အိန္ဒိယ နိုင်ငံ အရှေ့ မြောက်ပိုင်း မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ နဲ
နယ်စပ်ခြင်း ထိစပ်နေတဲ့ မဏပူရ ပြည်နယ် ထဲမှာ ပြင်းအား ပမာဏ ၆.၈ ရှိတဲ့
ငလျင် တစ်ခု လှုပ်ခတ် ခဲ့တယ် ဆိုပြီး အမေရိကန် ဘူမိ တိုင်းထွားရေး အဖွဲ့
USGS က ထုတ်ပြန် ပါတယ်။
ဒေသစံတော်ချိန် တနင်္ဂနွေ မနက် လင်းအားကြီး ၄ နာရီ ၃၅ မိနစ် အချိန်မှာ
အင်ဖာမြို့ အနောက်မြောက်ဘက် မိုင် ၂၀ အကွာမှာ လှုပ်ခတ် ခဲ့တာ ဖြစ်တယ်လို့
USGS က ပြောပါတယ်။
ငလျင် လှုပ်တဲ့ အရှိန်ကို ဒေသတွင်း တစ်ခုလုံး ခံစား မိကြ ရတာမှာ ရန်ကုန်မှာ
လည်း လှုပ်ခတ် သွားတယ် ဆိုပြီး ဖေ့စ်ဘွတ်ခ်ပေါ် ရေးသား လာကြတာကို တွေ့
နေရပါတယ်။
BBC Burmese