ်ဒေသမှ အရေးပေါ်လူနာတင်ယာဉ် ၆စီးဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ရကြောင်း ဇမ္ဗူသီရိ  အရေးပေါ် လူနာသယ် ဆောင်ရေး အဖွဲ့မှ ကိုနိုင်မျိုးသွင် က ပြောသည်။
“အခုတလော ယာဉ်တိုက်မှုတွေထဲမှာ အဆိုးဆုံးပဲ” ဟု ကိုနိုင်မျိုးသွင်က ပြောသည်။
ယင်းဒဏ်ရာရ လူနာများအနက်  သီလရှင်တစ်ပါးအား ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီး ကျန်ရှိသည့် လူနာများကိုမူ ထားဝယ် ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသလျက်ရှိပြီး ၃ဦးမှာ စိုးရိမ်ရကြောင်း ဇမ္ဗူသီရိ  ဆေးမှတ်တမ်းများအရ သိရသည်။
၎င်းယာဉ်တိုက်မှုအား ကလိန်အောင်ရဲစခန်း၌ ယာဉ်(ပ)၁/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူ လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template