
ဇန်နဝါရီလ ၉ရက်နေ့မနက် ၁နာရီ မိနစ် ၂၀ ခန့်က လောင်ကျွမ်းခဲ့သည့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလာဈေး မီးလောင်မှုမှာ ဆိုင်ခန်းပေါင်း (၁၆၃၆)ခန်း လောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေ သိန်းပေါင်း(၃၆၆၀၂)သိန်းဖိုး ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးမြင့်ထွေးက ပြောပါသည်။
အဆိုပါမီးလောင်ကျွမ်းမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အား ၃၅၀ဦး၊ကြက်ခြေနီတပ်ဖွဲ့မှ အင်အား ၁၆၀ဦး၊တပ်မတော်မှ အင်အား ၁၈၀ဦး၊မီးသတ်တပ်ဖွဲ့မှ အင်အား ၈၅၀ဦး တို့ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြပြီး တာမွေမြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးသာ ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ပါသည်။
မီးလောင်ကျွမ်းမှုမှာ စားသောက်ဆိုင်များ ဆေးဝါးပစ္စည်းဆိုင်များ အလှကုန်ပစ္စည်းဆိုင်များ နှင့် အိမ်သုံးပစ္စည်းဆိုင်များ ပါဝင်ခဲ့သည်။
အခုလက်ရှိမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲသည့် မင်္ဂလာဈေးဝင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် အင်အား ၁၆၀ဦးနဲ့ လုံခြုံရေး ဆောင်ရွက်ပေးနေတယ်လို့ သိရပါသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (FACEBOOK)