Headlines News :
Home » » လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားတဦး ထပ်မံသေဆုံး

လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားတဦး ထပ်မံသေဆုံး

Written By Live100 on Saturday, January 9, 2016 | 12:52 PM


ဗြိတိန်နိုင်ငံသား ဟန်နာဝစ်သာရစ်ခ်ျနဲ့ ဒေးဗစ်မေလာတို့ အသတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ၊ လိပ်ကျွန်းပေါ်မှာ နိုင်ငံခြားသားတဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Islandecho သတင်းမှာ ဇန်န၀ါရီ ၈ ရက်နေ့က ဖော်ပြပါတယ်။
သေဆုံးသူ အသက် ၂၇ နှစ်အရွယ် လုခ်မေလာဟာ ၅ ပတ်ကြာ အားလပ်ရက်ခ ရီးအဖြစ် သူငယ်ချင်းတဦးနဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တည်းက ဗြိတိန်နိုင်ငံမှ ထွက်ခွာလာခဲ့တာပါ။
သူ့ရဲ့သေဆုံးမှုကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အတည်ပြုပေးခဲ့ပြီး ဘာကြောင့် သေဆုံးရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
မီလာဟာ ထိုင်းနိုင်ငံ မလာရောက်ခင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ရှင်သန်နေတဲ့ဘ၀ အပြည့်အ၀ရရှိရန်”လို့ ရေးသားခဲ့တာပါ။
ဗြိတိန်နိုင်ငံခြားရေးရာနဲ့ ဓနသဟာယဆိုင်ရာရုံးရဲ့ဇန်န၀ါရီလ ၈ ရက်နေ့ညနေပိုင်းမှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ “ကျနော်တို့ ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ သေဆုံးသွားတဲ့ (လုခ်မေလာရဲ့) မိသားစုဝင်တွေကို ကူညီပေးနိုင်ဖို့ လုပ်နေပါတယ်။ ထိုင်းတာဝန်ရှိသူတွေက ခုလိုသေဆုံးရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးနေကြပြီး ကျနော်တို့ အနေနဲ့ သူတို့နဲ့ ဆက်သွယ်ဖို့ ရှိနေပါတယ်”လို့ ဖော်ပြပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template