Headlines News :
Home » , » ဒီဇင်ဘာလ ၂၈ မှ ဇန်န၀ါရီလ ၄ ရက်အတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အစိုးရတပ်ဘက်မှ သတင်းထုတ်ပြန်

ဒီဇင်ဘာလ ၂၈ မှ ဇန်န၀ါရီလ ၄ ရက်အတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အစိုးရတပ်ဘက်မှ သတင်းထုတ်ပြန်

Written By Live100 on Friday, January 8, 2016 | 8:45 AM

( မြန်မာ့ အစိုးရတပ်မတော်မှ ထုတ်ပြန်သော တိုက်ပွဲ ဖြစ်ပွားရာနေရာ)
ရန်ကုန်၊ ဇန်န၀ါရီ ၈

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မြန်မာ အစိုးရတပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (အေအေ) တို့သည် ၂၀၁၅ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ဇန်န၀ါရီလ ၄ ရက်နေ့အတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ အစိုးရတပ်ဘက်မှ သတင်း ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အေအေမှ လက်ဖြောင့် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူး ၁ ဦး အပါအ၀င် အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော် အတွက် အသက်ပေးလှူကာ တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြသည်။

အေအေအဖွဲ့မှ အလောင်းသုံးလောင်းနှင့် သေနတ်တစ်လက်၊ ကျည်မျိုးစုံ ၁၂၅၀ တောင့်၊ မိုင်းမျိုးစုံ ၄၄ လုံး၊ လက်ပစ်ဗုံး ၁၀လုံး၊ ယာယီ အခြေပြု စခန်း လူနေတဲ ၁၅ လုံး၊ ဆန် ၄၂ အိတ်၊ ဆီ ၁၅ ပုံး၊ ဆေးဝါးမျိုးစုံတို့အား သိမ်းဆည်းရမိသည်ဟု ဖော်ပြသည်။

ယခု သတင်းထုတ်ပြန်ချက်သည် မြန်မာ အစိုးရ စစ်တပ်ဘက်မှ ပထမအဆုံး အကြိမ် ရက္ခိုင့်တပ်မတော်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး ထုတ်ပြန်ခြင်း ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားရာ ဒေသမှာ ကျောက်တော်မြို့နယ် ရမ်းချောင်း၊ ရူးချောင်း ဒေသတွင် ဖြစ်ကြောင်း သိရသည်။

Arakan State
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template