Headlines News :
Home » , » ပြီးခဲ့သည့် တစ်လခန့်က အသတ်ခံရသည်ဟု ယူဆရသည့် ကြက်ခြံပိုင်ရှင် အလောင်းကို ခြံဝင်းအတွင်း ပြန်တွေ့

ပြီးခဲ့သည့် တစ်လခန့်က အသတ်ခံရသည်ဟု ယူဆရသည့် ကြက်ခြံပိုင်ရှင် အလောင်းကို ခြံဝင်းအတွင်း ပြန်တွေ့

Written By Live100 on Sunday, January 3, 2016 | 8:55 PM




|Dawei Watch| မြိတ်၊ ဇန်န၀ါရီ ၃
မြိတ် မွေးမြူဇုံရှိ ကြက်မွေးမြူရေးခြံတစ်ခုတွင် ပြီးခဲ့သည့် တစ်လခန့်ကတည်းက အသတ်ခံရပြီး အလောင်းဖျောက်ထားသည်ဟု ယူဆရသည့် ကြက်ခြံပိုင်ရှင်၏ အလောင်းကို ဇန်န၀ါရီလ ၃ ရက်တွင် ယင်းခြံဝင်းအတွင်း ပြန်တွေ့ခဲ့ကြောင်း မိသားစုဝင်များ၊ မျက်မြင်များနှင့် မြိတ်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု မွေးမြူရေးဇုံ၊ မြို့ပတ်၂လမ်း၊ ခြံအမှတ် ၉တွင် အခင်းဖြစ်ပွားခဲ့ပြီး သေဆုံးသူ အမျိုးသား ခရီးသွားနေသည်ဟု သိထားရသည်မှာ ၁ လနီးခန့်ရှိပြီဟု ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် နေထိုင်ပြီး လက်ရှိ မြိတ်ရောက် နေသည့် သေဆုံးသူ၏ အစ်ကိုဖြစ်သူက ပြောသည်။
၎င်း၏ အဆိုအရ သေဆုံးသူက မိခင်ဖြစ်သူတွင် ၀င်ပူးပြီး ပြောလာသည့်အတွက် မြိတ်မြို့နယ် ရဲစခန်းတွင် ဇန်န၀ါရီလ ၂ ရက်က လူပျောက်တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှ ခြံဝင်းအတွင်း စစ်ဆေးရာမှ အလောင်းကို တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။.
“ဘယ်လိုသတ်ထားလဲဆိုတာတော့ မသိရသေးပါဘူး၊ အလောင်းကတော့ ခြံဝင်းအတွင်းမှာပဲ၊ မြေမြှုပ်ထားတာကို ကျွန်တော်တို့ အလောင်းဖော် ထုတ်လိုက်ပါပြီ၊ ဒီခြံထဲမှာရှိတဲ့ အလုပ်သမား၃ဦးကိုတော့ စခန်းမှာ ခေါ်ယူ စစ်ဆေးနေပါတယ်”ဟု မြိတ်မြို့နယ်ရဲစခန်းမှူး ဦးဝင်းဇော်ဦးက ပြောသည်။
သေဆုံးသူ အမျိုးသားသည်၊ ဦးအောင်မိုးဆွေ အသက် ၃၇နှစ်သည် ယခင်က Andaman ကုမ္ပဏီ၏ ငါးအ၀ယ်တော် တစ်ဦးဖြစ်ပြီး ယင်းကုမ္ပဏီမှ အလုပ်ထွက်ပြီးနောက် ကြက်သားပေါက်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း သေဆုံးသူ၏ အစ်ကိုဖြစ်သူထံမှ သိရသည်။
“အလောင်းကတော့ သေဆုံးနေတာ ၁ လနီးပါးလောက်တော့ ရှိလိမ့်မယ်ထင်ပါတယ်၊ ဒဏ်ရာဒဏ်ချက်တွေအနေနဲ့ကတော့ ဓားဒဏ်ရာတွေတော့ တွေ့ထားပါတယ်”ဟု မှူးခင်းမှတ်တမ်း တာဝန်ရှိ ရဲတပ်ဖွဲ့တစ်ဦးက ပြောကြားသည်။
လက်ရှိမှာ အဆိုပါ အလောင်းဖျောက်လူသတ်မှုနှင့် ပတ်သက်ပြီး ကြက်ခြံ လုပ်သား ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေပြီး၊ နောက်ဆက်တွဲ တရားခံများကိုလည်း ထပ်မံဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြောင်း  မြိတ်မြို့နယ်ရဲစခန်းမှ သိရသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template