Headlines News :
Home » » ရဲတပ်ဖွဲ့ ၀က်ဘ်ဆိုဒ်များ တိုက်ခိုက်ခံရမှုအပေါ် ထိုင်းရဲ စုံစမ်းမှုများ ပြုလုပ်

ရဲတပ်ဖွဲ့ ၀က်ဘ်ဆိုဒ်များ တိုက်ခိုက်ခံရမှုအပေါ် ထိုင်းရဲ စုံစမ်းမှုများ ပြုလုပ်

Written By Live100 on Wednesday, January 6, 2016 | 9:23 AM


လိပ်ကျွန်းအမှု စီရင်ချက်အပေါ် တုံ့ပြန်တဲ့အနေနဲ့ ထိုင်းရဲတပ်ဖွဲ့ ဌာနဆိုင်ရာ ၀က်ဘ်ဆိုဒ်တွေကို ခုရက်ပိုင်းအတွင် ဆိုက်ဘာတိုက်ခိုက်မှုအပေါ် ထိုင်းရဲတပ်ဖွဲ့ကလည်း စုံစမ်းနေပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ ကနေဦး စုံစမ်းချက်တွေအရ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ ပြည်ပကနေ ပြုလုပ်တာဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အေပီသတင်းဌာနကို ပြောပြီး ဒါဟာ လိပ်ကျွန်းအမှုအပေါ် မကျေနပ်လို့ မြန်မာနိုင်ငံထဲက ဖြစ်နိုင်မလားလို့ မေးတဲ့အခါ ဖြစ်နိုင်ခြေရှိသလို စုံစမ်းနေဆဲ အဆင့်သာဖြစ်ကြောင်းဆိုပါတယ်။
ဇန်န၀ါရီ ၄ ရက်နေ့ညပိုင်းက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဆိုဒ်အပါအ၀င် ဌာနဆိုင်ရာဝပ်ဆိုဒ် ၁၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း ဟက်ကာတွေက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ အဲဒီထဲက ၀ပ်ဆိုဒ် ၅ ခုဟာ အင်္ဂါနေ့ညပိုင်းအထိ ပြန်ဖွင့်လို့ မရသေးပါဘူး။
လိပ်ကျွန်းအမှုမှာ မြန်မာ ၂ ဦးကို သေဒဏ်ချမှတ်တာ ထိုင်းရဲတပ်ဖွဲ့က ဓားစာခံလုပ်တာ ဖြစ်ကြောင်း၊ အမှုမှန်မပေါ်ပေါက်သေးသရွေ့ နိုင်ငံခြားခရီးသွားဧည်သည်တွေအနေနဲ့ လုံခြုံမှု မရှိတာကြောင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကို သပိတ်မှောက် ဆန့်ကျင်ကြဖို့ နိုင်ငံတကာ ဟက်ကာအုပ်စုလို့ လူသိများတဲ့ Anonymous အဖွဲ့ကနေ မိနစ် ၄၀ ကြာ ဗွီဒီယိုတခု ထုတ်ဝေအပြီး ရက်ပိုင်းအတွင်းမှာ မြန်မာဟက်ကာအုပ်စုလို့ ယူဆဖွယ်ရှိတဲ့ blink hacker group နာမည်နဲ့ ထိုင်းရဲတပ်ဖွဲ့ အေဂျင်စီ ၀ပ်ဆိုဒ်တွေ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
Anonymous ဟက်ကာအုပ်စုဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကလည်း ထိုင်းနိုင်ငံထဲ အင်တာနက်ဂိတ်ဝေး တခုတည်းထားရှိမယ့် အစီအစဉ်အပေါ် ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းအစိုးရရဲ့ အတွင်းစည်း လုံခြုံရေးကွန်ရက်တွေနဲ့ တော်ဝင်ရဲတပ်ဖွဲ့ရဲ့ အချက်အလက်သိုမှီးရာ ဒေတာဘေ့စ်ဆာဗာတွေကို သတိပေးတိုက်ခိုက်ခဲ့ပါသေးတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template