Headlines News :
Home » » KIO/KIA မှ ဖမ်းဆီးထားသော ဒေသခံများအား လွှတ်ပေးရန် SNLD တောင်းဆို

KIO/KIA မှ ဖမ်းဆီးထားသော ဒေသခံများအား လွှတ်ပေးရန် SNLD တောင်းဆို

Written By Live100 on Tuesday, January 5, 2016 | 6:17 PM

စစ်မှုထမ်းရန်ခေါ်ဆောင် သွားသည့် ကချင် လွတ်လပ်ရေးတပ်မတော် KIO/KIA မှ  ခေါ်ဆောင်သွားသည့် မူစယ်ဒေသခံများအား ပြန်လွတ်ပေးရန် သျှမ်းတိုင်း ရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဂျန္နဝါရီ ၂ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက် တစောင် ထုတ်ပြန်လိုက်သည် ။



၂၀၁၅ ဒီဇင်ဘာ ၂၈ နှင့် ၂၉ ရက်နေ့တွင် မူစယ်မြို့တွင်ကျင်းပသော သျှမ်းနှစ်သစ်ကူး ပွဲတော် သို့သွားသည့် မူစယ်မြို့နယ် နှင့် ကွတ်ခိုင်မြို့နယ် အတွင်း ဒေသခံအမျိုးသား အမျိုးသမီး ၁၅ ဦးအား ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA မှဖမ်းဆီးသွားသည့် ကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ကြေငြာ ထားသည် ။


“ မူစယ်နဲ့ ကွတ်ခိုင်မြို့နယ် ထဲမှာ ကေအိုင်အေ အဖွဲ့ကနေ ဒေသခံ ရှမ်းလူငယ်တွေ ၊ ပလောင်လူငယ် တွေ ဖမ်းဆီးခေါ်ဆောင်သွားတာတွေဟာ မလိုလားအပ်တော့တဲ့ မဖြစ်သင့်တော့တဲ့ ကိစ္စတွေ ဖြစ်နေ တယ် ။ ဒီကိစ္စက အများကြီးစိုးရိမ်ပူပန်ရတယ် ။ ချွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးဖို့လိုတယ် ” – ဟု SNLD ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ပြောသည် ။


အဆိုပါကိစ္စနှင့်ပတ်သက်၍ KIO/KIA ၏ ကွတ်ခိုင်ခရိုင် ဂျာဘွမ်တိုက်နယ် အုပ်ချုပ်ရေးမှူး ဦးဘရန်မိုင် က “ ကျနော်တို့ ဖမ်းဆီးခေါ်ဆောင်တာမရှိပါဘူး ။ စည်းရုံးပြီးတော့ ခေါ်ဆောင်လာတာပါ ” - ဟု သျှမ်းသံ တော် ဆင့်သို့ပြောသည် ။


ကွတ်ခိုင်မြို့နယ် နားဆီမူ့ရွာ ၊ ကောင်းလာရွာ ၊ မန်ပိန်းရွာ ဒေသခံ ၅ ဦး ၊ မူစယ်မြို့နယ် ကောင်းမူးတုံ နှင့် မန်တာ့လုံ ဒေသခံ ၁၀ ဦး အား KIO/KIA မှ ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု မူစယ်မြို့နယ် သျှမ်းစာပေယဉ်ကျေးမှု အတွင်းရေးမှူး စိုင်းမြတ်အောင်က ဤကဲ့သို့ပြောသည် ။


“ မူစယ်မြို့ ဟိုနားရပ် ကောင်းမူးတုံ ဒေသခံ ၂ ဦး ၊ မန်တာ့လုံဒေသခံ ၈ ဦး အား မန်တာ့လုံ အသားကင် ဆိုင် က နေ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ် ။ ကွတ်ခိုင်က နားဆီမူ ၊ ကောင်လာရွာ ပလောင်သူ မအမ်ညို ၊ လွေးအိုင် ၊ မန်ပိန်းက အမျိုးသား ၂ ဦးပေါ့ ၊ ဖမ်းခံရတဲ့ အမျိုးသမီးတွေအစား အမျိုးသား လူစား လာထိုးခိုင်းတယ် ” - ဟု စိုင်းမြတ်အောင် ကပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် နှင့် မူစယ်ခရိုင်အတွင်း ၎င်းတို့ သွားလာလှုပ်ရှားသည့် ကျေးရွာအား လုံးအား တရွာလျှင် လူ ၇ ယောက် နှုန်းဖြင့် KIO/KIA ထံ စစ်မှုထမ်းရန် ၂၀၁၅ ဒီဇင်ဘာလ နှောင်း ပိုင်းက ဆင့်ခေါ်စာပေးပို့ထားသည်ဟု မူစယ်မြို့ခံ မောင်မိုင်းညီ ကပြောသည် ။ အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ KIO ဌာနချုပ် ပြောခွင့်ရ ဦးလာနန် ထံ အကြိမ်ကြိမ်ဖုန်းခေါ်သော်လည်း ဖုန်းလက်ခံခြင်းမရှိခဲ့ပေ ။

သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template