Headlines News :
Home » » ထိုင်းကောင်းကင်က အလင်းတန်းနဲ့ ဗီယက်နမ်မှာ ကျတဲ့ပေါက်ကွဲမှု ရုရှားရဲ့ ဒုံးပျံအစိတ် အပိုင်းဟု ပညာရှင်များဆို

ထိုင်းကောင်းကင်က အလင်းတန်းနဲ့ ဗီယက်နမ်မှာ ကျတဲ့ပေါက်ကွဲမှု ရုရှားရဲ့ ဒုံးပျံအစိတ် အပိုင်းဟု ပညာရှင်များဆို

Written By Live100 on Tuesday, January 5, 2016 | 6:21 PM

ပြီးခဲ့တဲ့ ဂျန္နဝါရီလ ၂ ရက်နေ့ ထိုင်းနိုင်ငံက ခရိုင် ၂ ခုမှာ ကောင်းကင်မှာ ထူးဆန်း ဖွယ် အလင်းတန်းကြီး တခုကိုတွေ့ရလို့ ဥက္ကာပျံကြီးကျလာလေမလားဆိုပြီး ပြည်သူလူထုက စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အထူးအဆန်းကြီးသဖွယ် သတင်းတွေ စောင့်ကြည့်နားထောင် ခဲ့ကြပါတယ် ။


ဗီယက်နမ်နိုင်ငံတွင် ကောင်းကင်မှ ကျလာသည့် အစိပ်အပိုင်း

ထိုင်းနိုင်ငံ အာကာသ သုတေသနဌာနကတော့ အဲတာဟာ ကမ္ဘာပတ်လမ်း ထဲကိုရောက် ရှိလာတဲ့ ဒုံးပျံရဲ့ အစိတ်အပိုင်းတခု ဖြစ်နိုင်တယ်လို့ ကြေငြာပါတယ် ။ တချို့ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်က ပစ်ခတ်ခံရတဲ့ ရုရှားရဲ့ ဒုံးပျံဖြစ်နိုင်တယ် လို့ဆိုပါတယ် ။


ထိုင်းနိုင်ငံ လွေးခရိုင် ဆုခိုထိုင်းခရိုင်နဲ့ လမ်းပန်းခရိုင် ဒေသခံတွေက အဲဒီအလင်း တန်း ကိုတွေ့ရတဲ့နေ့မှာဘဲ ဗီယက်နမ်နိုင်ငံထဲမှာလဲ ကောင်းကင်ကနေ အရာဝတ္ထုကြီး ကျ ရောက်ပေါက်ကွဲတာ အချိန်သိပ်မကွာဘူးလို့ဆိုပါတယ် ။


ဗီယက်နမ်နိုင်ငံ Tuyen Quang နဲ့ Yen Bai မြို့တို့မှာ ကောင်းကင်ယံက ကျလာပြီး ပေါက်ကွဲတဲ့အရာဟာ ရုရှားလုပ် ဒုံးပျံ ရဲ့အစိတ်အပိုင်း ၂ ခု ဖြစ်နိုင်နိုင်တယ်လို့ သတင်း တွေမှာ ထုတ်ပြန်ခဲ့ပါတယ် ။ အဲဒီ သံလုံးကြီး ၂ ခုမှာ ရုရှားစာပါတွေ့ရပြီးတော့ SL-23 ဒုံးပျံ ရဲ့အစိတ်အပိုင်းဖြစ်တယ်လို့လည်းပါရှိပါတယ် ။ တခုက အချင်း ၈၀ စင်တီမီတာ အလေး ချိန် ၃၅ ကီလိုဂရမ်ရှိပြီး ၊ ကျန်တခုက အချင်း ၄၀ စင်တီမီတာ အလေးချိန် ၅ ကီလိုဂရမ်ရှိ တယ်လို့ ဗီယက်နမ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ် ။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template